This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေဖာ့စ္ဘတ္Forsbergရဲ႕ဂုိးနဲ႔ ကြာတားဖုိင္နယ္တက္ခဲ့တဲ့ ဆြီဒင္

ဆြီဒင္အသင္းဟာ ကြင္းလယ္တိုက္စစ္မွဴး ေဖာ့စ္ဘတ္ Forsberg ရဲ႕ အႏုိင္ဂုိးေၾကာင့္ ကြာတားဖုိင္နယ္အဆင့္ကုိ တက္လွမ္းႏုိင္ခဲ့ပါတယ္။ ႏွစ္သင္းစလုံးဟာ ေျခညီတဲ့အသင္းေတြျဖစ္တာေၾကာင့္ အျပန္အလွန္ထုိးေဖာက္မႈေတြ လုပ္ခဲ့ၿပီး ဆြစ္ဇာလန္အသင္းက ေဘာလုံးပုိင္ဆုိင္မႈအသာနဲ႔ကစားႏုိင္ခဲ့တယ္။ ဒါေပမဲ့ ဆြီဒင္အသင္းက ဂုိးသြင္းခြင့္ေတြ ပုိရခဲ့ၿပီး မားကပ္စ္ဘာ့ဂ္၊ တြိဳင္ဗုိနန္တို႔လဲြေခ်ာ္ခဲ့လုိ႔သာ ဂုိးေစာေစာမရခဲ့တာပါ။ ဆြီဒင္အသင္းအတြက္ ကံေကာငး္ခဲ့တာက ပဲြခ်ိန္(၆၆)မိနစ္မွာ တိုက္စစ္ကစားသမား ေဖာ့စ္ဘတ္ရဲ႕ ကန္ခ်က္ ဆြစ္ဇာလန္ကစားသမားနဲ႔ထိၿပီး လမ္းေၾကာင္းေျပာငး္ ၀င္သြားခဲ့တာပါ။ လက္က်န္မိနစ္ေတြမွာေတာ့ ဆြီဒင္အသင္းက အႏုိင္ဂုိးကုိထိန္းၿပီး ကစားသြားတာေၾကာင့္ ကြာတားဖုိင္နယ္အဆင့္ကို ေရာက္ရွိခဲ့ပါတယ္။ ဆြီဒင္အသင္းဟာ အဂၤလန္-ကုိလံဘီယာနဲ႔ပဲြက အႏုိင္ရတဲ့အသင္းနဲ႔ ကြာတားဖုိင္နယ္မွာ ဆုံေတြ႕မွာျဖစ္ပါတယ္။

Photo:FIFA World Cup
Naing Linn(Akhayar)

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဖော့စ်ဘတ်Forsbergရဲ့ဂိုးနဲ့ ကွာတားဖိုင်နယ်တက်ခဲ့တဲ့ ဆွီဒင်

ဆွီဒင်အသင်းဟာ ကွင်းလယ်တိုက်စစ်မှူး ဖော့စ်ဘတ် Forsberg ရဲ့ အနိုင်ဂိုးကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ခြေညီတဲ့အသင်းတွေဖြစ်တာကြောင့် အပြန်အလှန်ထိုးဖောက်မှုတွေ လုပ်ခဲ့ပြီး ဆွစ်ဇာလန်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဆွီဒင်အသင်းက ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပြီး မားကပ်စ်ဘာ့ဂ်၊ တွိုင်ဗိုနန်တို့လွဲချော်ခဲ့လို့သာ ဂိုးစောစောမရခဲ့တာပါ။ ဆွီဒင်အသင်းအတွက် ကံကောင်းခဲ့တာက ပွဲချိန်(၆၆)မိနစ်မှာ တိုက်စစ်ကစားသမား ဖော့စ်ဘတ်ရဲ့ ကန်ချက် ဆွစ်ဇာလန်ကစားသမားနဲ့ထိပြီး လမ်းကြောင်းပြောင်း ဝင်သွားခဲ့တာပါ။ လက်ကျန်မိနစ်တွေမှာတော့ ဆွီဒင်အသင်းက အနိုင်ဂိုးကိုထိန်းပြီး ကစားသွားတာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ဆွီဒင်အသင်းဟာ အင်္ဂလန်-ကိုလံဘီယာနဲ့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ကွာတားဖိုင်နယ်မှာ ဆုံတွေ့မှာဖြစ်ပါတယ်။

Photo:FIFA World Cup
Naing Linn(Akhayar)