[Zawgyi]

အီရတ္အသင္းကို တာဝန္ယူကိုင္တြယ္ေတာ့မယ့္ အဲရစ္ဆင္ Eriksson

အဂၤလန္အသင္းရဲ႕ နည္းျပေဟာင္း အဲရစ္ဆင္ Eriksson ဟာ အီရတ္အသင္းကို တာဝန္ယူကိုင္တြယ္ေတာ့မွာ ျဖစ္ပါတယ္။ အီရတ္နည္းျပရာထူးအတြက္ ဝါရင့္နည္းျပ အဲရစ္ဆင္ Eriksson နဲ႔ သေဘာတူညီမႈရရွိခဲ့ၿပီးျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ၿပီး လာမယ့္ရက္ပိုင္းအတြင္း တရားဝင္ေၾကညာမႈေတြ ျပဳလုပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲက တူရကီႏိုင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕မွာ အီရတ္ေဘာလံုးအဖြဲ႔ခ်ဳပ္ တာဝန္ရွိသူေတြနဲ႔ အဲရစ္ဆင္ Eriksson တို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့တာပါ။ အဲရစ္ဆင္ Eriksson ရဲ႕ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္တစ္ဦးျဖစ္တဲ့ ယူဘီ Rubie က အခုတစ္ပတ္အတြင္း အဲရစ္ဆင္ Eriksson က သူ႔ရဲ႕အနာဂတ္ကို ဆံုးျဖတ္သြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ၿပီး ရက္ပိုင္းအၾကာမွာပဲ အီရတ္အသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ပါတယ္။

former-England-boss-held-positive-talks-with-Iraq-FA-officials-in-Istanbul

former-England-boss-held-positive-talks-with-Iraq-FA-officials-in-Istanbul

၂၀၀၁ ခုႏွစ္ကေန ၂၀၀၆ ခုႏွစ္အထိ အဂၤလန္အသင္းကို ကိုင္တြယ္ခဲ့တဲ့ အဲရစ္ဆင္ Eriksson ကို အာရွကိုယ္စားျပဳ အသင္းတစ္သင္းျဖစ္တဲ့ အီရတ္အသင္းမွာ ျမင္ေတြ႔ရေတာ့မွာပါ။ အဲရစ္ဆင္ Eriksson ဟာ နည္းျပဘဝတစ္ေလွ်ာက္ မန္စီးတီး၊ လက္စတာ၊ မကၠဆီကို၊ အိုင္ဗရီကို႔စ္တို႔လို အသင္းေတြကို ကိုင္တြယ္ခဲ့သလို တရုတ္စူပါလိဂ္မွာလည္း က်င္လည္ခဲ့ပါတယ္။ အဲရစ္ဆင္ Eriksson ကိုင္တြယ္သြားမယ့္ အီရတ္အသင္းဟာ လက္ရွိကမၻာ႔အဆင့္ရပ္တည္မႈ (၈၉)ေနရာမွာ ရပ္တည္ေနၿပီး အာရွဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရရွိဖို႔ ပစ္မွတ္ထားေနခဲ့တာျဖစ္ပါတယ္။ အီရတ္အသင္းအေနနဲ႔ အာရွဖလားအုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဇန္နဝါရီလ (၄)ရက္ေန႔မွာ ပါလစၥတိုင္းအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

REF:Sky Sports
Photo:Essence of Light Photography, Sky Sports
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အီရတ်အသင်းကို တာဝန်ယူကိုင်တွယ်တော့မယ့် အဲရစ်ဆင် Eriksson

အင်္ဂလန်အသင်းရဲ့ နည်းပြဟောင်း အဲရစ်ဆင် Eriksson ဟာ အီရတ်အသင်းကို တာဝန်ယူကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။ အီရတ်နည်းပြရာထူးအတွက် ဝါရင့်နည်းပြ အဲရစ်ဆင် Eriksson နဲ့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း တရားဝင်ကြေညာမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲက တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ အီရတ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ အဲရစ်ဆင် Eriksson တို့ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာပါ။ အဲရစ်ဆင် Eriksson ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ယူဘီ Rubie က အခုတစ်ပတ်အတွင်း အဲရစ်ဆင် Eriksson က သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အီရတ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

former-England-boss-held-positive-talks-with-Iraq-FA-officials-in-Istanbul

former-England-boss-held-positive-talks-with-Iraq-FA-officials-in-Istanbul

၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အင်္ဂလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ အဲရစ်ဆင် Eriksson ကို အာရှကိုယ်စားပြု အသင်းတစ်သင်းဖြစ်တဲ့ အီရတ်အသင်းမှာ မြင်တွေ့ရတော့မှာပါ။ အဲရစ်ဆင် Eriksson ဟာ နည်းပြဘဝတစ်လျှောက် မန်စီးတီး၊ လက်စတာ၊ မက္ကဆီကို၊ အိုင်ဗရီကို့စ်တို့လို အသင်းတွေကို ကိုင်တွယ်ခဲ့သလို တရုတ်စူပါလိဂ်မှာလည်း ကျင်လည်ခဲ့ပါတယ်။ အဲရစ်ဆင် Eriksson ကိုင်တွယ်သွားမယ့် အီရတ်အသင်းဟာ လက်ရှိကမ္ဘာ့အဆင့်ရပ်တည်မှု (၈၉)နေရာမှာ ရပ်တည်နေပြီး အာရှဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ အီရတ်အသင်းအနေနဲ့ အာရှဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇန်နဝါရီလ (၄)ရက်နေ့မှာ ပါလစ္စတိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

REF:Sky Sports
Photo:Essence of Light Photography, Sky Sports
Aung Kyaw Wai (Akhayar)
www.akhayar.com