[ZawGyi]

Park Bo Gum နဲ႔ Drama ဇာတ္ကားသစ္႐ိုက္ကူးေတာ့မယ့္ Suzy

SBS Drama ကားသစ္ျဖစ္လာမယ့္ People of Incheon Airport Drama ဇာတ္လမ္းမွာ ပ်ိဳတိုင္းႀကိဳက္တဲ့ မင္းသားေခ်ာေလး Park Bo Gum နဲ႔ ေယာက္်ားထုတိုင္းကို ေႀကြေစတဲ့ အဆိုေတာ္မင္းသမီးေခ်ာေလး Suzy တို႔တြဲဖက္သ႐ုပ္ေဆာင္ေတာ့မယ္ဆိုျပီး သတင္းေတြေတာ့ထြက္လာပါၿပီ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

၂ေယာက္လံုးကေတာ့ ဒီဇာတ္ကားနဲ႔ ပတ္သက္ၿပီး ေခါင္းေဆာင္မင္းသား၊ မင္းသမီး အျဖစ္ သ႐ုပ္ေဆာင္ဖို႔ ေကာင္းမြန္တဲ့ေဆြးေႏြးခ်က္ေတြရွိခဲ့ေပမယ့္ ၂ဖက္လံုးရဲ႕ တာဝန္ရွိသူေတြကေတာ့ အတည္ျပဳဖို႔ တရားဝင္မေၾကျငာေသးပါဘူး။

ဒီ႐ုပ္သံဇာတ္လမ္းကို Incheon အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ အေျခတည္မွာျဖစ္ၿပီး ေလဆိပ္မွာအလုပ္လုပ္တဲ့လူေတြရဲ႕ ေနာက္ခံအေျခအေနအမ်ိဳးမ်ိဳး၊ ကမ႓ာအႏွံ႔က လူေတြနဲ႔ ဆက္ဆံရတဲ့ အေျခအေနအမ်ိဳးမ်ိဳးကို ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

႐ိုက္ကူးျဖစ္ခဲ့ရင္ Park Bo Gum ကေတာ့ ေလဆိပ္တစ္ခုလံုးရဲ႕ စီမံခန္႔ခြဲဌာနက ဝန္ထမ္း Kang Kichan ေနရာက ပါဝင္ရမွာျဖစ္ၿပီး Suzy ကေတာ့ အမွားေတြအမ်ားႀကီးလုပ္တတ္တဲ့ ေလဆိပ္ခရီးသည္ ဝန္ေဆာင္မႈဌာနဝန္ထမ္းအေနနဲ႔ သ႐ုပ္ေဆာင္ရမွာပါ။

ဒီသတင္းထြက္လာတာနဲ႔ ပရိသတ္ေတြၾကားထဲမွာေတာ့ စိတ္ဝင္စားမႈေတြ၊ စိတ္လႈပ္ရွားမႈေတြ ျပည့္ႏွက္ေနၾကပါတယ္။ မင္းသားမင္းသမီး ၂ေယာက္လံုးဟာ အရင္႐ိုက္ကူးခဲ့တဲ့ ဇာတ္လမ္းတြဲေတြတိုင္းမွာ တြဲဖက္မင္းသားမင္းသမီးေတြနဲ႔ သ႐ုပ္ေဆာင္ခ်က္ေတြ ပီျပင္လြန္းလို႔ နာမည္ႀကီးေနတာေၾကာင့္ပါပဲ။

Suzy ဆိုရင္ တြဲဖက္႐ိုက္ကူးခဲ့တဲ့ မင္းသားေတာ္ေတာ္မ်ားမ်ားနဲ႔ ခ်စ္သူျဖစ္ခဲ့ၿပီး Park Bo Gum ဟာဆိုရင္လည္း Love in the Moonlight ဇာတ္ကားထဲက မင္းသမီးေခ်ာေလး Kim YooJung နဲ႔ ပရိသတ္ေတြ သေဘာတူၿပီး “Booyoo” Couple လို႔ တင္စားခံရတဲ့ထိကို ေအာင္ျမင္ခဲ့ပါတယ္။

ဒီတစ္ခါေတာ့ ဒီဒိတ္ဒိတ္ႀကဲ ၂ဦးလံုးရဲ႕ ပရိသတတ္ေတြ ရင္ထိတ္ရဦးမလား? သ႐ုပ္ေဆာင္ရင္း သံေယာဇဥ္တြယ္တာမႈေလးေတြ ရွိလာဦးမလား? ပရိသတ္ေတြ သေဘာတူခံရဦးမွာလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲပါပဲ။

EiEiKhineMinn ( Akhayar )

[Unicode]

Park Bo Gum နဲ့ Drama ဇာတ်ကားသစ်ရိုက်ကူးတော့မယ့် Suzy

SBS Drama ကားသစ်ဖြစ်လာမယ့် People of Incheon Airport Drama ဇာတ်လမ်းမှာ ပျိုတိုင်းကြိုက်တဲ့ မင်းသားချောလေး Park Bo Gum နဲ့ ယောက်ျားထုတိုင်းကို ကြွေစေတဲ့ အဆိုတော်မင်းသမီးချောလေး Suzy တို့တွဲဖက်သရုပ်ဆောင်တော့မယ်ဆိုပြီး သတင်းတွေတော့ထွက်လာပါပြီ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

၂ယောက်လုံးကတော့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ခေါင်းဆောင်မင်းသား၊ မင်းသမီး အဖြစ် သရုပ်ဆောင်ဖို့ ကောင်းမွန်တဲ့ဆွေးနွေးချက်တွေရှိခဲ့ပေမယ့် ၂ဖက်လုံးရဲ့ တာဝန်ရှိသူတွေကတော့ အတည်ပြုဖို့ တရားဝင်မကြေငြာသေးပါဘူး။

ဒီရုပ်သံဇာတ်လမ်းကို Incheon အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အခြေတည်မှာဖြစ်ပြီး လေဆိပ်မှာအလုပ်လုပ်တဲ့လူတွေရဲ့ နောက်ခံအခြေအနေအမျိုးမျိုး၊ ကမ္ဘာအနှံ့က လူတွေနဲ့ ဆက်ဆံရတဲ့ အခြေအနေအမျိုးမျိုးကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

ရိုက်ကူးဖြစ်ခဲ့ရင် Park Bo Gum ကတော့ လေဆိပ်တစ်ခုလုံးရဲ့ စီမံခန့်ခွဲဌာနက ဝန်ထမ်း Kang Kichan နေရာက ပါဝင်ရမှာဖြစ်ပြီး Suzy ကတော့ အမှားတွေအများကြီးလုပ်တတ်တဲ့ လေဆိပ်ခရီးသည် ဝန်ဆောင်မှုဌာနဝန်ထမ်းအနေနဲ့ သရုပ်ဆောင်ရမှာပါ။

ဒီသတင်းထွက်လာတာနဲ့ ပရိသတ်တွေကြားထဲမှာတော့ စိတ်ဝင်စားမှုတွေ၊ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေကြပါတယ်။ မင်းသားမင်းသမီး ၂ယောက်လုံးဟာ အရင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေတိုင်းမှာ တွဲဖက်မင်းသားမင်းသမီးတွေနဲ့ သရုပ်ဆောင်ချက်တွေ ပီပြင်လွန်းလို့ နာမည်ကြီးနေတာကြောင့်ပါပဲ။

Suzy ဆိုရင် တွဲဖက်ရိုက်ကူးခဲ့တဲ့ မင်းသားတော်တော်များများနဲ့ ချစ်သူဖြစ်ခဲ့ပြီး Park Bo Gum ဟာဆိုရင်လည်း Love in the Moonlight ဇာတ်ကားထဲက မင်းသမီးချောလေး Kim YooJung နဲ့ ပရိသတ်တွေ သဘောတူပြီး “Booyoo” Couple လို့ တင်စားခံရတဲ့ထိကို အောင်မြင်ခဲ့ပါတယ်။

ဒီတစ်ခါတော့ ဒီဒိတ်ဒိတ်ကြဲ ၂ဦးလုံးရဲ့ ပရိသတတ်တွေ ရင်ထိတ်ရဦးမလား? သရုပ်ဆောင်ရင်း သံယောဇဉ်တွယ်တာမှုလေးတွေ ရှိလာဦးမလား? ပရိသတ်တွေ သဘောတူခံရဦးမှာလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲပါပဲ။

EiEiKhineMinn ( Akhayar )