[Zawgyi]
Suzuki Swift Launch
Sporty Design
Touch Display
Auto A/C
Comfort Ride
Cockpit of New Swift
Luggage Compartment
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
Apple CarPlay နဲ့ Android Auto ပါတဲ့ Swift ကားအသစ်တွေကို Suzuki မိတ်ဆက်ပြီ
Suzuki ကားတွေက ပြည်တွင်းက ကားပရိသတ်အတွက်တော့ ရင်းနှီးပြီးသား Japan Brand တစ်ခုဖြစ်နေပါပြီ။ အခုတော့ Suzuki ရဲ့ လူကြိုက်အများဆုံး Model လို့ပြောလို့ရတဲ့ Swift ကားအသစ်တွေကို ပြည်တွင်းဈေးကွက်အတွက် အောက်တိုဘာ ၁၅ တနင်္လာနေ့၊ မြန်မာပလာဇာမှာ တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။ 
Suzuki Swift Launch
Suzuki Swift တွေက သေးငယ်ကျစ်လစ်တာ၊ တောင့်တင်းမှုရှိတာနဲ့ မြို့တွင်းအတွက် လမ်းတိုင်းနီးပါးမှာ ဝင်ရထွက်ရ လွယ်ကူတာကြောင့် လူငယ်တွေနဲ့ လူလတ်ပိုင်းတွေ သဘောအကျဆုံး Suzuki ကားတွေအဖြစ် ဈေးကွက်မှာ နေရာရပါတယ်။ Suzuki Swift အသစ်တွေမှာတော့ ပိုပြီး လူငယ်ဆန်တဲ့ Sporty Design ကိုပေါ်လွင်အောင် ဖန်တီးပေးထားတာကြောင့် အများကြီးပိုလှလာပါပြီ။ 
Sporty Design
မိတ်ဆက်သွားတဲ့အချိန်မှာ အဓိကပြောသွားတာကတော့ Fun & Sporty ဆိုတဲ့ အချက်နှစ်ချက်ပါ။ သူတို့ပြောတဲ့အတိုင်းပဲ Suzuki Swift ကားအသစ်တွေဟာ လမ်းပေါ်မှာမောင်းနှင်တဲ့အခါ ပျော်စရာကောင်းပြီး ပြိုင်ကားဆန်တဲ့ခံစားချက်၊ အငွေ့အသက်တွေကို ခံစားနိုင်စေဖို့ သေချာ Design ဆွဲပေးထားတာဖြစ်ပါတယ်။
Interior Design with White Trims
အတွင်းခန်းမှာဆိုရင်လည်း လူငယ်တွေသဘောကျမယ့် အပြင်အဆင်နဲ့ Cockpit ပိုင်းမှာလည်း လှပအောင် ဖန်တီးပေးထားသလို Dashboard တစ်လျှောက်နဲ့ တံခါးဘောင်တွေမှာလည်း အဖြူရောင် Trim Line တွေထည့်ပေးထားတာကြောင့် သဘောကျချင်စရာ အတွင်းခန်းတစ်ခုကိုတွေ့ရမှာပါ။ 
Touch Display
Media ပိုင်းအတွက်တော့ iPhone အသုံးပြုသူတွေအတွက် Apple CarPlay ပါသလို Android အသုံးပြုသူတွေအတွက် Android Auto ပါဝင်ပါတယ်။ အဲ့ဒီ Feature တွေပါလာတာကြောင့် ကားရဲ့ Dashboard ပေါ်က Screen မှာပဲ Google Maps နဲ့ Waze လို မြေပုံ App တွေကို အလွယ်တကူ သုံးလာနိုင်တော့မှာဖြစ်သလို ကားမောင်းရင်း ဖုန်းပြောဖို့လည်း အရင်ကထက် ပိုလွယ်လာမှာပါ။
Auto A/C
A/C အတွက်လည်း Luxury ကားတော်တော်များများမှာတွေ့ရတတ်တဲ့ Auto ချိန်ပေးတဲ့ဟာကို အခု Suzuki အသစ်တွေမှာ ထည့်ပေးလာပါပြီ။ 
Comfort Ride
Swift အသစ်တွေမှာ တပ်ပေးထားတဲ့ ထိုင်ခုံတွေက မောင်းနှင်သူအတွက်ရော ခရီးသည်အတွက်ပါ သက်တောင့်သက်သာရှိစေမှာပါ။ နောက်ဖက်မှာလည်း Hatchback ကားဖြစ်တာနဲ့အညီ ပစ္စည်းထည့်ဖို့ အတွက် Cargo Compartment ကို သေချာလုပ်ပေးထားပေါသေးတယ်။ နောက်ဖက်က ခရီးသည်ထိုင်ခုံတွေကို ခေါက်သိမ်းပြီး ပစ္စည်းထပ်တင်ဖို့အတွက် အသုံးပြုနိုင်ပါသေးတယ်။ အဲ့ဒီအပြင် ပစ္စည်းအတွက်လည်း Privacy Cover လေးတပ်ပေးထားပါသေးတယ်။
Cockpit of New Swift
ပြည်တွင်းဈေးကွက်အတွက် မိတ်ဆက်ပေးထားတာတွေကတော့ Suzuki Swift GL နဲ့ GLX ဆိုပြီး Model နှစ်မျိုးရှိပါတယ်။ Model နှစ်မျိုးလုံးမှာ တူညီတာတွေကတော့ 1.2 Litre Engine ၊ CVT Transmission ဖြစ်ပြီးတော့ အတွင်းခန်း အပြင်အဆင်အပါအဝင် Alloy ခွေ၊ Push Start ၊ Cruise Control ၊ Daytime Running Lights ၊ LED ရှေ့မီးတွေနဲ့ Touch Screen တွေကတော့ GLX Model မှာပဲ ပါလာမှာပါ။ Swift အနက်ရောင်ကိုလည်း GLX Model မှာပဲ ရနိုင်မှာဖြစ်တာကြောင့် GL မှာ ပုလဲနီရောင်နဲ့ နှင်းပုလဲရောင်ကိုပဲ ရနိုင်မှာဖြစ်ပါတယ်။ Safety အတွက်တော့ လေအိတ်နှစ်လုံးနဲ့ EBD ၊ ABS စနစ်တွေ ပါဝင်မှာဖြစ်ပါတယ်။
Luggage Compartment
GL Model တွေကိုတော့ ၁၉၉ သိန်းနဲ့ စတင်ရောင်းချပေးမှာဖြစ်ပြီး GLX Model တွေကိုတော့ ၂၂၉ သိန်းနဲ့  စတင်ရောင်းချပေးသွားမယ်လု့ိ သိရပါတယ်။ အခုဖော်ပြထားတဲ့ဈေးတွေကတော့ ကညနခွန်နဲ့ ဝင်ငွေခွန် မပါသေးပါဘူး။ အများဆုံး ၇ နှစ်အထိ အရစ်ကျစနစ်နဲ့လည်း ရောင်းချပေးသွားဦးမယ်လို့လည်း သိရပါတယ်။  Swift ကားအသစ်တွေကတော့ ၅ ယောက်စီး Hatchback ကားထဲမှာတော့ ရွေးချယ်စရာအသစ်ဖြစ်လာပါပြီ။ 
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။