[Zawgyi]

အိမ္ကြင္းပရိသတ္ေရွ႕ေမွာက္မွာ အေကာင္းဆံုးစြမ္းေဆာင္ျပခဲ႔တဲ႔ ျမန္မာ

AFF Suzuki Cup ျပိဳင္ပြဲ အုပ္စု(က)ရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ႔ ျမန္မာအသင္းနဲ႔ ကေမၻာဒီးယားအသင္းတို႔ရဲ႕ပြဲစဥ္မွာေတာ႔ ျမန္မာအသင္းဟာ အိမ္ကြင္းမွာ ( ၄ – ၁ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ ျမန္မာအသင္းဟာ ဒီပြဲမွာ အရံႈးကေနျပန္လာျပီး အေကာင္းဆံုးစြမ္းေဆာင္ႏိုင္ခဲ႔တာေၾကာင္႔ ပရိသတ္ေတြအေနနဲ႔ ရင္ခုန္စရာေတြကိုခံစားခဲ႔ၾကရပါတယ္။

ျမန္မာ ၄ – ၁ ကေမၻာဒီးယား

Myanmar-4-1-Cambodia

Myanmar-4-1-Cambodia

ဒီပြဲမွာ ျမန္မာအသင္းရဲ႕ အဓိကတိုက္စစ္မွဴး ေအာင္သူဟာ ပြဲထြက္လူစာရင္းမွာပါ၀င္ခဲ႔ျခင္းမရိွခဲ႔ဘဲ အသင္းရဲ႕ အေထာင္တိုက္စစ္ေနရာမွာေတာ႔ ဇင္မင္းထြန္းက ပြဲထြက္ပါ၀င္လာခဲ႔ပါတယ္။ ပထမပိုင္းမွာ ျမန္မာအသင္းဟာ ကေမၻာဒီးယားကို ပိုဖိကစားႏိုင္ခဲ႔ေပမယ္႔ ထိေရာက္တဲ႔ ထိုးေဖာက္တိုက္စစ္ဆင္မႈေတြ မျပဳလုပ္ႏိုင္ခဲ႔ပါဘူး။ ျမန္မာအသင္းရဲ႕ ခံစစ္ပိုင္းဟာလည္း လိုအပ္ခ်က္ေတြရိွေနခဲ႔ျပီး ေပးလိုက္ရတဲ႔ ဂိုးဟာလည္း ကြင္းလယ္နဲ႔ ခံစစ္အားနည္းမႈေၾကာင္႔ ေပးလိုက္ရတာပါ။ ကေမၻာဒီးယားအသင္းအတြက္ ဂိုးကိုေတာ႔ ပြဲခ်ိန္(၂၃)မိနစ္မွာ Chan Vathanaka ကသြင္းယူေပးခဲ႔တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ႔ ျမန္မာအသင္းဟာ ရန္ႏိုင္ဦးအစား ေအာင္သူကိုထည္႔သြင္းျပီး တိုက္စစ္ကိုပိုျမွင္႔တင္ကစားခဲ႔ပါတယ္။ ေအာင္သူ၀င္လာျပီးေနာက္ပိုင္းမွာေတာ႔ ျမန္မာအသင္းဟာ ပထမပိုင္းကထက္ ျပိဳင္ဘက္ကိုပိုဖိအားေပးကစားႏိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္(၅၄)မိနစ္မွာေတာ႔ ေအာင္သူထည္႔ေပးလိုက္တဲ႔ ေဘာလံုးကို ဇင္မင္းထြန္း အဆံုးသတ္ဖို႔ အခြင္႔အေရးရခဲ႔ေပမယ္႔ တိုင္ေဘးကပ္ထြက္ခဲ႔တာေၾကာင္႔ ျမန္မာအသင္းအေနနဲ႔ နစ္နာခဲ႔ရပါတယ္။ ပြဲခ်ိန္(၆၀)မိနစ္မွာေတာ႔ ျမန္မာအသင္းေခ်ပဂိုးရရိွခဲ႔ျပီး ဘယ္ေတာင္ပံကေန သိန္းသန္း၀င္းရဲ႕ ျဖတ္တင္ေပးပို႔လိုက္တဲ႔ ေဘာလံုးကို လိႈင္းဘိုဘို ကေျပး၀င္ပိတ္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။

Myanmar-Fans

Myanmar-Fans

ပြဲခ်ိန္(၆၈)မိနစ္မွာေတာ႔ ျမန္မာအသင္း ပယ္နယ္တီရရိွခဲ႔ျပီး ေအာင္သူကန္သြင္းခဲ႔ေပမယ္႔ ကေမၻာဒီးယားဂိုးသမား Keo Soksela လက္စြမ္းျပကာကြယ္ႏိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္မိနစ္(၇၀)မွာေတာ႔ ျမန္မာအသင္းဒုတိယဂိုးရရိွခဲ႔ျပီး ကေမၻာဒီးယားဂိုးသမား Keo Soksela ရဲ႕အမွားကေန ရရိွလာတဲ႔ အခြင္႔အေရးကို လူစား၀င္တိုက္စစ္မွဴးက သန္းထက္ေအာင္က သြင္းယူခဲ႔တာပါ။ ကေမၻာဒီးယားအသင္းဟာ ေခ်ပဂိုးရရိွဖို႔ တိုက္စစ္ကိုျမွင္႔တင္ျပီး ထိုးေဖာက္မႈေတြပိုလုပ္ခဲ႔ေပမယ္႔ ျမန္မာဂိုးသမား ေက်ာ္ဇင္ထက္ လက္စြမ္းျပကာကြယ္မႈေတြျပဳလုပ္ႏိုင္ပါတယ္။ပြဲခ်ိန္(၈၇)မိနစ္မွာေတာ႔ ျမန္မာအသင္း တတိယဂိုးရရိွခဲ႔ျပီး သန္းထက္ေအာင္ခ်ိဳးေပးတဲ႔ ေဘာလံုးကို ေမာင္ေမာင္လြင္ကန္သြင္းရာမွာ ကေမၻာဒီးယားဂိုးသမား Keo Soksela ပုတ္ထုတ္ခဲ႔လိုက္တဲ႔ အခ်ိန္မွာ စည္သူေအာင္ ကပိတ္သြင္းယူခဲ႔တာပဲျဖစ္ပါတယ္။ ျမန္မာအသင္းအတြက္ စတုတၳဂိုးကိုေတာ႔ ပြဲခ်ိန္(၉၃)မိနစ္မွာ လိႈင္းဘိုဘို ကသြင္းယူခဲ႔တာျဖစ္ျပီး ဒီဂိုးဟာသူ႔အတြက္ ဒီေန႔ပြဲစဥ္ရဲ႕ ဒုတိယဂိုးလည္းျဖစ္ခဲ႔ပါတယ္။

Photo: FOX Sports Asia , Suzuki Cup Website
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ အကောင်းဆုံးစွမ်းဆောင်ပြခဲ့တဲ့ မြန်မာ

AFF Suzuki Cup ပြိုင်ပွဲ အုပ်စု(က)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ရဲ့ပွဲစဉ်မှာတော့ မြန်မာအသင်းဟာ အိမ်ကွင်းမှာ ( ၄ – ၁ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းဟာ ဒီပွဲမှာ အရှုံးကနေပြန်လာပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ရင်ခုန်စရာတွေကိုခံစားခဲ့ကြရပါတယ်။

မြန်မာ ၄ – ၁ ကမ္ဘောဒီးယား

Myanmar-4-1-Cambodia

Myanmar-4-1-Cambodia

ဒီပွဲမှာ မြန်မာအသင်းရဲ့ အဓိကတိုက်စစ်မှူး အောင်သူဟာ ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ခြင်းမရှိခဲ့ဘဲ အသင်းရဲ့ အထောင်တိုက်စစ်နေရာမှာတော့ ဇင်မင်းထွန်းက ပွဲထွက်ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းဟာ ကမ္ဘောဒီးယားကို ပိုဖိကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ မြန်မာအသင်းရဲ့ ခံစစ်ပိုင်းဟာလည်း လိုအပ်ချက်တွေရှိနေခဲ့ပြီး ပေးလိုက်ရတဲ့ ဂိုးဟာလည်း ကွင်းလယ်နဲ့ ခံစစ်အားနည်းမှုကြောင့် ပေးလိုက်ရတာပါ။ ကမ္ဘောဒီးယားအသင်းအတွက် ဂိုးကိုတော့ ပွဲချိန်(၂၃)မိနစ်မှာ Chan Vathanaka ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာ ရန်နိုင်ဦးအစား အောင်သူကိုထည့်သွင်းပြီး တိုက်စစ်ကိုပိုမြှင့်တင်ကစားခဲ့ပါတယ်။ အောင်သူဝင်လာပြီးနောက်ပိုင်းမှာတော့ မြန်မာအသင်းဟာ ပထမပိုင်းကထက် ပြိုင်ဘက်ကိုပိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်(၅၄)မိနစ်မှာတော့ အောင်သူထည့်ပေးလိုက်တဲ့ ဘောလုံးကို ဇင်မင်းထွန်း အဆုံးသတ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် တိုင်ဘေးကပ်ထွက်ခဲ့တာကြောင့် မြန်မာအသင်းအနေနဲ့ နစ်နာခဲ့ရပါတယ်။ ပွဲချိန်(၆၀)မိနစ်မှာတော့ မြန်မာအသင်းချေပဂိုးရရှိခဲ့ပြီး ဘယ်တောင်ပံကနေ သိန်းသန်းဝင်းရဲ့ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို လှိုင်းဘိုဘို ကပြေးဝင်ပိတ်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။

Myanmar-Fans

Myanmar-Fans

ပွဲချိန်(၆၈)မိနစ်မှာတော့ မြန်မာအသင်း ပယ်နယ်တီရရှိခဲ့ပြီး အောင်သူကန်သွင်းခဲ့ပေမယ့် ကမ္ဘောဒီးယားဂိုးသမား Keo Soksela လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန်မိနစ်(၇၀)မှာတော့ မြန်မာအသင်းဒုတိယဂိုးရရှိခဲ့ပြီး ကမ္ဘောဒီးယားဂိုးသမား Keo Soksela ရဲ့အမှားကနေ ရရှိလာတဲ့ အခွင့်အရေးကို လူစားဝင်တိုက်စစ်မှူးက သန်းထက်အောင်က သွင်းယူခဲ့တာပါ။ ကမ္ဘောဒီးယားအသင်းဟာ ချေပဂိုးရရှိဖို့ တိုက်စစ်ကိုမြှင့်တင်ပြီး ထိုးဖောက်မှုတွေပိုလုပ်ခဲ့ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ထက် လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်နိုင်ပါတယ်။ပွဲချိန်(၈၇)မိနစ်မှာတော့ မြန်မာအသင်း တတိယဂိုးရရှိခဲ့ပြီး သန်းထက်အောင်ချိုးပေးတဲ့ ဘောလုံးကို မောင်မောင်လွင်ကန်သွင်းရာမှာ ကမ္ဘောဒီးယားဂိုးသမား Keo Soksela ပုတ်ထုတ်ခဲ့လိုက်တဲ့ အချိန်မှာ စည်သူအောင် ကပိတ်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ မြန်မာအသင်းအတွက် စတုတ္ထဂိုးကိုတော့ ပွဲချိန်(၉၃)မိနစ်မှာ လှိုင်းဘိုဘို ကသွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးဟာသူ့အတွက် ဒီနေ့ပွဲစဉ်ရဲ့ ဒုတိယဂိုးလည်းဖြစ်ခဲ့ပါတယ်။

Photo: FOX Sports Asia , Suzuki Cup Website
Ko Kyue(Akhayar)
www.akhayar.com