Apple ရဲ့ iPhone အသစ်ဖြစ်တဲ့ iPhone 8 ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၀၀၀ အထိ ရှိလာမယ့် စမတ်ဖုန်းတစ်လုံး အဖြစ်ထွက်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီအချိန်မှာ စစ်တမ်းတစ်ခုအရ Apple ရဲ့ customer တွေအနေနဲ့ ဒီဈေးနှုန်းနဲ့ iPhone အသစ်ကိုဝယ်ယူဖို့အတွက် အံ့အားသင့်ဖွယ် အဆင်သင့်ဖြစ်နေကြကြောင်း ဖော်ပြခဲ့ပါတယ်။
Joker (Akhayar)
Ref: Techno Buffalo
iPhone ပိုင်ရှင်တွေ ဒေါ်လာ ၁၀၀၀ တန် iPhone 8 အသစ်ကိုဝယ်ဖို့ ဝန်မလေးကြ
Apple ရဲ့ iPhone အသစ်ဖြစ်တဲ့ iPhone 8 ဟာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁၀၀၀ အထိ ရှိလာမယ့် စမတ်ဖုန်းတစ်လုံး အဖြစ်ထွက်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီအချိန်မှာ စစ်တမ်းတစ်ခုအရ Apple ရဲ့ customer တွေအနေနဲ့ ဒီစျေးနှုန်းနဲ့ iPhone အသစ်ကိုဝယ်ယူဖို့အတွက် အံ့အားသင့်ဖွယ် အဆင်သင့်ဖြစ်နေကြကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီဆာဗေးကို Fluent ဆာဗေးကနေ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူ ၂၀၀၀ခန့်ကို iPhone အသစ်ဝယ်မလား Samsung ဖုန်းသစ်ဝယ်မလားလို့မေးရာမှာ iPhone အသစ်ကိုပဲ Upgrade လုပ်လိုကြောင်း ဖြေကြားခဲ့ကြတာပါ။
iPhone ပိုင်ရှင် ၇၉ရာခိုင်နှုန်းက နောက်လာမယ့် iPhone ကို ဝယ်ဖို့ အဆင်သင့်ဖြစ်နေကြပြီး တခြား ၅၇ာခိုင်နှုန်းကသာ Android ကို ပြောင်းကိုင်ဖို့အတွက် စီစဉ်နေကြတာပါ။ Android Users တွေဟာဆိုရင်လည်း Samsung ကို ဆက်ကိုင်မယ့်သူက ၆၁ရာခိုင်နှုန်းအထိ ရှိပါတယ်။
ဆာဗေးဟာ iPhone အတွက် ဒေါ်လာ ၁၀၀၀ အထိသုံးဖို့ အလိုရှိမရှိမေးခဲ့ရာမှာ iPhone User တွေက ဆက်လက်သုံးစွဲလိုနေတာကို တွေ့ခဲ့ရတာပါ။ ဆာဗေးအရ iPhone owner တွေရဲ့ ၄၀ရာခိုင်နှုန်းဟာ iPhone 8 အတွက် စျေးများတယ်လို့ထင်ခဲ့ကြပြီး၊ ၆၆ရာခိုင်နှုန်းကတော့ ပေးရတဲ့စျေးနဲ့တန်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်ဒီအထဲက ၇၀ရာခိုင်နှုန်းကတော့ ဖုန်းကို ဝယ်ဖို့သဘောတူခဲ့ကြတာပါ။
Joker (Akhayar)
Ref: Techno Buffalo