[Zawgyi]








Stella(Akhayar)

www.Akhayar.com 

[Unicode]

မြင့်မြတ်ကို Surprise လုပ်တာမအောင်မြင်လိုက်တဲ့ ယုန်လေး

Original Gangster ရုပ်ရှင်ဇာတ်ကားတွဲတွေမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ မြင့်မြတ်နဲ့ အဆိုတော်ယုန်လေးတို့ရဲ့ အနုပညာညီအစ်ကိုသံယောဇဉ်ကတော့ ပရိသတ်တွေထင်ထားတာထက် အပြင်မှာပိုပြီး နက်ရှိုင်းကြပါတယ်။ Hip Hop အဆိုတော်၊ သရုပ်ဆောင် ၊ဒါရိုက်တာ ယုန်လေးတစ်ယောက် ဂျင်းကောင်လို့ နာမည်တွင်ထားတဲ့ မင်းသားမြင့်မြတ်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာကိုတွေ့ရပါတယ်။ ဒီနေ့ကျရောက်တဲ့ မြင့်မြတ်ရဲ့ မွေးနေ့မှာ သူမသိအောင် ယုန်လေးတို့အဖွဲ့တွေက Surprise Birthday လေးလုပ်ပေးဖို့ ဝိတိုရိယဆေးရုံကို တိတ်တဆိတ်သွားရောက်ခဲ့ကြပေမယ့် မြင့်မြတ်နဲ့တည့်တည့်တိုးလို့ မအောင်မြင်ခဲ့ဘူးလို့ ယုန်လေးက လူမှုကွန်ရက်အကောင့်မှာ ရေးသားထားပါတယ်။

MyintMyat,Yone Lay, K Nyi

“Happy Birthday . Myint Myat .
Surprise သွားလုပ်တာ မအောင်မြင်သွားဘူး .
ဝိတိုရီယ ဆေးရုံ ခါးတွင်းပေါက်ကနေဆေးလိပ်ထွက်သောက်ရင်း အုပ်လိုက်ကြီး တွေ့သွားတယ် . စီစဉ်သူ ယုန်လေးသေရော . haa haa haaa
မနက်ဖြန် Gangster ပေါက်စလေး လူလောကထဲလာတော့မယ် ” ဆိုပြီး သူတို့ရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ Birthday Wish လုပ်ပေးထားတာတွေ့ရပါတယ်။

ဒီနေ့မှာတော့ မြင့်မြတ်ဟာ မွေးနေ့လည်းဖြစ်၊ဇနီးဖြစ်သူက မီးဖွားတဲ့နေ့လည်းဖြစ်တာကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ် အပျော်တွေနဲ့အတူ ကလေးတစ်ယောက်အဖေဖြစ်သွားပါပြီ။ ဇနီးဖြစ်သူ အားလျန်ဟာ ဝိတိုရိယဆေးရုံမှာ သားယောကျာ်းလေးမွေးဖွားခဲ့တာမို့ မြင့်မြတ်အပါအဝင် ယုန်လေးတို့အပေါင်းသင်းတွေလည်း ပျော်မဆုံးဖြစ်နေကြပါတယ်။

Photos Credit – Kyaw Phone Aung Facebook

Stella(Akhayar)

www.Akhayar.com