Microsoft ကတော့ စာသင်ခန်းတွေဖက်ကို ခြေဦး ပြန်လှည့်လိုက်ပါတယ်။ Microsoft ဟာ မနေ့တုန်းက ပြုလုပ်ခဲ့တဲ့ ပွဲမှာ Software နဲ့ လက်ပ်တော့အသစ်တွေကို ထုတ်လုပ်ပြသပြီး Google က Chromebook နဲ့ ခြေကုပ်ယူထားတဲ့ စာသင်ခန်းတွေရဲ့ အဓိကနေရာတွေကို ပြန်လည် ရယူဖို့ ပြင်ဆင်နေပါတယ်။ ဒီ EDU Event မှာ Microsoft က Surface Laptop လို့ခေါ်တဲ့ လက်ပ်တော့ အသစ်တစ်မျိုးကို ထုတ်လုပ်ပြီး PC အချို့ရဲ့ Partner အဖြစ်နဲ့ ရပ်တည်နိုင်အောင် ပြုလုပ်ခဲ့ပါတယ်။ ဒါဟာဆိုရင် ပြည်တွင်းက စာသင်ကျောင်းတွေမှာ ပြန်လည်အနိုင်ယူနိုင်အောင် ကူညီတဲ့ သဘောတစ်ခုလည်း ဖြစ်ပါတယ်။ Windows စနစ်သုံး PC တွေဟာ Apple ရဲ့ iPod, tn requin pas cher iMac နဲ့ iPhone တွေနဲ့ အတူ ပြန်လည်မစိုးမိုးခင် အချိန်အထိ ကျောင်းတွေမှာ ရေပန်းစားပြီး အသုံးများခဲ့ပါတယ်။ အဲ့ဒီနောက် Google က Chrome OS software နဲ့ အလုပ်လုပ်တဲ့ Chromebooks တွေကို ထုတ်လုပ်လိုက်တဲ့အခါမှာလည်း ကျောင်းတွေက ကျောင်းသားတွေရဲ့ အဓိက အသုံးများတဲ့ ပစ္စည်းတွေ ဖြစ်လာခဲ့ပြန်ပါတယ်။ Chromebooks တွေဟာ ကျောင်းတွေရဲ့ အဓိက ရွေးချယ်စရာတစ်ခုဖြစ်လာတဲ့အခါမှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသားပေါင်း သန်း ၂၀ကျာ်လောက်ဟာ လက်ပ်တော့တွေကို အသုံးပြုခဲ့ကြကြောင်း Google က ဆိုခဲ့ပါတယ်။ Microsoft ကတော့ ဒီအသစ်လွင်ဆုံး လက်ပ်တော့ တွေနဲ့ ဒီရေစီးကြောင်းထဲကို ပြန်လည် ပါဝင်လာခဲ့တာပါ။  

Surface Laptop

Microsoft ဟာ Surface Laptop ကို Surface လို့ အမည်ခံထားတဲ့ hybrid tablet-laptop တွေရဲ့ နောက် ဒုတိယမြောက်အဖြစ် အသုံးပြုခဲ့ပါတယ်။ ‘Surface Laptop’ ကို ဈေးနှုန်း ဒေါ်လာ ၉၉၉ နဲ့ အမေရိကန်ပြည်ထောင်စုမှာ ရောင်းချသွားမှာပါ။ ပစ္စည်းမှာ Intel Core i5 CPU,