Google Slate Tablet သေဆုံးပြီလို့ ကြေညာလိုက်တဲ့နောက်မှာပဲ Surface Laptop သာ Android Application ထောက်ပံ့နိုင်မယ်ဆိုရင် သတင်းကောင်းလို့ပြောရမှာပါ။ ဆောင်းပါးအနေနဲ့ ဖော်ပြဖြစ်တာလည်း Project xCloud နဲ့ Scarlett လို မကြာခင် မိတ်ဆက်လာတော့မယ့် အွန်လိုင်းဂိမ်းမင်းဝန်ဆောင်မှုနဲ့ တခြား Project တွေရှိနေလို့ ဂယနဏဖြစ်သွားအောင် တင်ပြလိုက်တာပါ။

အခုလို Android Apps ထောက်ပံ့လာနိုင်တာကို IHS Markit ရဲ့ Associate Director ဖြစ်သူ Jeff Lin ဆိုသူက ထုတ်ပြောလိုက်တာဖြစ်ပြီး မျက်နှာပြင် ၂ ခုပါ Surface Laptop အသစ်မှာ Windows Core OS နဲ့ မြင်ရဖို့ရှိတယ်လို့ ဆိုပါတယ်။

Photo Credit: Vox-cdn

Windows Core OS ဟာ တနည်းပြောရရင် Android Application အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ OS ဖြစ်ပြီး The Verge နဲ့ Forbes သတင်းဌာနတို့အဆိုရ Centaurus ဟာ လက်ရှိရှင်းပြနေတဲ့ Project လျှို့ဝှက်နာမည်လို့ ပြောထားပါတယ်။ တဆက်ထဲမှာပဲ မျက်နှာပြင် ၂ ဖက်ပါ Surface Laptop နမူနာပုံစံထွက်ပေါ်ခဲ့ပြီး အိတ်ကပ်ထဲ အလွယ်တကူ ထည့်လာနိုင်မယ့် Pocket Version ဖြစ်လာဦးမယ်လို့ သုံးသပ်နေကြပါတယ်။

ဒီလိုသာ Android App ထောက်ပံ့လာနိုင်ပြီး Portable ပိုဆန်လာမယ်ဆိုရင် သေဆုံးသလိုဖြစ်နေတဲ့ Tablet လောကကို Microsoft ပြန်ဦးဆောင်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ The Verge အနေနဲ့လည်း Samsung Galaxy Fold လို ခေါက်လို့ရနိုင်မယ့် အနေထားနဲ့ မြင်ရနိုင်တယ်လို့ ပြောနေတဲ့အတွက် Foldable Tablet လည်းဖြစ်လာနိုင်ပါတယ်။

Photo Credit: Vox-cdn

ဒါကတော့ ခြွင်းချက်အနေနဲ့ သတ်မှတ်လို့ရပြီး တကယ်လို့သာ Android App ထောက်ပံ့မယ်ဆိုရင် ကျနော်တို့ခန့်မှန်းလို့ရတာက Blue Stacks လို Stand Alone ပုံစံနဲ့ သီးသန့် Run ခွင့်ပေးမှာလား? လက်ရှိ Windows 10 မှာ အသုံးပြုနိုင်တဲ့ Your Phone လို Microsoft Account ကို Link ချိတ်ပြီး ဖုန်းနဲ့ကွန်ပျူတာ ဖိုင်တွေ Sharing လုပ်နိုင်တဲ့ App မျိုးဆိုရင်တော့ ပိုကောင်းမယ့် အနေထားရှိတယ်လို့ ထင်မိပါတယ်။

အဲ့ဒါကြောင့် Project Centaurus ကနေ ထွက်ရှိလာမယ့် Surface Laptop အသစ်ဟာ iPad တွေကို မယှဉ်နိုင်သေးဘူးဆိုရင်တောင် Android Apps လည်း အလွယ်တကူ သုံးလို့ရမယ်ဆိုရင် Foldable Tablet မဟုတ်လည်း သုံးပြောတယ်လို့ သုံးသပ်မိပါတယ်။ ပရိသတ်အမြင်ရော ဘယ်လိုရှိမလဲ ပြောသွားကြည့်ပါဦး။

Source: The VergeForbes & Android Authority
2B (Akhayar)
www.akhayar.com