[Zawgyi]

နာမည္ေက်ာ္ ကစားသမားေတြကုိ ငယ္စဥ္က ေခၚယူခြင့္ရခဲ့ေပမယ့္ လဲြေခ်ာ္ခဲ့တဲ့ အာဆင္နယ္

ဆယ္ေက်ာ္သက္ ကစားသမားေတြဆုိတာက ခန္႔မွန္းရခက္တဲ့ ပုစၦာတစ္ပုဒ္၊ တန္ဖုိးမွန္းဆလုိ႔ မရတဲ့ ေက်ာက္႐ုိင္းလုိမ်ိဳး။ သူတို႔ကုိ ေခၚယူတဲ့အသင္းေတြအတြက္လည္း ကံၾကမၼာနဲ႔ အေလာင္းအစားလုပ္ရသလုိပဲ။ အနာဂတ္မွာ ထြန္းေတာက္လာမယ့္ အေနအထားရွိလုိ႔ ေခၚယူခဲ့ေပမယ့္ ထင္သေလာက္ မဟုတ္တာ၊ ျဖစ္ႏုိင္မယ္ မထင္ဘူးဆုိၿပီး လက္လႊတ္ခဲ့ၿပီးမွ လြတ္တဲ့ငါး ၾကီးခဲ့ရတဲ့ အျဖစ္အပ်က္ေတြက တပုံတပင္။ အသင္းေတြ အေနနဲ႔ Super Stars ေတြကို ငယ္ငယ္တုန္းက ေခၚယူခြင့္ရခ့ဲေပမယ့္ လဲြေခ်ာ္ခဲ့ရတာမ်ိဳးရွိခဲ့ဖူးေပမယ့္ အာဆင္နယ္အသင္းေလာက္ေတာ့ မဆုိးေသးဘူးလုိ႔ ဆုိရမယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတို႔ လႊင့္ပစ္ခဲ့တဲ့ ေက်ာက္႐ုိင္းတုံးေတြက ကမၻာ႔ေစ်းကြက္အထိ ထုိးေဖာက္ႏုိင္တဲ့အထိျဖစ္ခဲ့လုိ႔ပါပဲ။ အဲဒီအေၾကာင္းကုိ ပရိသတ္ေတြ ဗဟုသတအျဖစ္ မွတ္သားႏုိင္ေအာင္လုိ႔ ျပန္ၿပီး ေဖာက္သည္ခ်ခ်င္တယ္ . . .

ယာယာတိုေရး Yaya Toure

Yaya-Toure

Yaya-Toure

အာဆင္နယ္ဂႏၳ၀င္ နညး္ျပ အာစင္၀င္းဂါး Arsene Wenger ရဲ႕ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ေတြထဲမွာ ယာယာတိုေရးကုိ လက္လႊတ္ခဲ့တာလည္း တစ္ခုအပါအ၀င္ပါပဲ။ ယာယာတိုေရး အသက္(၂၀)ေလာက္မွာ အာဆင္နယ္အသင္းနဲ႔ အစမ္းေလ့က်င့္ခန္းဆင္းခဲ့ၿပီး ၂၀၀၃ ခုႏွစ္က ဘားနက္နဲ႔ေျခစမ္းပဲြတုန္းက အာဆင္နယ္အသင္းအတြက္ ပါ၀င္ကစားခဲ့ဖူးေပမယ့္ ၀င္းဂါးက ယာယာတိုေရးရဲ႕ ေျခစြမ္းက သာမန္ထက္ မပုိဘူးလုိ႔ ယူဆခဲ့တာေၾကာင့္ ေခၚယူခဲ့ျခင္းမရွိဘူး။

အီဘရာဟီမုိဗစ္ Ibrahimovic

Ibrahimovic

Ibrahimovic

အာဆင္နယ္အသင္းဟာ ကမၻာ႔အဆင့္တိုက္စစ္မွဴးတစ္ဦးကုိ အသက္(၁၆)ႏွစ္အရြယ္မွာ ေခၚယူခြင့္ရခဲ့ေပမယ့္ လက္လႊတ္ခဲ့ရတယ္။ အာစင္၀င္းဂါးက အီဘရာဟီမုိဗစ္ကုိ အသင္းႀကီးနဲ႔အစမ္းေလ့က်င့္ဖုိ႔ ေတာင္းဆုိခဲ့ၿပီး အီဘရာဟီမုိဗစ္က လက္မခံခဲ့တာေၾကာင့္ Gunner တပ္ဖဲြ႕၀င္ ျဖစ္မလာခဲ့တာျဖစ္ပါတယ္။

ဘူဖြန္ Buffon

Buffon

Buffon

အာဆင္နယ္အသင္း ပုိင္ဆုိင္ခြင့္မရခဲ့တဲ့ နာမည္ေက်ာ္ ကစားသမားေတြထဲမွာ အီတလီဂႏၳ၀င္ ဘူဖြန္လည္း ပါ၀င္ခဲ့တယ္။ ၂၀၀၀ ခုႏွစ္တုန္းက အာစင္၀င္းဂါးနဲ႔ ဘူဖြန္တို႔ဟာ အတူတူညစာစားၿပီး အေျပာင္းအေရႊ႕ကိစၥအတြက္ ေဆြးေႏြးခဲ့ၿပီး အဆင္ေျပခဲ့ေပမယ့္လည္း စီးရီးေအထိပ္သီး ဂ်ဴဗင္တပ္စ္အသင္းက ဘူဖြန္ကုိ အဲဒီတုန္းက ဂုိးသမားတစ္ဦးအတြက္ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္(၃၂.၆)သန္းနဲ႔ ၾကားျဖတ္ ေခၚယူခဲ့တာေၾကာင့္ အာဆင္နယ္ ဘာမွမတတ္ႏုိင္ခဲ့ဘူး။

ကြန္ပနီ Kompany

Kompany

Kompany

အန္ဒါလက္ခ်္အသင္းနဲ႔အတူ ေတာက္ပလာတဲ့ ၾကယ္ပြင့္ ကြန္ပနီကုိ အာဆင္နယ္အပါအ၀င္ ဥေရာပထိပ္သီးအသင္းေတြက ေခၚယူဖုိ႔ ကမ္းလွမ္းခဲ့ၾကတယ္။ အဲဒီအခ်ိန္တုန္းက ကြန္ပနီရဲ႕အသက္ဟာ (၂၀)ႏွစ္သာရွိေသးၿပီး သူက ပုံမွန္ကစားခြင့္ရဖုိ႔အတြက္ ထိပ္သီးအသင္းေတြကုိ ျငင္းပယ္ၿပီး ဟမ္းဘတ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့တယ္။

ေပါ့ဘာ Pogba

Pogba

Pogba

အာစင္၀င္းဂါး ေခၚယူခဲ့တဲ့ ကစားသမားေတြကုိ ျပန္ၾကည့္ရင္ ျပင္သစ္ကစားသမားေတြ ဦးစားေပးေခၚယူခဲ့တာကုိ ေတြ႕ရမယ္။ ဒါေပမဲ့ ျပင္သစ္ၾကယ္ပြင့္ ေပ့ါဘာေတာ့ မပါခဲ့ဘူး။ အာစင္၀င္းဂါးဟာ ေပါ့ဘာကုိ ေခၚယူဖုိ႔ ၂၀၀၉ခုႏွစ္က တစ္ႀကိမ္၊ ၂၀၁၂ ခုႏွစ္က တစ္ႀကိမ္ အခြင့္အေရးႏွစ္ႀကိမ္အထိ ရခဲ့ေပမယ့္ အသုံးမခ်ႏုိင္ခဲ့ပါဘူး။

စီေရာ္နယ္လ္ဒုိ Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

အာစင္၀င္းဂါးအတြက္ ေနာင္တရစရာအေကာင္းဆုံး ဆုံးျဖတ္ခ်က္ကုိ ေျပာပါဆုိရင္ စီေရာ္နယ္လ္ဒုိကုိ အခြင့္အေရးရွိရက္နဲ႔ မေခၚခဲ့တာပဲျဖစ္လိမ့္မယ္။ ၂၀၀၃ ခုႏွစ္တုန္းက ကမၻာ႔အေကာင္းဆုံးဆုကုိ (၅)ႀကိမ္အထိ ရရွိမယ့္သူျဖစ္လာမယ့္ စီေရာ္နယ္လ္ဒုိဟာ အာဆင္နယ္အသင္းကုိ ေျပာင္းေရႊ႕ဖုိ႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈရွိခဲ့ၿပီး ေျပာင္းေရႊ႕ေၾကး ယူ႐ုိ(၄)သန္းကုိလည္း စပုိ႔တင္းလစၥဘြန္းအသင္းက လက္ခံခဲ့ၿပီးသားပါ။ ဒါေပမဲ့ မန္ယူနည္းျပဖာဂူဆန္ Ferguson ရဲ႕ လက္ေထာက္နည္းျပေဟာင္း ကြီးေရာ႔ဇ္ Queiroz က စီေရာ္နယ္လ္ဒုိကုိ မန္ယူကုိ ေျပာင္းေရႊ႕ဖုိ႔ တိုက္တြန္းခဲ့ၿပီး မန္ယူအသင္းကလည္း ေပါင္(၁၂)သန္နဲ႔ ကမ္းလွမ္းခဲ့ၿပီးေနာက္မွာေတာ့ စီေရာ္နယ္လ္ဒုိဟာ ဟုိက္ဘူရီ(ကြင္းေဟာင္း)အစား အုိးလ္ထရက္ဒ္ဆီ ေျခဦးလွည့္ခဲ့ပါေတာ့တယ္။

မက္ဆီ Messi

Messi(left)

Messi(left)

၂၀၀၃ ခုႏွစ္မွာ စီေရာ္နယ္လ္ဒုိကုိ မရလုိက္တဲ့ အာစင္၀င္းဂါးဟာ အဲဒီႏွစ္မွာ ကမၻာ႔အေကာင္းဆုံးကစားသမား ျဖစ္လာမယ့္ မက္ဆီကုိလည္း ေခၚယူခြင့္ရခဲ့ပါေသးတယ္။ အဲဒီတုန္းက လာမာစီယာအကယ္ဒမီမွာ ေျခစြမ္းျပေနတဲ့ အသက္(၁၆)ႏွစ္အရြယ္ မက္ဆီကို အာစင္၀င္းဂါးက ေခၚယူဖုိ႔ ႀကိဳးပမ္းခဲ့ေပမယ့္ မက္ဆီက လာမာစီယာကုိ စြန္႔ခြာဖုိ႔ ဆႏၵမရွိခဲ့ပါဘူး။

ဒါေတြကေတာ့ အာစင္၀င္းဂါး လက္လႊတ္ခဲ့ရတဲ့ ေက်ာက္႐ုိင္းတုံးေတြပါပဲ။ ဒီကစားသမားေတြသာ အာဆင္နယ္ကုိ ေရာက္လာခဲ့ရင္ အလန္းစားအသင္းႀကီးျဖစ္သြားႏုိင္ေပမယ့္လည္း အခုေတာ့ ဒါေတြက အတိတ္မွာ က်န္ခဲ့ၿပီလုိ႔ပဲ ဆုိရေတာ့မွာပါ . . .

REF:sportskeeda
Photo:cheapgoals.com,Twitter,Kicker,The18,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နာမည်ကျော် ကစားသမားတွေကို ငယ်စဉ်က ခေါ်ယူခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့တဲ့ အာဆင်နယ်

ဆယ်ကျော်သက် ကစားသမားတွေဆိုတာက ခန့်မှန်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်၊ တန်ဖိုးမှန်းဆလို့ မရတဲ့ ကျောက်ရိုင်းလိုမျိုး။ သူတို့ကို ခေါ်ယူတဲ့အသင်းတွေအတွက်လည်း ကံကြမ္မာနဲ့ အလောင်းအစားလုပ်ရသလိုပဲ။ အနာဂတ်မှာ ထွန်းတောက်လာမယ့် အနေအထားရှိလို့ ခေါ်ယူခဲ့ပေမယ့် ထင်သလောက် မဟုတ်တာ၊ ဖြစ်နိုင်မယ် မထင်ဘူးဆိုပြီး လက်လွှတ်ခဲ့ပြီးမှ လွတ်တဲ့ငါး ကြီးခဲ့ရတဲ့ အဖြစ်အပျက်တွေက တပုံတပင်။ အသင်းတွေ အနေနဲ့ Super Stars တွေကို ငယ်ငယ်တုန်းက ခေါ်ယူခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ရတာမျိုးရှိခဲ့ဖူးပေမယ့် အာဆင်နယ်အသင်းလောက်တော့ မဆိုးသေးဘူးလို့ ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ လွှင့်ပစ်ခဲ့တဲ့ ကျောက်ရိုင်းတုံးတွေက ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်နိုင်တဲ့အထိဖြစ်ခဲ့လို့ပါပဲ။ အဲဒီအကြောင်းကို ပရိသတ်တွေ ဗဟုသတအဖြစ် မှတ်သားနိုင်အောင်လို့ ပြန်ပြီး ဖောက်သည်ချချင်တယ် . . .

ယာယာတိုရေး Yaya Toure

Yaya-Toure

Yaya-Toure

အာဆင်နယ်ဂန္ထဝင် နည်းပြ အာစင်ဝင်းဂါး Arsene Wenger ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ယာယာတိုရေးကို လက်လွှတ်ခဲ့တာလည်း တစ်ခုအပါအဝင်ပါပဲ။ ယာယာတိုရေး အသက်(၂၀)လောက်မှာ အာဆင်နယ်အသင်းနဲ့ အစမ်းလေ့ကျင့်ခန်းဆင်းခဲ့ပြီး ၂၀၀၃ ခုနှစ်က ဘားနက်နဲ့ခြေစမ်းပွဲတုန်းက အာဆင်နယ်အသင်းအတွက် ပါဝင်ကစားခဲ့ဖူးပေမယ့် ဝင်းဂါးက ယာယာတိုရေးရဲ့ ခြေစွမ်းက သာမန်ထက် မပိုဘူးလို့ ယူဆခဲ့တာကြောင့် ခေါ်ယူခဲ့ခြင်းမရှိဘူး။

အီဘရာဟီမိုဗစ် Ibrahimovic

Ibrahimovic

Ibrahimovic

အာဆင်နယ်အသင်းဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးကို အသက်(၁၆)နှစ်အရွယ်မှာ ခေါ်ယူခွင့်ရခဲ့ပေမယ့် လက်လွှတ်ခဲ့ရတယ်။ အာစင်ဝင်းဂါးက အီဘရာဟီမိုဗစ်ကို အသင်းကြီးနဲ့အစမ်းလေ့ကျင့်ဖို့ တောင်းဆိုခဲ့ပြီး အီဘရာဟီမိုဗစ်က လက်မခံခဲ့တာကြောင့် Gunner တပ်ဖွဲ့ဝင် ဖြစ်မလာခဲ့တာဖြစ်ပါတယ်။

ဘူဖွန် Buffon

Buffon

Buffon

အာဆင်နယ်အသင်း ပိုင်ဆိုင်ခွင့်မရခဲ့တဲ့ နာမည်ကျော် ကစားသမားတွေထဲမှာ အီတလီဂန္ထဝင် ဘူဖွန်လည်း ပါဝင်ခဲ့တယ်။ ၂၀၀၀ ခုနှစ်တုန်းက အာစင်ဝင်းဂါးနဲ့ ဘူဖွန်တို့ဟာ အတူတူညစာစားပြီး အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးခဲ့ပြီး အဆင်ပြေခဲ့ပေမယ့်လည်း စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းက ဘူဖွန်ကို အဲဒီတုန်းက ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၃၂.၆)သန်းနဲ့ ကြားဖြတ် ခေါ်ယူခဲ့တာကြောင့် အာဆင်နယ် ဘာမှမတတ်နိုင်ခဲ့ဘူး။

ကွန်ပနီ Kompany

Kompany

Kompany

အန်ဒါလက်ချ်အသင်းနဲ့အတူ တောက်ပလာတဲ့ ကြယ်ပွင့် ကွန်ပနီကို အာဆင်နယ်အပါအဝင် ဥရောပထိပ်သီးအသင်းတွေက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကွန်ပနီရဲ့အသက်ဟာ (၂၀)နှစ်သာရှိသေးပြီး သူက ပုံမှန်ကစားခွင့်ရဖို့အတွက် ထိပ်သီးအသင်းတွေကို ငြင်းပယ်ပြီး ဟမ်းဘတ်အသင်းကို ပြောင်းရွှေ့ခဲ့တယ်။

ပေါ့ဘာ Pogba

Pogba

Pogba

အာစင်ဝင်းဂါး ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို ပြန်ကြည့်ရင် ပြင်သစ်ကစားသမားတွေ ဦးစားပေးခေါ်ယူခဲ့တာကို တွေ့ရမယ်။ ဒါပေမဲ့ ပြင်သစ်ကြယ်ပွင့် ပေ့ါဘာတော့ မပါခဲ့ဘူး။ အာစင်ဝင်းဂါးဟာ ပေါ့ဘာကို ခေါ်ယူဖို့ ၂၀၀၉ခုနှစ်က တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်က တစ်ကြိမ် အခွင့်အရေးနှစ်ကြိမ်အထိ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

စီရော်နယ်လ်ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

အာစင်ဝင်းဂါးအတွက် နောင်တရစရာအကောင်းဆုံး ဆုံးဖြတ်ချက်ကို ပြောပါဆိုရင် စီရော်နယ်လ်ဒိုကို အခွင့်အရေးရှိရက်နဲ့ မခေါ်ခဲ့တာပဲဖြစ်လိမ့်မယ်။ ၂၀၀၃ ခုနှစ်တုန်းက ကမ္ဘာ့အကောင်းဆုံးဆုကို (၅)ကြိမ်အထိ ရရှိမယ့်သူဖြစ်လာမယ့် စီရော်နယ်လ်ဒိုဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရှိခဲ့ပြီး ပြောင်းရွှေ့ကြေး ယူရို(၄)သန်းကိုလည်း စပို့တင်းလစ္စဘွန်းအသင်းက လက်ခံခဲ့ပြီးသားပါ။ ဒါပေမဲ့ မန်ယူနည်းပြဖာဂူဆန် Ferguson ရဲ့ လက်ထောက်နည်းပြဟောင်း ကွီးရော့ဇ် Queiroz က စီရော်နယ်လ်ဒိုကို မန်ယူကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပြီး မန်ယူအသင်းကလည်း ပေါင်(၁၂)သန်နဲ့ ကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ စီရော်နယ်လ်ဒိုဟာ ဟိုက်ဘူရီ(ကွင်းဟောင်း)အစား အိုးလ်ထရက်ဒ်ဆီ ခြေဦးလှည့်ခဲ့ပါတော့တယ်။

မက်ဆီ Messi

Messi(left)

Messi(left)

၂၀၀၃ ခုနှစ်မှာ စီရော်နယ်လ်ဒိုကို မရလိုက်တဲ့ အာစင်ဝင်းဂါးဟာ အဲဒီနှစ်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမယ့် မက်ဆီကိုလည်း ခေါ်ယူခွင့်ရခဲ့ပါသေးတယ်။ အဲဒီတုန်းက လာမာစီယာအကယ်ဒမီမှာ ခြေစွမ်းပြနေတဲ့ အသက်(၁၆)နှစ်အရွယ် မက်ဆီကို အာစင်ဝင်းဂါးက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မက်ဆီက လာမာစီယာကို စွန့်ခွာဖို့ ဆန္ဒမရှိခဲ့ပါဘူး။

ဒါတွေကတော့ အာစင်ဝင်းဂါး လက်လွှတ်ခဲ့ရတဲ့ ကျောက်ရိုင်းတုံးတွေပါပဲ။ ဒီကစားသမားတွေသာ အာဆင်နယ်ကို ရောက်လာခဲ့ရင် အလန်းစားအသင်းကြီးဖြစ်သွားနိုင်ပေမယ့်လည်း အခုတော့ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီလို့ပဲ ဆိုရတော့မှာပါ . . .

REF:sportskeeda
Photo:cheapgoals.com,Twitter,Kicker,The18,Getty Images
Naing Linn(Akhayar)
www.akhayar.com