[Zawgyi]

စူပါဖလားကို ေမာ္ရိုကိုႏိုင္ငံမွာ ကစားဖို႔ အတည္ျပဳလုိက္တဲ့ စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္

စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္ (RFEF)က ရာသီအစ စူပါဖလားၿပိဳင္ပြဲကို ေမာ္ရိုကိုႏိုင္ငံ၊ တန္ဂီယာၿမိဳ႕မွာ ကစားသြားမွာျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ႏွစ္ေက်ာ႔စနစ္ကို ဖ်က္သိမ္းၿပီး တစ္ေက်ာ႔တည္းကစားသြားမယ့္ ၂၀၁၈ စပိန္စူပါဖလားၿပိဳင္ပြဲကို ပထမဆံုးအႀကိမ္အျဖစ္ စပိန္ႏိုင္ငံျပင္ပ ကစားသြားမွာျဖစ္ပါတယ္။ ႏွစ္စဥ္ စပိန္ျပည္တြင္းဖလားေတြျဖစ္တဲ့ လာလီဂါနဲ႔ ဘုရင့္ဖလားၿပိဳင္ပြဲတို႔မွာ ဗိုလ္စြဲခဲ့တဲ့ အသင္းေတြ ရာသီအဖြင့္ပြဲစဥ္အျဖစ္ စူပါဖလားလုပြဲကို ယွဥ္ၿပိဳင္ကစားၾကတာပါ။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ဘာစီလိုနာအသင္းက ျပည္တြင္းဖလား (၂)လံုးစလံုးကို သိမ္းပိုက္ႏိုင္ခဲ့တာေၾကာင့္ ဘုရင့္ဖလားၿပိဳင္ပြဲမွာ ဒုတိယဆုရရွိခဲ့တဲ့ ဆီဗီလာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားၾကမွာျဖစ္ပါတယ္။ ၾသဂုတ္လ (၁၂)ရက္ေန႔မွာ ကစားမယ့္ စပိန္စူပါဖလားၿပိဳင္ပြဲကို ေမာ္ရိုကိုႏိုင္ငံ၊ တန္ဂီယာၿမိဳ႕ရွိ Stade Ibn Battouta ကြင္းမွာ က်င္းပသြားမွာပါ။

Sevilla-will-face-Barcelona-in-Supercopa-de-Espana

Sevilla-will-face-Barcelona-in-Supercopa-de-Espana

ၿပီးခဲ့တဲ့ ေဘာလံုးရာသီက စပိန္ဘုရင့္ဖလားဗိုလ္လုပြဲမွာ ရံႈးနိမ့္ခဲ့တဲ့ ဆီဗီလာအသင္း ဘာစီလိုနာအသင္းကို ရံႈးေၾကြးဆပ္ဖို႔ ႀကိဳးစားသြားရမယ့္ ပြဲလည္းျဖစ္ပါတယ္။ တန္ဂီယာၿမိဳ႕မွာရွိတဲ့ Stade Ibn Battouta ကြင္းဟာ ပရိသတ္ (၄၅,၀၀၀)ဝင္ဆံ့ၿပီး ေမာ္ရိုကိုႏိုင္ငံအေနနဲ႔ ႀကီးက်ယ္ခမ္းနားၿပိဳင္ပြဲတစ္ပြဲကို ပထမဆံုး လက္ခံက်င္းပသြားရမွာျဖစ္ပါတယ္။ ဆီဗီလာအသင္းဟာ စပိန္စူပါဖလားမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၀၇ ခုႏွစ္ေနာက္ပိုင္း ၿပိဳင္ပြဲကို (၂)ႀကိမ္ ကစားခြင့္ရခဲ့ေပမယ့္ (၂)ႀကိမ္စလံုး ဘာစီိလိုနာအသင္းကို ရံႈးနိမ့္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းကေတာ့ ၿပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆံုးအသင္းအျဖစ္ ရပ္တည္ေနၿပီး ခ်န္ပီယံဆုကို (၁၂)ႀကိမ္အထိ ရယူကာ ဒုတိယ(၁၀)ႀကိမ္အထိ ရရွိထားခဲ့ပါတယ္။

REF:Marca
Photo:SkyscraperCity, ytimg.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

စူပါဖလားကို မော်ရိုကိုနိုင်ငံမှာ ကစားဖို့ အတည်ပြုလိုက်တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)က ရာသီအစ စူပါဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံ၊ တန်ဂီယာမြို့မှာ ကစားသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ နှစ်ကျော့စနစ်ကို ဖျက်သိမ်းပြီး တစ်ကျော့တည်းကစားသွားမယ့် ၂၀၁၈ စပိန်စူပါဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် စပိန်နိုင်ငံပြင်ပ ကစားသွားမှာဖြစ်ပါတယ်။ နှစ်စဉ် စပိန်ပြည်တွင်းဖလားတွေဖြစ်တဲ့ လာလီဂါနဲ့ ဘုရင့်ဖလားပြိုင်ပွဲတို့မှာ ဗိုလ်စွဲခဲ့တဲ့ အသင်းတွေ ရာသီအဖွင့်ပွဲစဉ်အဖြစ် စူပါဖလားလုပွဲကို ယှဉ်ပြိုင်ကစားကြတာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘာစီလိုနာအသင်းက ပြည်တွင်းဖလား (၂)လုံးစလုံးကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဘုရင့်ဖလားပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့တဲ့ ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ သြဂုတ်လ (၁၂)ရက်နေ့မှာ ကစားမယ့် စပိန်စူပါဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံ၊ တန်ဂီယာမြို့ရှိ Stade Ibn Battouta ကွင်းမှာ ကျင်းပသွားမှာပါ။

Sevilla-will-face-Barcelona-in-Supercopa-de-Espana

Sevilla-will-face-Barcelona-in-Supercopa-de-Espana

ပြီးခဲ့တဲ့ ဘောလုံးရာသီက စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဆီဗီလာအသင်း ဘာစီလိုနာအသင်းကို ရှုံးကြွေးဆပ်ဖို့ ကြိုးစားသွားရမယ့် ပွဲလည်းဖြစ်ပါတယ်။ တန်ဂီယာမြို့မှာရှိတဲ့ Stade Ibn Battouta ကွင်းဟာ ပရိသတ် (၄၅,၀၀၀)ဝင်ဆံ့ပြီး မော်ရိုကိုနိုင်ငံအနေနဲ့ ကြီးကျယ်ခမ်းနားပြိုင်ပွဲတစ်ပွဲကို ပထမဆုံး လက်ခံကျင်းပသွားရမှာဖြစ်ပါတယ်။ ဆီဗီလာအသင်းဟာ စပိန်စူပါဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲကို (၂)ကြိမ် ကစားခွင့်ရခဲ့ပေမယ့် (၂)ကြိမ်စလုံး ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ချန်ပီယံဆုကို (၁၂)ကြိမ်အထိ ရယူကာ ဒုတိယ(၁၀)ကြိမ်အထိ ရရှိထားခဲ့ပါတယ်။

REF:Marca
Photo:SkyscraperCity, ytimg.com
Aung Kyaw Wai (Akhayar)
www.akhayar.com