Nitendo မှ သူတို့ရဲ့ နောက်ဆုံးပေါ် ဂိမ်း Super Mario Run ကို Android ဖုန်းသုံးစွဲသူများကစားနိုင်ရန် March 2017 တွင် စတင်ထုတ်လုပ်မည်ဖြစ်ကြောင်းကို ကုမ္ပဏီမှ Twitter Account တွင်ပြောကြားခဲ့ကြောင်းသိရပါတယ်။

Android သုံးစွဲသူတွေအတွက် နောက်ဆုံးမှာတော့ Nitendo ရဲ့ Latest Mario Game ကို ကစားနိုင်မယ့် အချိန်ရောက်လာပါပြီ။ iOS အသုံးပြုသူတွေအတွက် Super Mario Run ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်မှာ ထုတ်လုပ်ခဲ့ပြီး ပထမလေးရက်အတွင်းမှာပဲ App Store ကနေ Dowload ဆွဲသူပေါင်း ၄၀မီလီယမ် ရှိကြောင်းသိရပါတယ်။ဒါပေမယ့် Android အတွက် ထုတ်လုပ်မယ့်အချိန်မှာတော့ စိတ်ဝင်စားမှုနှုန်းနဲ့ Download ဆွဲတဲ့သူအရေ အတွက် ပြန်တက်လာဖွယ်ရှိကြောင်း သိရပါတယ်။

ဒီဂိမ်းမှာ ကစားတဲ့သူဟာ Mario ရဲ့ 2D Worlds ကို ဖြတ်ပြေးတဲ့ Endless Running Style ကို Control လုပ်ပြီး ကစားရမှာဖြစ်ပါတယ်။ ဒီ ဂိမ်းဟာ အရင်ကတည်းကကစားတဲ့သူတွေအတွက် ရင်းနှီးပြီးသားဖြစ်စေမယ့် Console Series လည်းဖြစ်ပါတယ်။ ဂိမ်းရဲ့ အပိုင်းအများစုကိုတော့ အခမဲ့ကစားနိုင်ပေမယ့် Lock ချထားတဲ့ အခန်းတွေအတွက်ဆိုရင်တော့ $9.99 ပေးရမှာဖြစ်ပြီး  Super Mario Run Website မှာ Pre-Register လုပ်ထား ရင်တော့ Launch လုပ်မယ့် ရက်ကို အတိအကျသိနိုင်ပါတယ်။

You May Also Like: “Android Google Search App မှာ Offline အနေနဲ့ ရှာဖွေနိုင်ပြီ”

Nintendo ဟာ နောက်ထပ် Mobile Game တစ်ခု ကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ Launch လုပ်ဖို့အစီအစဉ်ရှိပြီး အဲ့ဒီ Game ကတော့  Fire Emblem : Heroes ဖြစ်ကြောင်းသိရပါတယ်။

Jan (အခရာ)

(www.akhayar.com)

Ref : android authority