[Zawgyi]

Super Sunday မွာ မိသားစုနဲ႔ ဘယ္လိုအခ်ိန္ျဖဳန္းၾကမလဲ

မနက္ျဖန္ Super Sunday မွာ အိမ္က မိသားစုနဲ႔ ဘာေတြလုပ္ၾကမွာလဲ။ အခုေခတ္က လူတိုင္းလူတိုင္း အျပင္မွာ ေန႔တိုင္းထြက္ၿပီး အလုပ္လုပ္ေနၾကရတာဆိုေတာ့ အားတဲ့ေန႔ေလးေတြမွာ မိသားစုကို အခ်ိန္ေပးဖို႔ တိုက္တြန္းခ်င္ပါတယ္ေနာ္။ ဒီအတိုင္း တိုက္တြန္းေနတာထက္ မိသားစုေတြ အတူတူ ပိုက္ဆံေတြအမ်ားႀကီးမကုန္ရပဲ ဘာေတြလုပ္ရင္ရမလဲဆိုတာေလးေတြပါ အႀကံေပးခ်င္ပါတယ္။

အိမ္မွာ တစ္ခုခုလုပ္စားၾကမလား

အျပင္ကဆုိင္ႀကီးေတြမွာ သြားစားမယ္ဆိုရင္ေတာ့ သြားလာေရးစရိတ္ေရာ၊ အစားအေသာက္ေစ်းေတြေရာ အကုန္က်ခံရမွာေနာ္။ ၿပီးေတာ့ အျပင္စာေတြက တကယ္တမ္း အိမ္က အေမခ်က္တဲ့ အစားအေသာက္ေလာက္ သန္႔ရွင္းလတ္ဆတ္မႈမရွိပါဘူး။ ကိုယ္ေရြးခ်ယ္တဲ့စားေသာက္ဆိုင္အႀကီးအေသးေပၚမွာ မူတည္ၿပီး စိတ္မခ်ရတဲ့အစားအေသာက္ေတြကို ၀ယ္ယူစားသံုးမွာထက္စာရင္ေတာ့ အရသာလည္းရွိၿပီး သန္႔ရွင္းလတ္ဆတ္မႈလည္း အျပည့္အ၀ေပးႏုိင္တာက အိမ္မွာခ်က္ျပဳတ္စားေသာက္တဲ့ဟင္းလ်ာပါ။ ဒီေတာ့ အင္တာနက္ကေန မုန္႔လုပ္နည္းေတြ အတူတူရွာေဖြၿပီး အတူတူခ်က္ျပဳတ္စားေသာက္ၾကရေအာင္။ မိသားစု ေႏြးေထြးမႈလည္း ပိုမိုရရွိလာႏုိင္ၿပီး အပိုကုန္က်မယ့္ ပိုက္ဆံေတြကိုလည္း ေလွ်ာ့ခ်ႏုိင္တဲ့နည္းလမ္းေကာင္းေလးပါေနာ္။

Cooking Together

Cooking Together

အိမ္မွာ တစ္ခုခုသင္ၾကားၾကမလား

တစ္ပတ္လံုးလည္း အျပင္မွာ အလုပ္ေတြလုပ္ရ၊ ေက်ာင္းေတြတက္ရ သြားေနလာေနရၿပီးၿပီ။ ဒီေန႔ေတာ့ အိမ္မွာပဲ တစ္ခုခုသင္ၾကားၾကည့္ရင္လည္း ရပါတယ္။ အထူးသျဖင့္ ကေလးေတြရွိတဲ့မိသားစုေတြဆိုရင္ေတာ့ ဒီနည္းလမ္းေလးကို လိုက္လုပ္ၾကည့္သင့္ပါတယ္။ အေဖ ဒါမွမဟုတ္ အေမက ဦးေဆာင္ၿပီး မနက္ပိုင္းဆို ကြန္ပ်ဴတာဂိမ္းတစ္မ်ိဳးမ်ိဳးေဆာ့ၿပီး နည္းပညာအေၾကာင္း ေ၀ငွၾကမယ္။ ညေနပိုင္းက်ရင္ေတာ့ ၿခံထဲမွာ သစ္ပင္ေလးေတြ ေရေလာင္းေပါင္းသင္ရင္း ကေလးေတြကို သစ္ပင္စိုက္နည္းေလးေတြနဲ႔ သဘာ၀ပတ္၀န္းက်င္အေၾကာင္း ေ၀ငွၾကမယ္။ ဒီနည္းလမ္းကလည္း မိသားစု စည္းလံုးမႈကို ပိုၿပီးတိုးတက္လာေစၿပီးေတာ့ ကေလးေလးေတြကိုလည္း ေက်ာင္းကမသင္ေပးလိုက္ႏုိင္တဲ့ ျပင္ပဗဟုသုတေတြကို သင္ၾကားေပးႏုိင္ပါတယ္။

Learning Together

Learning Together

ကေလးေတြကို အခ်ိန္ေပးၾကမလား

အလုပ္အကိုင္နဲ႔ ပိုက္ဆံက အေရးႀကီးေနတာ မွန္ပါတယ္။ ဒါေပမယ့္ ဒီေနာက္ကိုလိုက္ရင္း အိမ္နဲ႔ မိသားစုဟာ ဒုတိယဦးစားေပးျဖစ္လာရတာကေတာ့ သဘာ၀မက်ေသးပါဘူးေနာ္။ ဒါေၾကာင့္ ျဖစ္ႏုိင္ရင္ အလုပ္ခ်ိန္နဲ႔ က်န္တဲ့အခ်ိန္ေတြမွာ ကိုယ္ႀကိဳက္တာကိုယ္လုပ္ၿပီးၿပီဆုိရင္ Super Sunday မွာေတာ့ ကေလးေတြကို အလွည့္ေပးလိုက္ပါေတာ့။ သူတို႔သြားခ်င္တဲ့ကစားကြင္းေတြဆီ လိုက္ပို႔ရံုတင္မကပဲ ကိုယ္ပါ၀င္ကစားၿပီး ေပ်ာ္ရႊင္လိုက္ပါေနာ္။ ဒါဟာ ကေလးေတြအတြက္ စိတ္ေက်နပ္မႈနဲ႔ မိသားစုဆိုတဲ့ခံစားခ်က္ကို ပိုၿပီးပီပီျပင္ျပင္ ေပၚလြင္ေစပါတယ္။

Playing Together

Playing Together

အခ်ိန္ေပးၿပီး စကားေျပာပါ

အလုပ္ေတြရွဳပ္လာတာနဲ႔အမွ် တစ္ဦးနဲ႔တစ္ဦးစကားေျပာခြင့္ရတဲ့အခ်ိန္ေတြ နည္းပါးလာတာကို ျငင္းလို႔မရပါဘူးေနာ္။ ကေလးေတြက သူတို႔ေက်ာင္းကျဖစ္ပ်က္ခဲ့သမွ်ကို ေျပာျပခ်င္ေပမယ့္အခ်ိန္မရၾကဘူး။ ဒီလိုပဲ လင္မယားအခ်င္းခ်င္းမွာလည္း တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေျပာျပခြင့္မရၾကတဲ့အခါ မိသားစုက ေအးစက္ၿပီး သူစိမ္းဆန္လာပါေတာ့တယ္။ ဒါေၾကာင့္ ေအးေအးလူလူ ေလညင္းခံၿပီး သက္ေတာင့္သက္သာထိုင္လို႔ရတဲ့ ပန္းၿခံလုိေနရာတစ္ေနရာမွာ ထိုင္ရင္း ကေလးေတြကို ေပးကစားရင္း တစ္ေယာက္ေျပာခ်င္တဲ့ေျပာစကားကို တစ္ေယာက္က ေသေသခ်ာခ်ာ ဂရုစိုက္ၿပီး နားေထာင္ေပးရပါမယ္ေနာ္။ ဒါအရမ္းေကာင္းတဲ့အစီအစဥ္ပါ။ တစ္ေယာက္ေျပာတာ တစ္ေယာက္နားေထာင္ေပးဖို႔ ပိုက္ဆံမေပးရပါဘူးေနာ္။

Listening Together

Listening Together

တစ္ခါတေလက်ေတာ့လည္း ေလာကႀကီးမွာ က်င္လည္ရင္း အေရးမႀကီးတဲ့အေၾကာင္းအရာေတြကို ပထမဦးစားေပးမိၿပီး တခ်ိဳ႕ အေရးပါတဲ့အရာေတြက်ျပန္ေတာ့ ေမ့ေနတတ္ၾကပါတယ္။ ဒီအထဲမွာ အေရးႀကီးေပမယ့္ လူေတြအေမ့မ်ားတဲ့အရာကေတာ့ မိသားစုပဲျဖစ္ပါတယ္။ မိသားစုဟာ တျခားသူေတြထက္ အေရးအႀကီးဆံုးအရာပါ။ ဒီေတာ့ ပိတ္ရက္ေလးမွာ ေ၀းကြာေနတဲ့ေႏြးေထြးမႈေတြကို ျပန္လည္တည္ေဆာက္ရင္း ေငြကုန္ေၾကးက်မမ်ားပဲ ေပ်ာ္ရႊင္ေအာင္ ႀကိဳးစားၾကရေအာင္။

Moethaesay (Akhayar)

[Unicode]

Super Sunday မှာ မိသားစုနဲ့ ဘယ်လိုအချိန်ဖြုန်းကြမလဲ

မနက်ဖြန် Super Sunday မှာ အိမ်က မိသားစုနဲ့ ဘာတွေလုပ်ကြမှာလဲ။ အခုခေတ်က လူတိုင်းလူတိုင်း အပြင်မှာ နေ့တိုင်းထွက်ပြီး အလုပ်လုပ်နေကြရတာဆိုတော့ အားတဲ့နေ့လေးတွေမှာ မိသားစုကို အချိန်ပေးဖို့ တိုက်တွန်းချင်ပါတယ်နော်။ ဒီအတိုင်း တိုက်တွန်းနေတာထက် မိသားစုတွေ အတူတူ ပိုက်ဆံတွေအများကြီးမကုန်ရပဲ ဘာတွေလုပ်ရင်ရမလဲဆိုတာလေးတွေပါ အကြံပေးချင်ပါတယ်။

အိမ်မှာ တစ်ခုခုလုပ်စားကြမလား

အပြင်ကဆိုင်ကြီးတွေမှာ သွားစားမယ်ဆိုရင်တော့ သွားလာရေးစရိတ်ရော၊ အစားအသောက်ဈေးတွေရော အကုန်ကျခံရမှာနော်။ ပြီးတော့ အပြင်စာတွေက တကယ်တမ်း အိမ်က အမေချက်တဲ့ အစားအသောက်လောက် သန့်ရှင်းလတ်ဆတ်မှုမရှိပါဘူး။ ကိုယ်ရွေးချယ်တဲ့စားသောက်ဆိုင်အကြီးအသေးပေါ်မှာ မူတည်ပြီး စိတ်မချရတဲ့အစားအသောက်တွေကို ဝယ်ယူစားသုံးမှာထက်စာရင်တော့ အရသာလည်းရှိပြီး သန့်ရှင်းလတ်ဆတ်မှုလည်း အပြည့်အဝပေးနိုင်တာက အိမ်မှာချက်ပြုတ်စားသောက်တဲ့ဟင်းလျာပါ။ ဒီတော့ အင်တာနက်ကနေ မုန့်လုပ်နည်းတွေ အတူတူရှာဖွေပြီး အတူတူချက်ပြုတ်စားသောက်ကြရအောင်။ မိသားစု နွေးထွေးမှုလည်း ပိုမိုရရှိလာနိုင်ပြီး အပိုကုန်ကျမယ့် ပိုက်ဆံတွေကိုလည်း လျှော့ချနိုင်တဲ့နည်းလမ်းကောင်းလေးပါနော်။

Cooking Together

Cooking Together

အိမ်မှာ တစ်ခုခုသင်ကြားကြမလား

တစ်ပတ်လုံးလည်း အပြင်မှာ အလုပ်တွေလုပ်ရ၊ ကျောင်းတွေတက်ရ သွားနေလာနေရပြီးပြီ။ ဒီနေ့တော့ အိမ်မှာပဲ တစ်ခုခုသင်ကြားကြည့်ရင်လည်း ရပါတယ်။ အထူးသဖြင့် ကလေးတွေရှိတဲ့မိသားစုတွေဆိုရင်တော့ ဒီနည်းလမ်းလေးကို လိုက်လုပ်ကြည့်သင့်ပါတယ်။ အဖေ ဒါမှမဟုတ် အမေက ဦးဆောင်ပြီး မနက်ပိုင်းဆို ကွန်ပျူတာဂိမ်းတစ်မျိုးမျိုးဆော့ပြီး နည်းပညာအကြောင်း ဝေငှကြမယ်။ ညနေပိုင်းကျရင်တော့ ခြံထဲမှာ သစ်ပင်လေးတွေ ရေလောင်းပေါင်းသင်ရင်း ကလေးတွေကို သစ်ပင်စိုက်နည်းလေးတွေနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်း ဝေငှကြမယ်။ ဒီနည်းလမ်းကလည်း မိသားစု စည်းလုံးမှုကို ပိုပြီးတိုးတက်လာစေပြီးတော့ ကလေးလေးတွေကိုလည်း ကျောင်းကမသင်ပေးလိုက်နိုင်တဲ့ ပြင်ပဗဟုသုတတွေကို သင်ကြားပေးနိုင်ပါတယ်။

Learning Together

Learning Together

ကလေးတွေကို အချိန်ပေးကြမလား

အလုပ်အကိုင်နဲ့ ပိုက်ဆံက အရေးကြီးနေတာ မှန်ပါတယ်။ ဒါပေမယ့် ဒီနောက်ကိုလိုက်ရင်း အိမ်နဲ့ မိသားစုဟာ ဒုတိယဦးစားပေးဖြစ်လာရတာကတော့ သဘာဝမကျသေးပါဘူးနော်။ ဒါကြောင့် ဖြစ်နိုင်ရင် အလုပ်ချိန်နဲ့ ကျန်တဲ့အချိန်တွေမှာ ကိုယ်ကြိုက်တာကိုယ်လုပ်ပြီးပြီဆိုရင် Super Sunday မှာတော့ ကလေးတွေကို အလှည့်ပေးလိုက်ပါတော့။ သူတို့သွားချင်တဲ့ကစားကွင်းတွေဆီ လိုက်ပို့ရုံတင်မကပဲ ကိုယ်ပါဝင်ကစားပြီး ပျော်ရွှင်လိုက်ပါနော်။ ဒါဟာ ကလေးတွေအတွက် စိတ်ကျေနပ်မှုနဲ့ မိသားစုဆိုတဲ့ခံစားချက်ကို ပိုပြီးပီပီပြင်ပြင် ပေါ်လွင်စေပါတယ်။

Playing Together

Playing Together

အချိန်ပေးပြီး စကားပြောပါ

အလုပ်တွေရှုပ်လာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးစကားပြောခွင့်ရတဲ့အချိန်တွေ နည်းပါးလာတာကို ငြင်းလို့မရပါဘူးနော်။ ကလေးတွေက သူတို့ကျောင်းကဖြစ်ပျက်ခဲ့သမျှကို ပြောပြချင်ပေမယ့်အချိန်မရကြဘူး။ ဒီလိုပဲ လင်မယားအချင်းချင်းမှာလည်း တစ်ယောက်အကြောင်းတစ်ယောက် ပြောပြခွင့်မရကြတဲ့အခါ မိသားစုက အေးစက်ပြီး သူစိမ်းဆန်လာပါတော့တယ်။ ဒါကြောင့် အေးအေးလူလူ လေညင်းခံပြီး သက်တောင့်သက်သာထိုင်လို့ရတဲ့ ပန်းခြံလိုနေရာတစ်နေရာမှာ ထိုင်ရင်း ကလေးတွေကို ပေးကစားရင်း တစ်ယောက်ပြောချင်တဲ့ပြောစကားကို တစ်ယောက်က သေသေချာချာ ဂရုစိုက်ပြီး နားထောင်ပေးရပါမယ်နော်။ ဒါအရမ်းကောင်းတဲ့အစီအစဉ်ပါ။ တစ်ယောက်ပြောတာ တစ်ယောက်နားထောင်ပေးဖို့ ပိုက်ဆံမပေးရပါဘူးနော်။

Listening Together

Listening Together

တစ်ခါတလေကျတော့လည်း လောကကြီးမှာ ကျင်လည်ရင်း အရေးမကြီးတဲ့အကြောင်းအရာတွေကို ပထမဦးစားပေးမိပြီး တချို့ အရေးပါတဲ့အရာတွေကျပြန်တော့ မေ့နေတတ်ကြပါတယ်။ ဒီအထဲမှာ အရေးကြီးပေမယ့် လူတွေအမေ့များတဲ့အရာကတော့ မိသားစုပဲဖြစ်ပါတယ်။ မိသားစုဟာ တခြားသူတွေထက် အရေးအကြီးဆုံးအရာပါ။ ဒီတော့ ပိတ်ရက်လေးမှာ ဝေးကွာနေတဲ့နွေးထွေးမှုတွေကို ပြန်လည်တည်ဆောက်ရင်း ငွေကုန်ကြေးကျမများပဲ ပျော်ရွှင်အောင် ကြိုးစားကြရအောင်။

Moethaesay (Akhayar)