[Zawgyi]

အဆီေတြကို ေလာင္ကၽြမ္းေစမယ္႔ ရုိးရွင္းလြယ္ကူစားေသာက္နည္း (၅) နည္း

အစားအေသာက္သည္လူတိုင္းနဲ႔တည္႔၏ဆိုတဲ့ ဆုိရုိးစကားအတုိင္း လူတိုင္းဟာ အစားေသာက္ေတြကုိ ေန႔စဥ္မရုိးရေအာင္ ဘာေလးေတြစားရမလဲဆိုၿပီး ေတြးေတာေနတတ္ၾကပါတယ္။ အဲဒီလိုေတြးေတာၿပီး စားေသာက္ၾကတဲ႔အတြက္ ဗိုက္ေလးေတြထြက္လာၿပီး ခါးနားမွာအဆီီေတြစုလာကာ က်န္းမာေရးထိခုိက္ၿပီး ေနရထိုင္ရ ခက္လာပါတယ္။ အဆီဆိုတဲ႔အမ်ဳိးကလည္း တက္ဖို႔သာလြယ္တာ ျပန္က်ဖို႔က ခက္တယ္ဆိုတာ ဝိတ္တက္ဖူးတဲ႔သူတိုင္း သိၾကပါတယ္။ ဒါ့အျပင္ အသက္ရြယ္ရလာရင္ အဆီက်ဖို႔ဆိုတာ ပိုၿပီးေတာ့ေတာင္ ခက္ခဲလာပါတယ္။ က်န္းမာေရးကိုထိခိုက္မႈမရွိေစဘဲ စားလိုက္တဲ႔ အစားအစာတိုင္းက ဇီဝကမၼျဖစ္စဥ္ကို အေထာက္အကူျပဳၿပီး အဆီေတြကို ေလာင္ကၽြမ္းသြားေစမယ္႔ စားေသာက္ေနထိုင္မႈပံုစံကို သိရွိထားမယ္ဆိုရင္ေတာ့ အစားအစာတိုင္းကို စိုးရိမ္ပူပန္စိတ္ေတြနဲ႔ စားရမွာ မဟုတ္ပါဘူး။ အဲဒီလိုစိုးရိမ္စိိတ္ေတြမရွိေစဖို႔ ဘယ္လုိစားေသာက္ရမလဲဆိုေတာ့က.……

(၁) ေကာ္ဖီ (သို႔မဟုတ္) လက္ဖက္ရည္ကို ေန႔စဥ္ေသာက္သံုးေပးပါ

အေမရိကန္ဂ်ာနယ္တစ္ခုုျဖစ္တဲ႔ Clinical Nutrition ထဲမွာ ေရးသားေဖာ္ျပထားတာအရ တစ္္ေန႔ကို လက္ဖက္ရည္တစ္ခြက္(သို႔) ေကာ္ဖီတစ္ခြက္ေသာက္သံုးျခင္းက ဇီဝကမၼျဖစ္စဥ္ကို တုိးျမင္႔ေပးပါတယ္။ ေကာ္ဖီမွာပါတဲ႔ ကဖင္းဓာတ္က ပံုမွန္ထက္ ပိုမိုလန္းဆန္းတက္ၾကြေစၿပီး ႏိုးႏိုးၾကားၾကားျဖစ္ေစတဲ႔အျပင္ စြမ္းအားကိုပါတိုးေစႏိုင္တဲ့ သဘာဝလန္းဆန္တက္ၾကြေစတဲ႔ေဆး ျဖစ္ပါတယ္။ ဒါ့အျပင္ ေကာ္ဖီမွာ ဝိတ္က်ေစဖို႔ လႈံေဆာ္ေပးတဲ့ဓာတ္နဲ႔ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညိွေပးတဲ႔ ျဒပ္ေပါင္းတစ္ခုျဖစ္တဲ႔ Chlorogenic Acid ျဒပ္ေပါင္း ပါဝင္ပါတယ္။ လက္ဖက္ရည္မွာ ေရာဂါတုိက္ထုတ္ေပးႏိုင္တဲ႔ Antioxidants ဓာတ္တစ္မ်ဳိးျဖစ္တဲ႔ Catechins ဓာတ္ပါဝင္ၿပီး အဆိုပါဓာတ္က ႏွလံုးေရာဂါျဖစ္ႏုိ္င္ေခ်ကို ေလ်ာ့က်ေစၿပီး အဆီကိုလည္း ေလာင္ကၽြမ္းေစပါတယ္။

Have Tea or coffee daily

Have Tea or coffee daily

(၂) အစာစားတဲ႔အႀကိမ္အေရအတြက္ေပၚမစိုးရိမ္ပါနဲ႔

အစာစားတဲ႔အခါမွာ ပမာဏနည္းနည္းနဲ႔ အႀကိမ္မ်ားမ်ားစားေပးတာက ဇီဝကမၼျဖစ္စဥ္ တုိးတက္ေကာင္းမြန္လာေစရန္ အေထာက္အကူေပးတယ္ဆိုတာ ၾကားဖူးၾကမွာပါ။ ကေနဒါႏိုင္ငံက Ottawa တကၠသိုလ္ရဲ႕ ေလ့လာမႈတစ္ခုအရ ပံုမွန္တစ္ေန႔သံုးႀကိမ္စားတာနဲ႔ ပမာဏနည္းနည္းနဲ႔ တစ္ေန႔ေျခာက္ႀကိမ္စားတာက ဝိတ္က်ျခင္းအေပၚ ႀကီးမားတဲ႔ အက်ဳိးသက္ေရာက္မႈ မရွိပါဘူးတဲ႔။ အဓိကကေတာ့ ဘယ္လိုစားေသာက္မႈပံုစံက ဆာေလာင္မႈကို ေျပေပ်ာက္ေစလဲဆိုတာ ေသခ်ာသိရွိၿပီး ကိုယ္နဲ႔ကိုက္ညီတဲ႔ စားေသာက္မႈပံုစံအတုိင္း စားေသာက္ေပးဖို႔က အေရးႀကီးပါတယ္။ ဒါေပမယ့္ စားေသာက္တဲ႔အစားအစာတိုင္းက က်န္းမာေရးနဲ႔ညီညႊတ္ၿပီး အာဟာရျဖစ္ေစတဲ႔ အစားအေသာက္ေတြ ျဖစ္ဖုို႔ေတာ့ လိုပါတယ္။

Frequently Eating

Frequently Eating

(၃) အစားအစာေတြထဲမွာ အစပ္ထည္႔စားေပးပါ

အစပ္ႀကိဳက္သူေတြအတြက္ေတာ့ ေပ်ာ္ရႊင္စရာသတင္းပါပဲ။ ငရုတ္သီးမွာပါဝင္တဲ႔ Capsaicin ျဒပ္ေပါင္းဟာ ဝိတ္က်ေအာင္လႈံေဆာ္ေပးၿပီး အစာစားခ်င္စိတ္ကို သဘာဝအတိုင္း ထိန္းခ်ဳပ္ေပးပါတယ္။ အေမရိကန္သုေတသနျပဳလုပ္သူေတြရဲ႕ သံုးသပ္မႈအရ အစာအစားေတြထဲမွာ Capsaicin ျဒပ္ေပါင္း 2mg ပါေအာင္ စားသံုးေပးျခင္းက ၇၄ ကယ္လိုရီ ေလာင္ကၽြမ္းသြားေစႏိုင္ပါတယ္။ ငရုတ္ပြကလဲြၿပီး က်န္ငရုတ္သီးအမ်ဳိးအစားအားလံုးမွာ Capsaicin ျဒပ္ေပါင္း ၾကြယ္ဝစြာ ပါဝင္ပါတယ္။ အစပ္မစားႏိုင္တဲ႔သူေတြအေနနဲ႔ ငရုတ္သီးကို စားတဲ့အခါမွာ ငရုတ္သီးထဲက အေစ့ေတြကို ဖယ္ၿပီး စားေပးလို႔ ရပါတယ္။

Add spice to your meals

Add spice to your meals

(၄) ေရမ်ားမ်ားေသာက္ပါ

ေရရဲ႕ေကာင္းက်ဳိးကေတာ့ ေထြေထြထူးထူးေျပာစရာမလိုေလာက္ေအာင္ သိၾကမယ္လုိ႔ ထင္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ေရရဲ႕ေကာင္းက်ဳိးကို သိၾကေသာ္လည္း အလုပ္မ်ားတာ၊ အလုပ္မွာစ်ာန္ဝင္ေနတာေတြေၾကာင့္ ေရေသာက္ဖို႔ကို ေမ့ေနတတ္ၾကပါတယ္။ သာမန္လူဆိုရင္ေတာ့ ေရကို တစ္ေန႔ ပံုမွန္ (၈) ခြက္ေသာက္သုံးေပးသင္႔ၿပီး ေခၽြးထြက္မ်ားတတ္တဲ႔သူေတြအေနနဲ႔ ေလ့က်င္ခန္းေတြျပဳလုပ္တ့ဲသူေတြဆိုရင္ေတာ့ ဒီထက္ပိုၿပီး ေသာက္သံုးေပးသင္႔ပါတယ္။ ဂ်ာမန္ေလ့လာမႈအရ ေရ ၅၀၀ မီလီေသာက္သံုးေပးျခင္းဟာ တစ္နာရီအတြင္းမွာ ကယ္လိုရီ ၂၄ ရာခို္င္ႏႈန္း ေလာင္ကၽြမ္းေစတာနဲ႔ ညီမွ်ပါတယ္။ ဆာေလာင္သလိုလုိ ခံစားရလာၿပီးဆိုရင္ ေရတစ္ခြက္ေလာက္ေသာက္ေပးၿပီး မိနစ္ ၂၀ ေလာက္ေနရင္ ထပ္မံေသာက္သံုးေပးပါ။ တစ္ခါတစ္ရံမွာ ေရဓာတ္ခန္းေျခာက္ျခင္းဟာ ဆာေလာင္မႈကုိပိုျဖစ္ေစတဲ႔အတြက္ ေရဓာတ္မခန္းေျခာက္ေအာင္ ေနထုိင္ဖုိ႔ကလည္း အေရးႀကီးပါတယ္။

Drink More water

Drink More water

(၅) အိပ္ရာမဝင္ခင္ခ်ယ္ရီသီးစားေပးပါ

တစ္ခ်ဳိ႕ေတြက ညအိပ္ရာဝင္ခါနီးက်ရင္ ဗိုက္ဆာတတ္တဲ႔အက်င့္ ရွိပါတယ္။ အဲ့ဒီလိုဗိုက္ဆာတဲ႔အခါမ်ဳိးမွာ အားလူးေၾကာ္ေတြ စားမယ့္အစား ခ်ယ္ရီသီးအခ်ဳိ႕ကို စားေပးပါ။ ခ်ယ္ရီသီးမွာပါဝင္တဲ႔ Melatonin က အခ်ိန္မွန္မွန္အိပ္စက္ႏို္င္ေအာင္ ကူညီေပးပါတယ္။ အိပ္ေရးမဝတဲ႔သူေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ဇီဝကမၼျဖစ္စဥ္ေတြ က်ဆင္းလာႏိုင္ၿပီး ဝိတ္တက္လာတာမ်ဳိးေတြ ျဖစ္လာႏိုင္ပါတယ္။ Medicinal Food ဂ်ာနယ္ရဲ႕ထုတ္ျပန္ထားတဲ႔ ထုတ္ျပန္ခ်က္မွာေတာ့ ခ်ယ္ရီသီးေဖ်ာ္ရည္ကုိ ႏွစ္ပတ္ေလာက္စဲြေသာက္ေပးျခင္းျဖင္႔ အိပ္မေပ်ာ္ျခင္းျဖစ္ေစတဲ႔ လကၡဏာေတြ သိသိသာသာ ေလ်ာ့က်သြားတာကို ေတြ႔ရပါတယ္။ ခ်ယ္ရီသီးမွာ အင္တီေအာက္ဆီဒန္႔ေတြ ၾကြယ္ဝစြာပါဝင္တဲ႔အတြက္ ေရာင္ရမ္းျခင္းေတြကို ေလ်ာ့က်ေစၿပီး ဇီဝကမၼျဖစ္စဥ္ေတြကို ထိန္းညိွေပးတဲ႔ ေဟာ္မုန္းေတြကိုပါ ညီမွ်ေစပါတယ္။

Have fruit before bed

Have fruit before bed

အထက္မွာေဖာ္ျပထားတဲ႔အတုိင္း ပံုမွန္ေလးအေလ့အက်င္႔ေလးျပဳလုပ္ၿပီး စားမယ္ဆိုရင္ ဇိီဝကမၼျဖစ္စဥ္ေတြပါ ေကာင္းမြန္လာေစၿပီး က်န္းမာသက္ရွည္လွပလာေစမွာ အေသအခ်ာပါပဲ။

H.H(Akhayar)

www.akhayar.com

[Unicode]

အဆီတွေကို လောင်ကျွမ်းစေမယ့် ရိုးရှင်းလွယ်ကူစားသောက်နည်း (၅) နည်း

အစားအသောက်သည်လူတိုင်းနဲ့တည့်၏ဆိုတဲ့ ဆိုရိုးစကားအတိုင်း လူတိုင်းဟာ အစားသောက်တွေကို နေ့စဉ်မရိုးရအောင် ဘာလေးတွေစားရမလဲဆိုပြီး တွေးတောနေတတ်ကြပါတယ်။ အဲဒီလိုတွေးတောပြီး စားသောက်ကြတဲ့အတွက် ဗိုက်လေးတွေထွက်လာပြီး ခါးနားမှာအဆီတွေစုလာကာ ကျန်းမာရေးထိခိုက်ပြီး နေရထိုင်ရ ခက်လာပါတယ်။ အဆီဆိုတဲ့အမျိုးကလည်း တက်ဖို့သာလွယ်တာ ပြန်ကျဖို့က ခက်တယ်ဆိုတာ ဝိတ်တက်ဖူးတဲ့သူတိုင်း သိကြပါတယ်။ ဒါ့အပြင် အသက်ရွယ်ရလာရင် အဆီကျဖို့ဆိုတာ ပိုပြီးတော့တောင် ခက်ခဲလာပါတယ်။ ကျန်းမာရေးကိုထိခိုက်မှုမရှိစေဘဲ စားလိုက်တဲ့ အစားအစာတိုင်းက ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူပြုပြီး အဆီတွေကို လောင်ကျွမ်းသွားစေမယ့် စားသောက်နေထိုင်မှုပုံစံကို သိရှိထားမယ်ဆိုရင်တော့ အစားအစာတိုင်းကို စိုးရိမ်ပူပန်စိတ်တွေနဲ့ စားရမှာ မဟုတ်ပါဘူး။ အဲဒီလိုစိုးရိမ်စိတ်တွေမရှိစေဖို့ ဘယ်လိုစားသောက်ရမလဲဆိုတော့က.……

(၁) ကော်ဖီ (သို့မဟုတ်) လက်ဖက်ရည်ကို နေ့စဉ်သောက်သုံးပေးပါ

အမေရိကန်ဂျာနယ်တစ်ခုဖြစ်တဲ့ Clinical Nutrition ထဲမှာ ရေးသားဖော်ပြထားတာအရ တစ်နေ့ကို လက်ဖက်ရည်တစ်ခွက်(သို့) ကော်ဖီတစ်ခွက်သောက်သုံးခြင်းက ဇီဝကမ္မဖြစ်စဉ်ကို တိုးမြင့်ပေးပါတယ်။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ပုံမှန်ထက် ပိုမိုလန်းဆန်းတက်ကြွစေပြီး နိုးနိုးကြားကြားဖြစ်စေတဲ့အပြင် စွမ်းအားကိုပါတိုးစေနိုင်တဲ့ သဘာဝလန်းဆန်တက်ကြွစေတဲ့ဆေး ဖြစ်ပါတယ်။ ဒါ့အပြင် ကော်ဖီမှာ ဝိတ်ကျစေဖို့ လှုံဆော်ပေးတဲ့ဓာတ်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ Chlorogenic Acid ဒြပ်ပေါင်း ပါဝင်ပါတယ်။ လက်ဖက်ရည်မှာ ရောဂါတိုက်ထုတ်ပေးနိုင်တဲ့ Antioxidants ဓာတ်တစ်မျိုးဖြစ်တဲ့ Catechins ဓာတ်ပါဝင်ပြီး အဆိုပါဓာတ်က နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပြီး အဆီကိုလည်း လောင်ကျွမ်းစေပါတယ်။

Have Tea or coffee daily

Have Tea or coffee daily

(၂) အစာစားတဲ့အကြိမ်အရေအတွက်ပေါ်မစိုးရိမ်ပါနဲ့

အစာစားတဲ့အခါမှာ ပမာဏနည်းနည်းနဲ့ အကြိမ်များများစားပေးတာက ဇီဝကမ္မဖြစ်စဉ် တိုးတက်ကောင်းမွန်လာစေရန် အထောက်အကူပေးတယ်ဆိုတာ ကြားဖူးကြမှာပါ။ ကနေဒါနိုင်ငံက Ottawa တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ ပုံမှန်တစ်နေ့သုံးကြိမ်စားတာနဲ့ ပမာဏနည်းနည်းနဲ့ တစ်နေ့ခြောက်ကြိမ်စားတာက ဝိတ်ကျခြင်းအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူးတဲ့။ အဓိကကတော့ ဘယ်လိုစားသောက်မှုပုံစံက ဆာလောင်မှုကို ပြေပျောက်စေလဲဆိုတာ သေချာသိရှိပြီး ကိုယ်နဲ့ကိုက်ညီတဲ့ စားသောက်မှုပုံစံအတိုင်း စားသောက်ပေးဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် စားသောက်တဲ့အစားအစာတိုင်းက ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရဖြစ်စေတဲ့ အစားအသောက်တွေ ဖြစ်ဖို့တော့ လိုပါတယ်။

Frequently Eating

Frequently Eating

(၃) အစားအစာတွေထဲမှာ အစပ်ထည့်စားပေးပါ

အစပ်ကြိုက်သူတွေအတွက်တော့ ပျော်ရွှင်စရာသတင်းပါပဲ။ ငရုတ်သီးမှာပါဝင်တဲ့ Capsaicin ဒြပ်ပေါင်းဟာ ဝိတ်ကျအောင်လှုံဆော်ပေးပြီး အစာစားချင်စိတ်ကို သဘာဝအတိုင်း ထိန်းချုပ်ပေးပါတယ်။ အမေရိကန်သုတေသနပြုလုပ်သူတွေရဲ့ သုံးသပ်မှုအရ အစာအစားတွေထဲမှာ Capsaicin ဒြပ်ပေါင်း 2mg ပါအောင် စားသုံးပေးခြင်းက ၇၄ ကယ်လိုရီ လောင်ကျွမ်းသွားစေနိုင်ပါတယ်။ ငရုတ်ပွကလွဲပြီး ကျန်ငရုတ်သီးအမျိုးအစားအားလုံးမှာ Capsaicin ဒြပ်ပေါင်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ အစပ်မစားနိုင်တဲ့သူတွေအနေနဲ့ ငရုတ်သီးကို စားတဲ့အခါမှာ ငရုတ်သီးထဲက အစေ့တွေကို ဖယ်ပြီး စားပေးလို့ ရပါတယ်။

Add spice to your meals

Add spice to your meals

(၄) ရေများများသောက်ပါ

ရေရဲ့ကောင်းကျိုးကတော့ ထွေထွေထူးထူးပြောစရာမလိုလောက်အောင် သိကြမယ်လို့ ထင်ပါတယ်။ တော်တော်များများက ရေရဲ့ကောင်းကျိုးကို သိကြသော်လည်း အလုပ်များတာ၊ အလုပ်မှာဈာန်ဝင်နေတာတွေကြောင့် ရေသောက်ဖို့ကို မေ့နေတတ်ကြပါတယ်။ သာမန်လူဆိုရင်တော့ ရေကို တစ်နေ့ ပုံမှန် (၈) ခွက်သောက်သုံးပေးသင့်ပြီး ချွေးထွက်များတတ်တဲ့သူတွေအနေနဲ့ လေ့ကျင်ခန်းတွေပြုလုပ်တဲ့သူတွေဆိုရင်တော့ ဒီထက်ပိုပြီး သောက်သုံးပေးသင့်ပါတယ်။ ဂျာမန်လေ့လာမှုအရ ရေ ၅၀၀ မီလီသောက်သုံးပေးခြင်းဟာ တစ်နာရီအတွင်းမှာ ကယ်လိုရီ ၂၄ ရာခိုင်နှုန်း လောင်ကျွမ်းစေတာနဲ့ ညီမျှပါတယ်။ ဆာလောင်သလိုလို ခံစားရလာပြီးဆိုရင် ရေတစ်ခွက်လောက်သောက်ပေးပြီး မိနစ် ၂၀ လောက်နေရင် ထပ်မံသောက်သုံးပေးပါ။ တစ်ခါတစ်ရံမှာ ရေဓာတ်ခန်းခြောက်ခြင်းဟာ ဆာလောင်မှုကိုပိုဖြစ်စေတဲ့အတွက် ရေဓာတ်မခန်းခြောက်အောင် နေထိုင်ဖို့ကလည်း အရေးကြီးပါတယ်။

Drink More water

Drink More water

(၅) အိပ်ရာမဝင်ခင်ချယ်ရီသီးစားပေးပါ

တစ်ချို့တွေက ညအိပ်ရာဝင်ခါနီးကျရင် ဗိုက်ဆာတတ်တဲ့အကျင့် ရှိပါတယ်။ အဲ့ဒီလိုဗိုက်ဆာတဲ့အခါမျိုးမှာ အားလူးကြော်တွေ စားမယ့်အစား ချယ်ရီသီးအချို့ကို စားပေးပါ။ ချယ်ရီသီးမှာပါဝင်တဲ့ Melatonin က အချိန်မှန်မှန်အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ အိပ်ရေးမဝတဲ့သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဇီဝကမ္မဖြစ်စဉ်တွေ ကျဆင်းလာနိုင်ပြီး ဝိတ်တက်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ Medicinal Food ဂျာနယ်ရဲ့ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာတော့ ချယ်ရီသီးဖျော်ရည်ကို နှစ်ပတ်လောက်စွဲသောက်ပေးခြင်းဖြင့် အိပ်မပျော်ခြင်းဖြစ်စေတဲ့ လက္ခဏာတွေ သိသိသာသာ လျော့ကျသွားတာကို တွေ့ရပါတယ်။ ချယ်ရီသီးမှာ အင်တီအောက်ဆီဒန့်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ရောင်ရမ်းခြင်းတွေကို လျော့ကျစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကိုပါ ညီမျှစေပါတယ်။

Have fruit before bed

Have fruit before bed

အထက်မှာဖော်ပြထားတဲ့အတိုင်း ပုံမှန်လေးအလေ့အကျင့်လေးပြုလုပ်ပြီး စားမယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ်တွေပါ ကောင်းမွန်လာစေပြီး ကျန်းမာသက်ရှည်လှပလာစေမှာ အသေအချာပါပဲ။

H.H(Akhayar)

www.akhayar.com