[ZawGyi]

ခ်က္ခ်င္းဆိုသလုိခြန္အားျပည္႔လန္းဆန္းသြားေစမယ္႔ Homemade Smoothie ေလးမ်ား

အသီးအႏွံၾကိဳက္သူေတြအတြက္ေတာ႔ မတူညီတဲ႔အသီးအႏွံအမ်ိဳးမ်ိဳးကိုေရာၾကိတ္ျပီး Fruits Smoothie ေလးေတြလုပ္ေသာက္ရတာက တကယ္႔ကိုေပ်ာ္စရာပါ။ Smoothie လုပ္ေသာက္ျခင္းရဲ႕ အားသာခ်က္ကေတာ႔ အသီးအႏွံတစ္မ်ိဳးစီမွာပါဝင္တဲ႔မတူညီတဲ႔အာဟာရတန္ဖုိးေတြကို စုေပါင္းရရွိႏိုင္ျခင္းပါပဲ။ သဘာဝအသီးအႏွံေတြကိုအသံုးျပဳျပီး အိမ္မွာကိုယ္တုိင္ Smoothie လုပ္ေသာက္မယ္ဆုိရင္အကုန္အက်လည္းသက္သာ၊ က်န္းမာေရးနဲ႔လည္းပိုညီညြတ္ပါတယ္။ အျပင္မွာဝယ္ေသာက္သလုိ သၾကားမ်ားတာ၊ အန႔ံအရသာ အတုေတြထည္႔သံုးတာမ်ိဳးလည္း မၾကံဳရေတာ႔ဘူးေပါ႔။ အခုခ်ိန္မိုးဦးက်ကာလေလးမွာ ကိုယ္ခံစြမ္းအားျမင္႔မားျပီး က်န္းမာေရးေကာင္းေနေစဖုိ႔ ေသာက္သင္႔တဲ႔ Smoothie ေလးေတြကိုေရြးခ်ယ္ေပးလုိက္ပါတယ္။

City Mart Supermarket ေတြမွာလည္း ဒီေန႔ကေန ဇြန္လ ၂၀ ရက္ေန႔ထိ Fruits Fair လုပ္ေနတာေတြ႔ရေတာ႔ အသီးအႏွံေကာင္းေကာင္းေလးေတြဝယ္ျပီး Smoothie လုပ္ေသာက္ခ်င္သူေတြအတြက္ေတာ႔ ကြက္တိပါပဲ။

သရက္၊ ငွက္ေပ်ာ၊ လိေမၼာ္ Smoothie

သရက္သီးမွည္႔ေပါေနခ်ိန္မွာ အန႔ံေလးနဲ႔တင္ဆြဲေဆာင္ႏိုင္လြန္းေနတဲ႔ ခ်ိဳေမႊးေမႊးစိန္တစ္လံုးသရက္သီးေလးကိုအလြယ္တကူပဲ Smoothie ေဖ်ာ္ေသာက္ၾကရေအာင္။ ဒီ Smoothie မွာကိုယ္ခံအားေကာင္းေစမယ္႔ Vitamin C ပါဝင္တဲ႔ လိေမၼာ္သီး၊ Protein ၊ Calcium နဲ႔ Vitamin B ၾကြယ္ဝတဲ႔ ဒိန္ခ်ဥ္၊ အျမင္အာရံုေကာင္းေစျပီးကိုယ္ခံအားေကာင္းေစသလို အစာေခ်လမ္းေၾကာင္းကိုလည္း ေကာင္းမြန္ေစတဲ႔ သရက္သီး၊ စြမ္းအားျဖည္႔စူပါအသီးအႏွံျဖစ္တဲ႔ ငွက္ေပ်ာသီးတုိ႔ ပါဝင္ပါတယ္။ အာဟာရတန္ဖိုးျမင္႔မားတဲ႔ ဒီ Smoothie ေလးေဖ်ာ္ဖုိ႔ ျပင္ဆင္ရတာေတြကလည္း လြယ္ကူပါတယ္ေနာ္။

mango-banana-smoothie

mango-banana-smoothie

လိုအပ္ေသာပစၥည္းမ်ား

သရက္သီး     – ၁ လံုး (အခြံႏႊာျပီး အစိတ္ေလးေတြစိတ္ထားပါ)
လိေမၼာ္ရည္   – ၁ ခြက္ (လိေမၼာ္သီးတစ္လံုးကို အရည္ညွစ္ျပီး လတ္လတ္ဆတ္ဆတ္လိေမၼာ္ရည္ကိုယူပါ)
ငွက္ေပ်ာသီး  – ၁ လံုး
ဂရိဒိန္ခ်ဥ္ (အဆီထုတ္) – ခြက္ တစ္ဝက္
ေရခဲတံုး – ၅ တံုး

-ဒါေတြအားလံုးကို Blender ထဲထည္႔ျပီးေရာၾကိတ္လုိက္ရံုပါပဲ။ ခ်ိဳခ်ိဳ ေမႊးေမႊး ပ်စ္ပ်စ္ေလးနဲ႔ အရမ္းမုိက္တဲ႔အရသာကိုရမွာပါ။

ပန္းသီး၊ ကီဝီ Smoothie

City Mart မွာ အလြယ္တကူဝယ္ယူႏိုင္တဲ႔ ပန္းသီး၊ ကီဝီသီးေလးေတြနဲ႔လည္း အလြယ္တကူ Smoothie လုပ္ေသာက္ႏိုင္ပါတယ္။ ခႏၶာကိုယ္တစ္ခုလံုးက်န္းမာေပါ႔ပါးေနေစဖုိ႔အတြက္ အမွ်င္ဓာတ္နဲ႔ Vitamin C ၾကြယ္ဝတဲ႔ ကီဝီသီး ၊ အင္တီေအာက္ဆီဒင္႔ၾကြယ္ဝတဲ႔ ပန္းသီးတုိ႔ကိုအဓိကထားေရြးခ်ယ္ထားျပီး ခ်ဥ္ျပံဳးျပံဳးေလးနဲ႔ အရမ္းေသာက္လုိ႔ေကာင္းပါတယ္။

Apple-Kiwi-Smoothie

Apple-Kiwi-Smoothie

လိုအပ္ေသာပစၥည္းမ်ား

ပန္းသီး – ၁ လံုး(အခြံႏႊာ၊ အတံုးတံုးထားပါ)
ကီဝီ      – ၁ လံုး (အခြံႏႊာ ၊ အတံုးတံုးထားပါ)
ဒိန္ခ်ဥ္   – အနည္းငယ္
ပန္းသီးေဖ်ာ္ရည္အဆီ – စားပြဲတင္ဇြန္း ၅ ဇြန္း

-အားလံုးကို Blender ထဲထည္႔ေရာၾကိတ္ပါ။ ေရခဲ ၂ တံုး ၃ တံုးထည္႔ျပီး အရသာရွိရွိေသာက္ႏိုင္ပါျပီ။

ဒူးရင္း၊ ငွက္ေပ်ာ Smoothie

King of fruit လို႔ နာမည္တြင္တဲ႔ဒူးရင္းသီးကို အရမ္းအရမ္းၾကိဳက္သူေတြကေတာ႔ ဒူးရင္း Smoothie ကိုလည္း သေဘာက်မွာအမွန္ပါ။ ဒူးရင္းသီးစားရင္ အပူကန္တယ္၊ ဖုေတြထြက္တယ္လို႔ပဲမထင္နဲ႔ေနာ္။ ဒူးရင္းသီးမွာ ခႏၶာကိုယ္အတြက္လိုအပ္တဲ႔ ဗီတာမင္နဲ႔သတၱဳဓာတ္ေတြအမ်ားၾကီးပါဝင္ပါတယ္။ Fiber ၊ Calcium ၊ Iron ၊ Magnesium ၊ Potassium ၊ Zinc ၊ Vitamin C ၊ Vitamin B-12 ၊ Vitamin A လိုမ်ိဳး Nutrient ေတြၾကြယ္ဝတဲ႔အသီးပါ။ ဒူးရင္းသီးက အိပ္မေပ်ာ္ျခင္းကို သက္သာေစတယ္၊ ကင္ဆာေရာဂါကိုကာကြယ္ေပးတယ္၊ အရိုးက်န္းမာေရးေကာင္းေစတယ္၊ အိုမင္းရင္႔ေရာ္ျခင္းကိုကာကြယ္ေပးတယ္ စတဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြအမ်ားၾကီးရွိပါတယ္။ ဒါေၾကာင္႔ ဒူးရင္းသီး Smoothie လုပ္ေသာက္ဖုိ႔ လက္မတြန္႔ပါနဲ႔။ ဒူးရင္းသီးနဲ႔တြဲဖက္ထားတဲ႔ငွက္ေပ်ာသီးမွာလည္း ဗီတာမင္နဲ႔သတၱဳဓာတ္ေတြအျပည္႔အဝပါဝင္ျပီး လူတစ္ေယာက္အတြက္တစ္ေန႔တာလုိအပ္တဲ႔ အာဟာရဓာတ္ေတြကိုအျပည္႔အဝျဖည္႔ဆည္းေပးႏိုင္စြမ္းရွိပါတယ္။

durian-smoothie

durian-smoothieလိုအပ္ေသာပစၥည္းမ်ား

ဒူးရင္း (အသား) – ၁ ခြက္
ငွက္ေပ်ာသီး – ၁ လံုး (လွီးထားပါ)
ေရ (သို႔) ႏြားႏို႔ (သို႔) ပဲႏို႔ – ခြက္တစ္ဝက္
ေရခဲ – အနည္းငယ္

– ေရခဲမွလြဲျပီး ပါဝင္ပစၥည္းအားလံုးကို Blender ထဲေရာထည္႔ကာ ၾကိတ္ႏိုင္ပါတယ္။ ေရခဲထည္႔ေမႊရတာၾကိဳက္ရင္လည္း ထည္႔ၾကိတ္ႏိုင္ပါတယ္။ ခ်ိဳေမႊးလွတဲ႔ ဒူးရင္း၊ငွက္ေပ်ာ Smoothie ေအးေအးေလးကို စိတ္ၾကိဳက္ေသာက္ႏိုင္ပါျပီ။

ကိုယ္တုိင္ေဖ်ာ္ေသာက္ေနက် Smoothie အတြဲအစပ္ေကာင္းေကာင္းေလးေတြရွိရင္လည္း ျပန္မွ်ေဝခဲ႔ပါဦးေနာ္။

www.akhayar.com

[Unicode]

ချက်ချင်းဆိုသလိုခွန်အားပြည့်လန်းဆန်းသွားစေမယ့် Homemade Smoothie လေးများ

အသီးအနှံကြိုက်သူတွေအတွက်တော့ မတူညီတဲ့အသီးအနှံအမျိုးမျိုးကိုရောကြိတ်ပြီး Fruits Smoothie လေးတွေလုပ်သောက်ရတာက တကယ့်ကိုပျော်စရာပါ။ Smoothie လုပ်သောက်ခြင်းရဲ့ အားသာချက်ကတော့ အသီးအနှံတစ်မျိုးစီမှာပါဝင်တဲ့မတူညီတဲ့အာဟာရတန်ဖိုးတွေကို စုပေါင်းရရှိနိုင်ခြင်းပါပဲ။ သဘာဝအသီးအနှံတွေကိုအသုံးပြုပြီး အိမ်မှာကိုယ်တိုင် Smoothie လုပ်သောက်မယ်ဆိုရင်အကုန်အကျလည်းသက်သာ၊ ကျန်းမာရေးနဲ့လည်းပိုညီညွတ်ပါတယ်။ အပြင်မှာဝယ်သောက်သလို သကြားများတာ၊ အနံ့အရသာ အတုတွေထည့်သုံးတာမျိုးလည်း မကြုံရတော့ဘူးပေါ့။ အခုချိန်မိုးဦးကျကာလလေးမှာ ကိုယ်ခံစွမ်းအားမြင့်မားပြီး ကျန်းမာရေးကောင်းနေစေဖို့ သောက်သင့်တဲ့ Smoothie လေးတွေကိုရွေးချယ်ပေးလိုက်ပါတယ်။

City Mart Supermarket တွေမှာလည်း ဒီနေ့ကနေ ဇွန်လ ၂၀ ရက်နေ့ထိ Fruits Fair လုပ်နေတာတွေ့ရတော့ အသီးအနှံကောင်းကောင်းလေးတွေဝယ်ပြီး Smoothie လုပ်သောက်ချင်သူတွေအတွက်တော့ ကွက်တိပါပဲ။

သရက်၊ ငှက်ပျော၊ လိမ္မော် Smoothie

သရက်သီးမှည့်ပေါနေချိန်မှာ အနံ့လေးနဲ့တင်ဆွဲဆောင်နိုင်လွန်းနေတဲ့ ချိုမွှေးမွှေးစိန်တစ်လုံးသရက်သီးလေးကိုအလွယ်တကူပဲ Smoothie ဖျော်သောက်ကြရအောင်။ ဒီ Smoothie မှာကိုယ်ခံအားကောင်းစေမယ့် Vitamin C ပါဝင်တဲ့ လိမ္မော်သီး၊ Protein ၊ Calcium နဲ့ Vitamin B ကြွယ်ဝတဲ့ ဒိန်ချဉ်၊ အမြင်အာရုံကောင်းစေပြီးကိုယ်ခံအားကောင်းစေသလို အစာချေလမ်းကြောင်းကိုလည်း ကောင်းမွန်စေတဲ့ သရက်သီး၊ စွမ်းအားဖြည့်စူပါအသီးအနှံဖြစ်တဲ့ ငှက်ပျောသီးတို့ ပါဝင်ပါတယ်။ အာဟာရတန်ဖိုးမြင့်မားတဲ့ ဒီ Smoothie လေးဖျော်ဖို့ ပြင်ဆင်ရတာတွေကလည်း လွယ်ကူပါတယ်နော်။

mango-banana-smoothie

mango-banana-smoothie

လိုအပ်သောပစ္စည်းများ

သရက်သီး     – ၁ လုံး (အခွံနွှာပြီး အစိတ်လေးတွေစိတ်ထားပါ)
လိမ္မော်ရည်   – ၁ ခွက် (လိမ္မော်သီးတစ်လုံးကို အရည်ညှစ်ပြီး လတ်လတ်ဆတ်ဆတ်လိမ္မော်ရည်ကိုယူပါ)
ငှက်ပျောသီး  – ၁ လုံး
ဂရိဒိန်ချဉ် (အဆီထုတ်) – ခွက် တစ်ဝက်
ရေခဲတုံး – ၅ တုံး

-ဒါတွေအားလုံးကို Blender ထဲထည့်ပြီးရောကြိတ်လိုက်ရုံပါပဲ။ ချိုချို မွှေးမွှေး ပျစ်ပျစ်လေးနဲ့ အရမ်းမိုက်တဲ့အရသာကိုရမှာပါ။

ပန်းသီး၊ ကီဝီ Smoothie

City Mart မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ ပန်းသီး၊ ကီဝီသီးလေးတွေနဲ့လည်း အလွယ်တကူ Smoothie လုပ်သောက်နိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာပေါ့ပါးနေစေဖို့အတွက် အမျှင်ဓာတ်နဲ့ Vitamin C ကြွယ်ဝတဲ့ ကီဝီသီး ၊ အင်တီအောက်ဆီဒင့်ကြွယ်ဝတဲ့ ပန်းသီးတို့ကိုအဓိကထားရွေးချယ်ထားပြီး ချဉ်ပြုံးပြုံးလေးနဲ့ အရမ်းသောက်လို့ကောင်းပါတယ်။

Apple-Kiwi-Smoothie

Apple-Kiwi-Smoothie

လိုအပ်သောပစ္စည်းများ

ပန်းသီး – ၁ လုံး(အခွံနွှာ၊ အတုံးတုံးထားပါ)
ကီဝီ      – ၁ လုံး (အခွံနွှာ ၊ အတုံးတုံးထားပါ)
ဒိန်ချဉ်   – အနည်းငယ်
ပန်းသီးဖျော်ရည်အဆီ – စားပွဲတင်ဇွန်း ၅ ဇွန်း

-အားလုံးကို Blender ထဲထည့်ရောကြိတ်ပါ။ ရေခဲ ၂ တုံး ၃ တုံးထည့်ပြီး အရသာရှိရှိသောက်နိုင်ပါပြီ။

ဒူးရင်း၊ ငှက်ပျော Smoothie

King of fruit လို့ နာမည်တွင်တဲ့ဒူးရင်းသီးကို အရမ်းအရမ်းကြိုက်သူတွေကတော့ ဒူးရင်း Smoothie ကိုလည်း သဘောကျမှာအမှန်ပါ။ ဒူးရင်းသီးစားရင် အပူကန်တယ်၊ ဖုတွေထွက်တယ်လို့ပဲမထင်နဲ့နော်။ ဒူးရင်းသီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေအများကြီးပါဝင်ပါတယ်။ Fiber ၊ Calcium ၊ Iron ၊ Magnesium ၊ Potassium ၊ Zinc ၊ Vitamin C ၊ Vitamin B-12 ၊ Vitamin A လိုမျိုး Nutrient တွေကြွယ်ဝတဲ့အသီးပါ။ ဒူးရင်းသီးက အိပ်မပျော်ခြင်းကို သက်သာစေတယ်၊ ကင်ဆာရောဂါကိုကာကွယ်ပေးတယ်၊ အရိုးကျန်းမာရေးကောင်းစေတယ်၊ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတယ် စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ဒါကြောင့် ဒူးရင်းသီး Smoothie လုပ်သောက်ဖို့ လက်မတွန့်ပါနဲ့။ဒူးရင်းသီးနဲ့တွဲဖက်ထားတဲ့ငှက်ပျောသီးမှာလည်း ဗီတာမင်နဲ့သတ္တုဓာတ်တွေအပြည့်အဝပါဝင်ပြီး လူတစ်ယောက်အတွက်တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေကိုအပြည့်အဝဖြည့်ဆည်းပေးနိုင်စွမ်းရှိပါတယ်။

durian-smoothie

durian-smoothie

လိုအပ်သောပစ္စည်းများ

ဒူးရင်း (အသား) – ၁ ခွက်
ငှက်ပျောသီး – ၁ လုံး (လှီးထားပါ)
ရေ (သို့) နွားနို့ (သို့) ပဲနို့ – ခွက်တစ်ဝက်
ရေခဲ – အနည်းငယ်

– ရေခဲမှလွဲပြီး ပါဝင်ပစ္စည်းအားလုံးကို Blender ထဲရောထည့်ကာ ကြိတ်နိုင်ပါတယ်။ ရေခဲထည့်မွှေရတာကြိုက်ရင်လည်း ထည့်ကြိတ်နိုင်ပါတယ်။ ချိုမွှေးလှတဲ့ ဒူးရင်း၊ငှက်ပျော Smoothie အေးအေးလေးကို စိတ်ကြိုက်သောက်နိုင်ပါပြီ။

ကိုယ်တိုင်ဖျော်သောက်နေကျ Smoothie အတွဲအစပ်ကောင်းကောင်းလေးတွေရှိရင်လည်း ပြန်မျှဝေခဲ့ပါဦးနော်။

www.akhayar.com