[Zawgyi] 

ကေလးေတြနဲ႕ပတ္သက္ျပီး အၾကံေကာင္းတစ္ခုေပးလုိက္တဲ့ သႏၱာလႈိင္

၀ါရင့္ စူပါေမာ္ဒယ္တစ္ဦးအျဖစ္ အႏုပညာေလာကမွာ ေအာင္ျမင္မႈေနရာတစ္ေနရာရရွိထားတဲ့ သႏၱာလႈိင္ကေတာ့ မိန္းကေလးပရိသတ္ေတြအားက်ရေလာက္ေအာင္ အရြယ္တင္ႏုပ်ိဳတဲ့ အလွတရားကုိပုိင္ဆုိင္ထားပါတယ္။ ကုိယ္ပုိင္ Gym ဖြင့္လွစ္ထားသလုိ အမ်ိဳးသမီးေတြအတြက္ အိမ္ေထာင္ေရးနဲ႕ အလွအပေရးရာေတြ မွ်ေ၀ေပးေနတာမုိ႕ လူမႈကြန္ရက္မွာ သူမကုိ ခ်စ္ခင္ေလးစားျပီး ေစာင့္ၾကည့္အားေပးေနတဲ့ မိန္းကေလးပရိသတ္ေတြလည္း ရွိေနတာပါ။


လတ္တေလာမွာေတာ့ သားတစ္ေယာက္၊ သမီးတစ္ေယာက္ရဲ႕ ေမေမ သႏၱာလႈိင္ တစ္ေယာက္ သူမရဲ႕ ၾကားဖူးနား၀ စကားတစ္ခြန္းကုိ ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေ၀ထားတာေတြ႕ရပါတယ္။ “စကားတခြန္းၾကားလို႔ ျပန္ရွယ္ခ်င္ပါတယ္ ……
ခေလးေတြကို ခ်မ္းသာႂကြယ္ဝဖို႔ထက္ ဘဝကိုတန္ဖိုးထားပီး ေပ်ာ္ရႊင္ေက်နပ္ေအာင္ ေနဖို႔ သင္ၾကားေပးပါ ….
အဲ့ဒါမွ ႀကီးလာရင္ ပစၥည္းရဲ႕ တန္ေၾကးကို သိရံုတင္မဟုတ္ပဲ အရာရာတိုင္းကို တန္ဖိုးထားတတ္တဲ့ လူသားတစ္ဦးျဖစ္လာမွာပါ” ဆိုျပီး ေရးသားကာ သူမရဲ႕ သားေလးငယ္ဘ၀ပုံေလးေတြကုိ မွ်ေ၀ထားပါတယ္။


သႏာၱလႈိင္ ဟာ လတ္တေလာမွာ ကေလးႏွစ္ေယာက္၊ သူမရဲ႕ ဘ၀လက္တြဲေဖာ္နဲ႕အတူ စိတ္ခ်မ္းသာဖြယ္ရာမိသားစုဘ၀ကုိ ျဖတ္သန္းေနတာျဖစ္ပါတယ္။ ခႏၶာကိုယ္အလွအပထိန္းသိမ္းနည္းေလးေတြကုိ ဗီဒီယုိဖုိင္နဲ႕တကြ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေ၀ထားတာလည္း ေတြ႕ရပါတယ္။ ပရိသတ္ၾကီးလည္း သူမအၾကံေပးထားသလုိပဲ ကေလးေတြကုိ တန္ဖုိးထားတတ္တဲ့ လူသားတစ္ဦးျဖစ္ဖုိ႕ ငယ္စဥ္ကထဲက ေသခ်ာေလးျပဳစုပ်ိဳးေထာင္ေပးသင့္ပါတယ္ေနာ္။

Photos Credit – Thandar Hlaing

Stella(Akhayar)

www.akhayar.com

[Unicode]

ကလေးတွေနဲ့ပတ်သက်ပြီး အကြံကောင်းတစ်ခုပေးလိုက်တဲ့ သန္တာလှိုင်

ဝါရင့် စူပါမော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကမှာ အောင်မြင်မှုနေရာတစ်နေရာရရှိထားတဲ့ သန္တာလှိုင်ကတော့ မိန်းကလေးပရိသတ်တွေအားကျရလောက်အောင် အရွယ်တင်နုပျိုတဲ့ အလှတရားကိုပိုင်ဆိုင်ထားပါတယ်။ ကိုယ်ပိုင် Gym ဖွင့်လှစ်ထားသလို အမျိုးသမီးတွေအတွက် အိမ်ထောင်ရေးနဲ့ အလှအပရေးရာတွေ မျှဝေပေးနေတာမို့ လူမှုကွန်ရက်မှာ သူမကို ချစ်ခင်လေးစားပြီး စောင့်ကြည့်အားပေးနေတဲ့ မိန်းကလေးပရိသတ်တွေလည်း ရှိနေတာပါ။


လတ်တလောမှာတော့ သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့ မေမေ သန္တာလှိုင် တစ်ယောက် သူမရဲ့ ကြားဖူးနား၀ စကားတစ်ခွန်းကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ “စကားတခွန်းကြားလို့ ပြန်ရှယ်ချင်ပါတယ် ……
ခလေးတွေကို ချမ်းသာကြွယ်ဝဖို့ထက် ဘဝကိုတန်ဖိုးထားပီး ပျော်ရွှင်ကျေနပ်အောင် နေဖို့ သင်ကြားပေးပါ ….အဲ့ဒါမှ ကြီးလာရင် ပစ္စည်းရဲ့ တန်ကြေးကို သိရုံတင်မဟုတ်ပဲ အရာရာတိုင်းကို တန်ဖိုးထားတတ်တဲ့ လူသားတစ်ဦးဖြစ်လာမှာပါ” ဆိုပြီး ရေးသားကာ သူမရဲ့ သားလေးငယ်ဘဝပုံလေးတွေကို မျှဝေထားပါတယ်။


သန္တာလှိုင် ဟာ လတ်တလောမှာ ကလေးနှစ်ယောက်၊ သူမရဲ့ ဘဝလက်တွဲဖော်နဲ့အတူ စိတ်ချမ်းသာဖွယ်ရာမိသားစုဘဝကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အလှအပထိန်းသိမ်းနည်းလေးတွေကို ဗီဒီယိုဖိုင်နဲ့တကွ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားတာလည်း တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း သူမအကြံပေးထားသလိုပဲ ကလေးတွေကို တန်ဖိုးထားတတ်တဲ့ လူသားတစ်ဦးဖြစ်ဖို့ ငယ်စဉ်ကထဲက သေချာလေးပြုစုပျိုးထောင်ပေးသင့်ပါတယ်နော်။

Photos Credit – Thandar Hlaing

Stella(Akhayar)

www.akhayar.com