Super Mario ချစ်သူများအတွက် 3D ရုပ်ထွက် နဲ့ “Super Mario : Odyssey” လာတော့မယ်ဗျို့။

 

Nintendo ဟာ Super Mario Odyssey ရဲ့ အသစ်စက်စက် Trailer ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ထုတ်ဖော်လိုက်ပါတယ်။ ဒီ Super Mario Odyssey ဟာ မတ်လ ၃ရက်နေ့မှာ ဖြန့်ချိမယ့် Nintendo Switch ပေါ်မှာ ဆော့ရမှာ ဖြစ်ပါတယ်။  Trailer အရတော့ Mario ဟာ New Donk City ရဲ့ ရေအောက်မြောင်းပေါက်ထဲကနေ တကယ့် ပြင်ပလောကထဲကို ခုန်ထွက်လာခဲ့တာကို တွေ့ရမှာပါ။ Super Mario 64 နဲ့ Super Mario Sunshine တို့လိုမျိုး Odyssey ဟာ Sandbox-Style Gameplay နဲ့ သွားမှာပါ။

Mario ရဲ့ Trademark ဦးထုပ်အနီလေးဟာ Odyssey မှာတော့ အနီးအနားက အရာဝတ္ထုတွေကို ပစ်ခတ်နိုင်တဲ့ လက်နက်တစ်ခုဖြစ်လာပြီး Expression ကို ဖော်ပြနိုင်တဲ့ မျက်လုံးတစ်စုံပါ ပါလာပါတယ်။

 

You May Also Like : “Razer ရဲ့ ကမ္ဘာ့ပထမဆုံး မျက်နှာပြင်သုံးခုပါဝင်တဲ့ ဂိမ်းလက်ပ်တော့

 

Trailer ထဲမှာတော့ Mario ဟာ လူတွေ ရှုပ်ထွေးတဲ့ မြို့ပြကြီးမှာ၊ မိုးမြင့်တိုက်တွေပေါ် နဲ့ သစ်ပင်ကြီးတွေပြည့်နှက်နေတဲ့ တောထဲမှာ ပြေးလွှားခုန်ပေါက်နေတာတွေကို ပြသထားပါတယ်။ တစ်နေရာကနေ တစ်နေရာကို ကူးဖို့ ယာဉ်ပျံလည်း ရှိပြီး အရင်တုန်းကလို ပဲပင်ကို တွယ်တက်တာတွေ ပါတဲ့ အပြင်တစ်ကြိမ်မှာတော့ ရွှေရောင်ခြင်္သေ့ကြီးစီးပြီး သွားတာပါ ပါဝင်ပါတယ်။ ဗီလိန်ဖြစ်တဲ့ Bowser ကို အဖြူရောင် Tux ဝတ်စုံနဲ့ တွေ့ရမှာ ဖြစ်ပြီး မင်းသမီးလေး Peach နဲ့ ယူဖြစ်မှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Super Mario Odyssey ရဲ့ Producer ဖြစ်တဲ့ Yoshiaki Koizumi ကတော့ ဒီ game မှာ Mario ဟာ Mushroom Kingdom ကနေ ခုန်ထွက်ပြီး အမည်မသိဆန်းကြယ်ကမ္ဘာထဲကို ခရီးနှင်မှာပါတဲ့။ Game ထွက်ရှိမယ့် ကာလကိုတော့ အသေးစိတ်မထုတ်ပြန်ထားပေမယ့် ၂၀၁၇ ရဲ့ Holiday ကာလမှာ ထွက်ရှိလာမယ်လို့ ဆိုထားပါတယ်။

 

ရိုးလူ (အခရာ)
www.akhayar.com

Ref : www.businessinsider.com, www.ign.com

Photo Credit : Business Insider