[Zawgyi]

ထိုင္းကေလး ၁၃ ေယာက္ ကယ္ဆယ္မႈမွာ မွတ္တမ္းတင္ထိုက္တဲ့ Super Hero မ်ား

ဇြန္လ ၂၃ ရက္ေန႔တည္းက ထိုင္းႏိုင္ငံ ထမ့္လြမ္လိႈင္ဂူထဲ ဝင္ေရာက္ရာက ေပ်ာက္ဆံုးသြားခဲ့တဲ့ အသက္ ၁၁ ႏွစ္ကေန ၁၆ ႏွစ္ဝန္းက်င္ ေတာဝက္ေဘာလံုးအဖြဲ႕ဝင္ကေလးငယ္ ၁၂ဦးနဲ႔ နည္းျပတို႔ဟာ ဇူလိုင္လ ၁၀ ရက္ေန႔ညမွာေတာ့ ၁၃ ဦးလံုး ေခ်ာေခ်ာေမာေမာ အျပင္ကိုျပန္ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။

ထိုင္းႏိုင္ငံတစ္ႏိုင္ငံလံုး ႏိုင္ငံေတာ္အဆင့္စီမံကိန္းအျဖစ္ အားသြန္ခြန္စိုက္ ရွာေဖြကယ္ဆယ္ခဲ့တဲ့အျပင္ အိမ္နီးနားခ်င္းႏိုင္ငံေတြရဲ႕ ပူးေပါင္းကူညီမႈေတြေအာက္မွာ ဆယ္ရက္ေက်ာ္ၾကာ လိႈင္ဂူထဲပိတ္မိေနခဲ့တဲ့ ကေလးငယ္ေတြဟာ အခက္အခဲေတြၾကားက ဂူျပင္ျပန္ထြက္ႏိုင္ခဲ့ၿပီး ခုဆိုရင္ေတာ့ ေဆးရံုမွာ ေဆးကုသမႈခံယူေနၾကၿပီျဖစ္ပါတယ္။

စိတ္ပူပန္မႈေတြ၊ ေသာကေတြနဲ႔ တစ္ကမ႓ာလံုးက စိတ္ဝင္တစားေစာင့္ၾကည့္ေနရတဲ့ ဒီရွာေဖြကယ္ဆယ္မႈတစ္ခုလံုး ၿပီးေျမာက္သြားခ်ိန္မွာေတာ့ ဒီလိုကယ္ဆယ္ရာမွာ ေအာင္ျမင္ဖို႔ စြမ္းစြမ္းတမံကူညီေထာက္ပံ့ေပးၾကတဲ့ က႑အသီးသီးက ေက်းဇူးတင္ဂုဏ္ျပဳထိုက္သူ သူရဲေကာင္းေတြ ေပၚထြက္ခဲ့ပါတယ္။

ကိုယ္တတ္ႏိုင္တဲ့ဘက္က ကိုယ္ႏိုင္သေလာက္ဝန္ေတြနဲ႔ ေငြေရးေၾကးေရးပဓါနမထားဘဲ အသက္စြန္႔ ကယ္ဆယ္ၾက၊ ေထာက္ပံ့ကူညီေပးခဲ့ၾကတဲ့ ဒီသူရဲေကာင္းေတြကို ထိုင္းႏိုင္ငံတစ္ဝွမ္းလံုးသာမက တစ္ကမ႓ာလံုးကပါ ေက်းဇူးတင္အသိအမွတ္ျပဳဖို႔ ထိုင္းအစိုးရက မွတ္တမ္းတင္ဂုဏ္ျပဳခဲ့ပါတယ္။

သူတို႔ေတြကေတာ့-

(၁) Rob Harper

ဇြန္လ ၂၆ ရက္ေန႔မွာေတာ့ ၿဗိတိန္ႏိုင္ငံကလိႈင္ဂူကယ္ဆယ္ေရးအသင္းအဖြဲ႕ဆီကို ထိုင္းအစိုးရတာဝန္ရွိသူေတြက ဂူထဲမွာပိတ္မိေနတဲ့ ကေလးေတြနဲ႔ပတ္သက္ၿပီး လိႈင္ဂူတြင္းကယ္ဆယ္ေရးသမားေတြထဲကို အကူအညီေတာင္းခံခဲ့ပါတယ္။ အဲ့လိုအကူညီေတာင္းခံၿပီး ၁၂ နာရီအတြင္း ထိုင္းႏိုင္ငံကို ေရာက္ခ်လာတဲ့ Cave Diving Specialist Rob Harper အပါအဝင္ ေနာက္လိုက္အဖြဲ႕ဝင္ Rick Stanson နဲ႔ John Volanthen တို႔ဟာ ကေလးေတြကို ပထမဆံုးရွာေတြ႕သူေတြအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ Rob ကေတာ့ အဲ့ဒီဂူအတြင္းကို ဝင္ေရာက္ခဲ့ဖူးသူျဖစ္တာမို႔ လိႈင္ဂူတစ္ခုလံုးရဲ႕ 3D ေျမပံုကိုပါ ဆြဲေပးခဲ့ပါတယ္။ ဒါ့ေၾကာင့္မို႔ ကေလး ၁၃ဦးကယ္ဆယ္ရာမွာ အဓိကအက်ဆံုး သူရဲေကာင္းအျဖစ္ Rob Harper ဟာ ထိုင္းဘုရင္မင္းျမတ္ရဲ႕ ဂုဏ္ျပဳလႊာကိုရရွိခဲ့ပါတယ္။

(၂) ေတာဝက္အဖြဲ႕ရဲ႕ အသင္းနည္းျပ

ကေလး ၁၂ဦးရဲ႕ နည္းျပျဖစ္သူ Ekapol Chanthawong ဟာလည္း ကေလး ၁၂ဦးလံုးနဲ႔အတူ ဂူထဲမွာ ကယ္ဆယ္သူမဲ့ၿပီး ပိတ္မိေနခဲ့တဲ့ ဆယ္ရက္ေက်ာ္ကာလအတြင္း အသက္ရွင္ရပ္တည္ႏိုင္ေအာင္ အစားအစာကအစ စြန္႔လႊတ္အနစ္နာခံ ေကြ်းေမြးခဲ့ၿပီး ကေလးေတြအသက္ရွင္ေတာင့္ခံႏိုင္ေအာင္ သင္ျပထိန္းမတ္ခဲ့လို႔ သက္ရွိသူရဲေကာင္းတစ္ဦးအျဖစ္ ခ်ီးက်ဴးဂုဏ္ျပဳခံခဲ့ရပါတယ္။

(၃) Saman Guran

Thai Navy Seal တပ္ဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္သူ ထိုင္းလူမ်ိဳး Saman Guran ဟာလည္း ဂူထဲပိတ္မိေနတဲ့ ကေလးေတြနဲ႔နည္းျပတို႔ကို ကယ္ဆယ္ဖို႔ ေအာက္စီဂ်င္ဘူးေတြ သယ္ယူပို႔ေဆာင္ေပးရင္း ဂူတြင္းမွာပဲ အသက္ရႈရပ္ၿပီး ေသဆံုးခဲ့ရသူျဖစ္ပါတယ္။ ကိုယ္က်ိဳးစြန္႔ၿပီး ကေလးေတြကို စြမ္းစြမ္းတမံ ကယ္ဆယ္ရင္း အသက္စြန္႔သြားခဲ့သူ Navy Seal တပ္ဖြဲ႔ဝင္ေဟာင္းႀကီး Saman Guran ကိုေတာ့ ထိုင္းဘုရင္မင္းျမတ္ကိုယ္တိုင္ဂုဏ္ျပဳခဲ့ၿပီး ႏိုင္ငံေတာ္အဆင့္စ်ာပနအျဖစ္ ခမ္းခမ္းနားနားသၿဂိဳဟ္ခဲ့ပါတယ္။

(၄) John Volanthen နဲ႔ Rick Stanson

ကြ်မ္းက်င္တဲ့ Cave Diver မ်ားျဖစ္ၾကတဲ့ ၿဗိတိန္လူမ်ိဳး ၂ဦးျဖစ္သူ John Volanthen နဲ႔ Rick Stanson တို႔ဟာ ကမ႓ာ႔အေတာ္ဆံုး Cave Diver ေတြအျဖစ္ သတ္မွတ္ခံရသူေတြပါ။ ၂ဦးစလံုးဟာ ပိုက္ဆံ၊ ဂုဏ္၊ ေအာင္ျမင္မႈ ဘာတစ္ခုမွ မမက္ေမာဘဲ အသက္စြန္႔ၿပီး ကမ႓ာနဲ႔အဝွမ္း ဂူတြင္းကယ္ဆယ္မႈေတြလုပ္ေနသူေတြပါ။ ထိုင္းအစိုးရရဲ႕ ပထမဆံုး အကူအညီေတာင္းခံရသူေတြလည္း ျဖစ္ပါတယ္။ သူတို႔ ၂ဦးရဲ႕ အသက္ကိုပဓာနမထားတဲ့ ကယ္ဆယ္မႈေတြေၾကာင့္သာ ကေလးေတြကို ျပန္ေတြ႕ခဲ့တာမို႔ လူသားဆန္တဲ့ Super Hero ေတြျဖစ္လာခဲ့ပါတယ္။

(၅) ထိုင္းလူမ်ိဳးမ်ား

တစ္ေယာက္ဒုကၡေရာက္ရင္ တစ္ေယာက္အျပန္အလွန္ကူညီတတ္တဲ့ ထိုင္းလူမ်ိဳးေတြကေတာ့ ကေလးေတြနဲ႔နည္းျပ ဂူထဲပိတ္မိေနတဲ့ သတင္းၾကားၾကားခ်င္း ေဝးလံတဲ့ေနရာေဒသအသီးသီးမွ လာေရာက္ခဲ့ၿပီး ကယ္ဆယ္ေရးသမားမ်ားနဲ႔ ကူညီသူအားလံုးအတြက္ ထမင္း၊ ဟင္းနဲ႔ အစားအေသာက္ေတြအားလံုးကို ကယ္ဆယ္မႈၿပီးဆံုးတဲ့အထိ ေန႔တိုင္းခ်က္ျပဳတ္ေကြ်းေမြးခဲ့ၾကပါတယ္။ အဲ့ဒီ ခ်က္ျပဳတ္ေကြ်းေမြးခဲ့သူ ထိုင္းလူမ်ိဳးေတြအားလံုးဟာလည္း ကမ႓ာအလယ္မွာ ကူညီစာနာမႈျမင့္မားတဲ့ သူရဲေကာင္းေတြအျဖစ္ အသိအမွတ္ျပဳခံခဲ့ရပါတယ္။

(၆) ထိုင္းလူမ်ိဳး အဝတ္ေလွ်ာ္လုပ္ငန္းပိုင္ရွင္

သူမတို႔မိသားစုကေတာ့ ထိုင္းကယ္ဆယ္ေရးသမားေတြနဲ႔ ကူညီေပးခဲ့သူေတြအတြက္ တတ္ႏိုင္တဲ့ဘက္က ကူညီမယ္ဆိုတဲ့စိတ္ဓါတ္နဲ႔ ကူညီကယ္ဆယ္ေရးလုပ္ခဲ့တဲ့ ၂ပတ္ေက်ာ္အတြင္း ရာခ်ီတဲ့ ရႊံ၊ ဗြက္၊ ႏြံ ညစ္ေပေနတဲ့ အဝတ္အစားအားလံုးကို သန္႔ရွင္းေျခာက္ေသြ႕ေအာင္ ေန႔တိုင္းေလွ်ာ္ဖြတ္ကူညီရင္း ပါရမီျဖည့္ခဲ့ပါတယ္။ သူတို႔မိသားစုဟာလည္း ေက်းဇူးတင္ထိုက္သူေတြအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

(၇) ထိုင္းႏိုင္ငံသားဝန္ႀကီးမ်ား၊ လယ္သမားမ်ားနဲ႔အလုပ္သမားမ်ား

ကေလးေတြရဲ႕ အသက္ကိုကယ္တင္ဖို႔က အရာအားလံုးထက္အေရးႀကီးတဲ့ဆုလာဘ္ပါလို႔ ဆိုခဲ့သူက ထိုင္ႏိုင္ငံရဲ႕ ေျမေအာက္ေရဌာနရဲ႕ ဥကၠဌပဲျဖစ္ပါတယ္။ ကေလးေတြကိုကယ္ဆယ္ရာမွာ ဂူထဲက ေရေတြအားလံုးကို စုပ္ထုတ္တဲ့အခါ အနီးအနားက လယ္ယာေတြအားလံုးေရလႊမ္းၿပီး လယ္သမားေတြဒုကၡေရာက္ခဲ့ပါတယ္။

ဒါေတာင္မမႈဘဲ ဆန္စပါးထက္ ကေလးေတြအသက္ကို ပိုတန္ဖိုးထားပါတယ္ဆိုတဲ့လယ္သမားႀကီးေတြဟာလည္း ဂုဏ္ျပဳထိုက္သူေတြပါ။ တျခား ငွက္သိုက္တူးသူေတြ၊ ေရစုပ္ထုတ္သူေတြဟာလည္း က်ရာအခန္းက႑ကေန ကယ္ဆယ္မႈမၿပီးမခ်င္း အလုပ္ပ်က္အစားပ်က္ကူညီခဲ့ၾကပါတယ္။

(၈) ထိုင္းႏိုင္ငံသားေစတနာ့ဝန္ထမ္းမ်ား

ရာနဲ႔ခ်ီတဲ့ ေစတနာ့ဝန္ထမ္းအင္အားအမ်ားအျပားဟာ ကယ္ဆယ္မႈလုပ္ေနတဲ့ ၂ပတ္အတြင္း အအိပ္၊ အစားဆင္းရဲ၊ ဒုကၡဆင္းရဲအမ်ိဳးမ်ိဳးၾကား ရရာတာဝန္ကေန အားႀကိဳးမာန္တက္ကူညီခဲ့ၾကတဲ့ သူရဲေကာင္းေတြအျဖစ္ အသိအမွတ္ျပဳေက်းဇူးတင္ခံခဲ့ရပါတယ္။

(၉) Oxygen လုပ္ငန္းအေသးစားပိုင္ရွင္

ဒီကယ္ဆယ္မႈတစ္ခုလံုးမွာ ကေလးေတြအသက္ရႈလံုေလာက္ဖို႔ လိုအပ္တဲ့ Oxygen ေတြကို လႈဒါန္းေပးခဲ့တဲ့ Oxygen လုပ္ငန္းအေသးစားပိုင္ရွင္ဟာလည္းစီးပြားအပ်က္ခံၿပီး ေငြေၾကးကိုမမႈဘဲ လိုအပ္သမွ် Oxygen အားလံုးကို လႈဒါန္းခဲ့ပါတယ္။

(၁၀) ဘာသာျခားေစတနာ့ဝန္ထမ္းေတြအတြက္ ခ်က္ျပဳတ္ေကြ်းေမြးခဲ့သူ အစၥလာမ္အမ်ိဳးသမီး

သူမဟာလည္း ရာနဲ႔ခ်ီတဲ့ ေစတနာ့ဝန္ထမ္းေတြထဲက လူမ်ိဳးျခားေတြအတြက္ အစားအေသာက္ ခက္ခဲဆင္းရဲမွာကို နားလည္စာနာၿပီး ကယ္ဆယ္မႈလုပ္ေနတဲ့ ၂ပတ္လံုး Halal အစားအစာမ်ားကို ခ်က္ျပဳတ္ကာ ေန႔စဥ္လႈဒါန္းခဲ့ပါတယ္။ သူမဟာလည္း ဂုဏ္ျပဳထိုက္သူအျဖစ္ တာဝန္ေက်ခဲ့ပါတယ္။

(၁၁) ထိုင္းအစိုးရ

ကေလးငယ္မ်ားေပ်ာက္တဲ့အခ်ိန္ကေန ျပန္ရွာေတြ႕တဲ့အခ်ိန္ထိ ႏိုင္ငံေတာ္ရန္ပံုေငြအမ်ားအျပားအကုန္က်ခံၿပီး မေတြ႕မခ်င္း ႏိုင္ငံတကာနဲ႔ခ်ိတ္ဆက္ကာ ေန႔မအားညမအားရွာေဖြခဲ့တဲ့ထိုင္းအစိုးရအဖြဲ႕နဲ႔တာဝန္ရွိသူေတြအားလံုးဟာလည္း ကမ႓ာ႔အလယ္မွာ မ်က္ႏွာပန္းလွၿပီး ႏိုင္ငံ့ဂုဏ္ထိုးတက္ခဲ့ပါတယ္။ ကိုယ့္လူမ်ိဳးနဲ႔ပတ္သက္ရင္ အဆံုးထိ ဇြဲမေလွ်ာ့ဘဲ ေရကုန္ေရခန္းကယ္တင္တတ္တဲ့ ထိုင္းလူမ်ိဳးေတြရဲ႕ စိတ္ဓါတ္ကို လူတိုင္းခ်ီးက်ဴးခဲ့ရပါတယ္။

ဒီလူသားေတြအားလံုးကေတာ့ အသက္ ၁၃ ေခ်ာင္းကို ကယ္ဆယ္ခဲ့တဲ့ေနရာမွာ တစ္ကမ႓ာလံုးကပါ အသိအမွတ္ျပဳ ေလးစားရတဲ့ သက္ရွိ Super Hero ေတြအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

EiEiKhineMinn (Akhayar)

Source; Anindya Ghose

[Unicode]

ထိုင်းကလေး ၁၃ ယောက် ကယ်ဆယ်မှုမှာ မှတ်တမ်းတင်ထိုက်တဲ့ Super Hero များ

ဇွန်လ ၂၃ ရက်နေ့တည်းက ထိုင်းနိုင်ငံ ထမ့်လွမ်လှိုင်ဂူထဲ ဝင်ရောက်ရာက ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ဝန်းကျင် တောဝက်ဘောလုံးအဖွဲ့ဝင်ကလေးငယ် ၁၂ဦးနဲ့ နည်းပြတို့ဟာ ဇူလိုင်လ ၁၀ ရက်နေ့ညမှာတော့ ၁၃ ဦးလုံး ချောချောမောမော အပြင်ကိုပြန်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံတစ်နိုင်ငံလုံး နိုင်ငံတော်အဆင့်စီမံကိန်းအဖြစ် အားသွန်ခွန်စိုက် ရှာဖွေကယ်ဆယ်ခဲ့တဲ့အပြင် အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ပူးပေါင်းကူညီမှုတွေအောက်မှာ ဆယ်ရက်ကျော်ကြာ လှိုင်ဂူထဲပိတ်မိနေခဲ့တဲ့ ကလေးငယ်တွေဟာ အခက်အခဲတွေကြားက ဂူပြင်ပြန်ထွက်နိုင်ခဲ့ပြီး ခုဆိုရင်တော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပြီဖြစ်ပါတယ်။

စိတ်ပူပန်မှုတွေ၊ သောကတွေနဲ့ တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေရတဲ့ ဒီရှာဖွေကယ်ဆယ်မှုတစ်ခုလုံး ပြီးမြောက်သွားချိန်မှာတော့ ဒီလိုကယ်ဆယ်ရာမှာ အောင်မြင်ဖို့ စွမ်းစွမ်းတမံကူညီထောက်ပံ့ပေးကြတဲ့ ကဏ္ဍအသီးသီးက ကျေးဇူးတင်ဂုဏ်ပြုထိုက်သူ သူရဲကောင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။

ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ်နိုင်သလောက်ဝန်တွေနဲ့ ငွေရေးကြေးရေးပဓါနမထားဘဲ အသက်စွန့် ကယ်ဆယ်ကြ၊ ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ ဒီသူရဲကောင်းတွေကို ထိုင်းနိုင်ငံတစ်ဝှမ်းလုံးသာမက တစ်ကမ္ဘာလုံးကပါ ကျေးဇူးတင်အသိအမှတ်ပြုဖို့ ထိုင်းအစိုးရက မှတ်တမ်းတင်ဂုဏ်ပြုခဲ့ပါတယ်။

သူတို့တွေကတော့-

(၁) Rob Harper

ဇွန်လ ၂၆ ရက်နေ့မှာတော့ ဗြိတိန်နိုင်ငံကလှိုင်ဂူကယ်ဆယ်ရေးအသင်းအဖွဲ့ဆီကို ထိုင်းအစိုးရတာဝန်ရှိသူတွေက ဂူထဲမှာပိတ်မိနေတဲ့ ကလေးတွေနဲ့ပတ်သက်ပြီး လှိုင်ဂူတွင်းကယ်ဆယ်ရေးသမားတွေထဲကို အကူအညီတောင်းခံခဲ့ပါတယ်။ အဲ့လိုအကူညီတောင်းခံပြီး ၁၂ နာရီအတွင်း ထိုင်းနိုင်ငံကို ရောက်ချလာတဲ့ Cave Diving Specialist Rob Harper အပါအဝင် နောက်လိုက်အဖွဲ့ဝင် Rick Stanson နဲ့ John Volanthen တို့ဟာ ကလေးတွေကို ပထမဆုံးရှာတွေ့သူတွေအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ Rob ကတော့ အဲ့ဒီဂူအတွင်းကို ဝင်ရောက်ခဲ့ဖူးသူဖြစ်တာမို့ လှိုင်ဂူတစ်ခုလုံးရဲ့ 3D မြေပုံကိုပါ ဆွဲပေးခဲ့ပါတယ်။ ဒါ့ကြောင့်မို့ ကလေး ၁၃ဦးကယ်ဆယ်ရာမှာ အဓိကအကျဆုံး သူရဲကောင်းအဖြစ် Rob Harper ဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ ဂုဏ်ပြုလွှာကိုရရှိခဲ့ပါတယ်။

(၂) တောဝက်အဖွဲ့ရဲ့ အသင်းနည်းပြ

ကလေး ၁၂ဦးရဲ့ နည်းပြဖြစ်သူ Ekapol Chanthawong ဟာလည်း ကလေး ၁၂ဦးလုံးနဲ့အတူ ဂူထဲမှာ ကယ်ဆယ်သူမဲ့ပြီး ပိတ်မိနေခဲ့တဲ့ ဆယ်ရက်ကျော်ကာလအတွင်း အသက်ရှင်ရပ်တည်နိုင်အောင် အစားအစာကအစ စွန့်လွှတ်အနစ်နာခံ ကျွေးမွေးခဲ့ပြီး ကလေးတွေအသက်ရှင်တောင့်ခံနိုင်အောင် သင်ပြထိန်းမတ်ခဲ့လို့ သက်ရှိသူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။

(၃) Saman Guran

Thai Navy Seal တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ထိုင်းလူမျိုး Saman Guran ဟာလည်း ဂူထဲပိတ်မိနေတဲ့ ကလေးတွေနဲ့နည်းပြတို့ကို ကယ်ဆယ်ဖို့ အောက်စီဂျင်ဘူးတွေ သယ်ယူပို့ဆောင်ပေးရင်း ဂူတွင်းမှာပဲ အသက်ရှုရပ်ပြီး သေဆုံးခဲ့ရသူဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့်ပြီး ကလေးတွေကို စွမ်းစွမ်းတမံ ကယ်ဆယ်ရင်း အသက်စွန့်သွားခဲ့သူ Navy Seal တပ်ဖွဲ့ဝင်ဟောင်းကြီး Saman Guran ကိုတော့ ထိုင်းဘုရင်မင်းမြတ်ကိုယ်တိုင်ဂုဏ်ပြုခဲ့ပြီး နိုင်ငံတော်အဆင့်ဈာပနအဖြစ် ခမ်းခမ်းနားနားသဂြိုဟ်ခဲ့ပါတယ်။

(၄) John Volanthen နဲ့ Rick Stanson

ကျွမ်းကျင်တဲ့ Cave Diver များဖြစ်ကြတဲ့ ဗြိတိန်လူမျိုး ၂ဦးဖြစ်သူ John Volanthen နဲ့ Rick Stanson တို့ဟာ ကမ္ဘာ့အတော်ဆုံး Cave Diver တွေအဖြစ် သတ်မှတ်ခံရသူတွေပါ။ ၂ဦးစလုံးဟာ ပိုက်ဆံ၊ ဂုဏ်၊ အောင်မြင်မှု ဘာတစ်ခုမှ မမက်မောဘဲ အသက်စွန့်ပြီး ကမ္ဘာနဲ့အဝှမ်း ဂူတွင်းကယ်ဆယ်မှုတွေလုပ်နေသူတွေပါ။ ထိုင်းအစိုးရရဲ့ ပထမဆုံး အကူအညီတောင်းခံရသူတွေလည်း ဖြစ်ပါတယ်။ သူတို့ ၂ဦးရဲ့ အသက်ကိုပဓာနမထားတဲ့ ကယ်ဆယ်မှုတွေကြောင့်သာ ကလေးတွေကို ပြန်တွေ့ခဲ့တာမို့ လူသားဆန်တဲ့ Super Hero တွေဖြစ်လာခဲ့ပါတယ်။

(၅) ထိုင်းလူမျိုးများ

တစ်ယောက်ဒုက္ခရောက်ရင် တစ်ယောက်အပြန်အလှန်ကူညီတတ်တဲ့ ထိုင်းလူမျိုးတွေကတော့ ကလေးတွေနဲ့နည်းပြ ဂူထဲပိတ်မိနေတဲ့ သတင်းကြားကြားချင်း ဝေးလံတဲ့နေရာဒေသအသီးသီးမှ လာရောက်ခဲ့ပြီး ကယ်ဆယ်ရေးသမားများနဲ့ ကူညီသူအားလုံးအတွက် ထမင်း၊ ဟင်းနဲ့ အစားအသောက်တွေအားလုံးကို ကယ်ဆယ်မှုပြီးဆုံးတဲ့အထိ နေ့တိုင်းချက်ပြုတ်ကျွေးမွေးခဲ့ကြပါတယ်။ အဲ့ဒီ ချက်ပြုတ်ကျွေးမွေးခဲ့သူ ထိုင်းလူမျိုးတွေအားလုံးဟာလည်း ကမ္ဘာအလယ်မှာ ကူညီစာနာမှုမြင့်မားတဲ့ သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

(၆) ထိုင်းလူမျိုး အဝတ်လျှော်လုပ်ငန်းပိုင်ရှင်

သူမတို့မိသားစုကတော့ ထိုင်းကယ်ဆယ်ရေးသမားတွေနဲ့ ကူညီပေးခဲ့သူတွေအတွက် တတ်နိုင်တဲ့ဘက်က ကူညီမယ်ဆိုတဲ့စိတ်ဓါတ်နဲ့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ၂ပတ်ကျော်အတွင်း ရာချီတဲ့ ရွှံ၊ ဗွက်၊ နွံ ညစ်ပေနေတဲ့ အဝတ်အစားအားလုံးကို သန့်ရှင်းခြောက်သွေ့အောင် နေ့တိုင်းလျှော်ဖွတ်ကူညီရင်း ပါရမီဖြည့်ခဲ့ပါတယ်။ သူတို့မိသားစုဟာလည်း ကျေးဇူးတင်ထိုက်သူတွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

(၇) ထိုင်းနိုင်ငံသားဝန်ကြီးများ၊ လယ်သမားများနဲ့အလုပ်သမားများ

ကလေးတွေရဲ့ အသက်ကိုကယ်တင်ဖို့က အရာအားလုံးထက်အရေးကြီးတဲ့ဆုလာဘ်ပါလို့ ဆိုခဲ့သူက ထိုင်နိုင်ငံရဲ့ မြေအောက်ရေဌာနရဲ့ ဥက္ကဌပဲဖြစ်ပါတယ်။ ကလေးတွေကိုကယ်ဆယ်ရာမှာ ဂူထဲက ရေတွေအားလုံးကို စုပ်ထုတ်တဲ့အခါ အနီးအနားက လယ်ယာတွေအားလုံးရေလွှမ်းပြီး လယ်သမားတွေဒုက္ခရောက်ခဲ့ပါတယ်။

ဒါတောင်မမှုဘဲ ဆန်စပါးထက် ကလေးတွေအသက်ကို ပိုတန်ဖိုးထားပါတယ်ဆိုတဲ့လယ်သမားကြီးတွေဟာလည်း ဂုဏ်ပြုထိုက်သူတွေပါ။ တခြား ငှက်သိုက်တူးသူတွေ၊ ရေစုပ်ထုတ်သူတွေဟာလည်း ကျရာအခန်းကဏ္ဍကနေ ကယ်ဆယ်မှုမပြီးမချင်း အလုပ်ပျက်အစားပျက်ကူညီခဲ့ကြပါတယ်။

(၈) ထိုင်းနိုင်ငံသားစေတနာ့ဝန်ထမ်းများ

ရာနဲ့ချီတဲ့ စေတနာ့ဝန်ထမ်းအင်အားအများအပြားဟာ ကယ်ဆယ်မှုလုပ်နေတဲ့ ၂ပတ်အတွင်း အအိပ်၊ အစားဆင်းရဲ၊ ဒုက္ခဆင်းရဲအမျိုးမျိုးကြား ရရာတာဝန်ကနေ အားကြိုးမာန်တက်ကူညီခဲ့ကြတဲ့ သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြုကျေးဇူးတင်ခံခဲ့ရပါတယ်။

(၉) Oxygen လုပ်ငန်းအသေးစားပိုင်ရှင်

ဒီကယ်ဆယ်မှုတစ်ခုလုံးမှာ ကလေးတွေအသက်ရှုလုံလောက်ဖို့ လိုအပ်တဲ့ Oxygen တွေကို လှုဒါန်းပေးခဲ့တဲ့ Oxygen လုပ်ငန်းအသေးစားပိုင်ရှင်ဟာလည်းစီးပွားအပျက်ခံပြီး ငွေကြေးကိုမမှုဘဲ လိုအပ်သမျှ Oxygen အားလုံးကို လှုဒါန်းခဲ့ပါတယ်။

(၁၀) ဘာသာခြားစေတနာ့ဝန်ထမ်းတွေအတွက် ချက်ပြုတ်ကျွေးမွေးခဲ့သူ အစ္စလာမ်အမျိုးသမီး

သူမဟာလည်း ရာနဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေထဲက လူမျိုးခြားတွေအတွက် အစားအသောက် ခက်ခဲဆင်းရဲမှာကို နားလည်စာနာပြီး ကယ်ဆယ်မှုလုပ်နေတဲ့ ၂ပတ်လုံး Halal အစားအစာများကို ချက်ပြုတ်ကာ နေ့စဉ်လှုဒါန်းခဲ့ပါတယ်။ သူမဟာလည်း ဂုဏ်ပြုထိုက်သူအဖြစ် တာဝန်ကျေခဲ့ပါတယ်။

(၁၁) ထိုင်းအစိုးရ

ကလေးငယ်များပျောက်တဲ့အချိန်ကနေ ပြန်ရှာတွေ့တဲ့အချိန်ထိ နိုင်ငံတော်ရန်ပုံငွေအများအပြားအကုန်ကျခံပြီး မတွေ့မချင်း နိုင်ငံတကာနဲ့ချိတ်ဆက်ကာ နေ့မအားညမအားရှာဖွေခဲ့တဲ့ထိုင်းအစိုးရအဖွဲ့နဲ့တာဝန်ရှိသူတွေအားလုံးဟာလည်း ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှပြီး နိုင်ငံ့ဂုဏ်ထိုးတက်ခဲ့ပါတယ်။ ကိုယ့်လူမျိုးနဲ့ပတ်သက်ရင် အဆုံးထိ ဇွဲမလျှော့ဘဲ ရေကုန်ရေခန်းကယ်တင်တတ်တဲ့ ထိုင်းလူမျိုးတွေရဲ့ စိတ်ဓါတ်ကို လူတိုင်းချီးကျူးခဲ့ရပါတယ်။

ဒီလူသားတွေအားလုံးကတော့ အသက် ၁၃ ချောင်းကို ကယ်ဆယ်ခဲ့တဲ့နေရာမှာ တစ်ကမ္ဘာလုံးကပါ အသိအမှတ်ပြု လေးစားရတဲ့ သက်ရှိ Super Hero တွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

EiEiKhineMinn (Akhayar)

Source; Anindya Ghose