ခေါင်းစဉ်ကြည့်လိုက်တာနဲ့  Super Hero Fan တွေနဲ့ DC Fan တွေဆို တခါတည်း သိလိုက်ကြမယ် ထင်ပါတယ်။ အခုချိန်မှာလည်း Batman ရဲ့ နောက်လာမယ့် ရုပ်ရှင်မှာ ပြောင်းလဲဖို့ရှိနေတဲ့ ခေါင်းဆောင်မင်းသား သတင်းတွေကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေချိန်မှာ ကိုယ်ကတော့ Café Gotham မှာ အေးဆေးလေး Smoothie သောက်ရင်း ဆိုင်မှာ Free ရတဲ့ Channel Myanmar က ဇာတ်ကားတွေကို Download ဆွဲပြီး အလုပ်ရှုပ်လို့။

Café Gotham မှာ ထိုင်ရတာ ဒီတစ်ချက်နဲ့တင် အတော်လေးတန်တယ်။ သူငယ်ချင်းမှာထားတဲ့ Mint Mocha ကလည်း အခါးဓာတ်မှာ ပူရှိန်းရှိန်းအရသာနဲ့။ သူအတော်လေး အကြိုက်တွေ့သွားတယ်။

ဆိုင်မှာရတဲ့ မီနူးက Cold Drink, Hot Drink တွေအပြင် ထမင်းသုတ်တွေပါ ရတယ်။ နောက်တစ်လ၊ နှစ်လအတွင်း အသစ်ထွက်ဖို့ရှိတဲ့ Mini Burger အရသာကလည်း အဆာပြေစားဖို့ မှာယူမယ်ဆိုရင် အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ အော် ပုဇွန်ဖက်ထုပ်ကိုလည်း မဖြစ်မနေ မြည်းစမ်းသင့်ပါတယ်။ စားဖူးသမျှထဲမှာ မအီဆုံးနဲ့ စားရတာ အရသာရှိဆုံး ဖက်ထုပ်ပါ။

အပြင်အဆင်ကတော့ ဆိုင်ရဲ့ ဝင်ဝင်ချင်း ဘယ်ဖက်နံရံမှာ Batman ပုံကြီးကို Graffiti Art နဲ့ ပုံဖော်ထားတယ်။ ညာဘက်ခြမ်းမှာတော့ Cat Woman ပုံရှိပြီး နောက်ဘက်ခြမ်းမှာတော့ ကြောက်စရာကောင်းတဲ့ ဂျိုကာပုံရှိတယ်။ ဆိုင်လာသူတွေ မပျင်းရအောင် စာအုပ်တွေ၊ Board Game တချို့နဲ့ Card Game တို့ကို ထားပေးထားပါတယ်။ အချိန်က

ည ၉နာရီကျော်နေပြီ ဖြစ်ပေမယ့် အထက်ကြည့်မြင်တိုင်လမ်းမကို မျက်နှာမူထားတဲ့ သက်ကြီးပိုင်းလူတစ်စုက Café Gotham ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ထိုင်ပြီး စကားစမြည်ပြောလို့ကောင်းတုန်း။ ကားတွေကလည်း ခပ်ကျဲကျဲနဲ့။

NSC (Akhayar)