[Zawgyi]

ဒီရာသီ ပရီးမီးယားလိဂ္ ရာသီကုန္ ရပ္တည္မႈကုိ Super Computer ရဲ႕ ခန္႔မွန္းခ်က္

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္ကေတာ့ ၿပိဳင္ပဲြကာလ (၃)ပုံ (၁)ပုံနီးပါးကုိ ေရာက္ရွိလာပါၿပီ။ ဒီအခ်ိန္မွာ ခ်န္ပီယံ ဘယ္သူလဲဆုိတာ ေျပာဖုိ႔ေစာေသးေပမယ့္ ခန္႔မွန္းလုိ႔ရႏုိင္တဲ့အေနအထား ရွိေနၿပီး ဘယ္လုိအေျပာင္းအလဲေတြရွိလာမလဲဆုိတာ ေစာင့္ၾကည့္ရမယ္။ အခုေလာေလာဆယ္ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းက ႐ႈံးပဲြမရွိမွတ္တမ္းနဲ႔ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကုိ ဦးေဆာင္ေနတယ္။ မန္စီးတီးနဲ႔အတူ ႐ႈံးပဲြမရွိေသးတဲ့ လီဗာပူးလ္၊ ခ်ယ္လ္ဆီးအသင္းတို႔ကလည္း (၂)မွတ္၊ (၄)မွတ္အကြာကေန မန္စီးတီးကုိ ဖိအား လုိက္ေပးေနၾကတယ္။ ရာသီကုန္က်ရင္ ဘယ္သူဗုိလ္စဲြမလဲ၊ ဘယ္အသင္းေတြ တန္းဆင္းရမလဲဆုိတာကလည္း ပရီးမီးယားလိဂ္ ရာသီတိုင္းလုိလုိ စိတ္၀င္စားစရာေကာင္းတဲ့ အရာတစ္ခုပါပဲ။ ဒါေၾကာင့္ နာမည္ေက်ာ္ အားကစား၀က္ဆုိက္ဘ္ျဖစ္တ့ဲ talksport က သူတို႔ရဲ႕ Super Computer ကုိ အသုံးျပဳၿပီး ရာသီကုန္ က်ရင္ ခ်န္ပီယံျဖစ္မယ့္အသငး္၊ တန္းဆင္းမယ့္အသင္းေတြကုိ အခုလုိ တြက္ခ်က္ ေဖာ္ျပခဲ့ပါတယ္ . . .

Manchester-City

Manchester-City

ရာသီကုန္မွာ ထိပ္ဆုံး(၆)သင္းေနရာ ရရွိမယ့္အသင္းမ်ား

1. Manchester City (Premier League champions)
2. Chelsea (Champions League qualification)
3. Liverpool (Champions League qualification)
4. Tottenham (Champions League qualification)
5. Arsenal (Europa League qualification)
6. Manchester United

ရာသီကုန္ ထိပ္ဆုံး(၆)ေနရာအတြက္ Super Computer ရဲ႕ တြက္ခ်က္မႈကုိေတာ့ မန္ယူ ပရိသတ္ေတြ သိပ္ သေဘာမက်ႏုိင္ေပမယ့္ မန္စီးတီးပရိသတ္ေတြကေတာ့ ေက်နပ္အားရေနပါလိမ့္မယ္။ မန္စီးတီးက ပရီးမီးယားလိဂ္ခ်န္ပီယံကုိ ဆက္ထိန္းႏုိင္မွာျဖစ္ၿပီး မန္ယူကေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္ေတာင္ မရဘဲ အဆင့္(၆)ေနရာသာ ရပ္တည္ႏုိင္မယ္လုိ႔ ခန္႔မွန္းခဲ့တာျဖစ္ပါတယ္။

Manchester-United

Manchester-United

ဒါ့အျပင္ အာဆင္နယ္အသငး္ကုိလည္း ခ်န္ပီယံလိဂ္၀င္ခြင့္ မရႏုိင္ဘူးလုိ႔ ခန္႔မွန္းခဲ့တာကေတာ့ လက္ရွိအာဆင္နယ္ရဲဲ႕ ေျခစြမ္းအရ ျဖစ္ႏုိင္ပ့ါမလားဆုိတာ သံသယျဖစ္စရာပါပဲ။ တန္းဆင္းရမယ့္ အသင္းေတြကုိ ဘယ္လုိခန္႔မွန္းထားလဲ ၾကည့္လုိက္ရေအာင္ . .

တန္းဆင္းရမယ့္ အသင္း(၃)သင္း

18. Fulham (relegated)
19. Huddersfield Town (relegated)
20. Cardiff City (relegated)

Fulham

Fulham

ဒါကေတာ့ သိပ္အျငင္းပြားစရာ မရွိေလာက္ပါဘူး။ ဒီ(၃)သင္းစလုံးကလည္း တကယ့္ကုိ ဆုိးဆုိးရြားရြား ရလဒ္ေတြနဲ႔ အမွတ္ေပးဇယားေအာက္နားမွာ ႐ုန္းကန္ေနရတဲ့အသင္းေတြ ျဖစ္ေနပါတယ္။ ကဲ .. ပရိသတ္ႀကီးေရ . .Super Computer ကေတာ့ ရာသီကုန္မွာျဖစ္လာႏုိင္တဲ့ ရပ္တည္မႈကုိ ခန္႔မွန္းလုိက္ပါၿပီ။ ဒီခန္႔မွန္းခ်က္က ဘယ္ေလာက္အထိ မွန္ကန္မလဲဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္လား . .

REF:talksport
Photo:Irish Mirror,The National,Best World News,talksport
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီ ပရီးမီးယားလိဂ် ရာသီကုန် ရပ်တည်မှုကို Super Computer ရဲ့ ခန့်မှန်းချက်

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ကတော့ ပြိုင်ပွဲကာလ (၃)ပုံ (၁)ပုံနီးပါးကို ရောက်ရှိလာပါပြီ။ ဒီအချိန်မှာ ချန်ပီယံ ဘယ်သူလဲဆိုတာ ပြောဖို့စောသေးပေမယ့် ခန့်မှန်းလို့ရနိုင်တဲ့အနေအထား ရှိနေပြီး ဘယ်လိုအပြောင်းအလဲတွေရှိလာမလဲဆိုတာ စောင့်ကြည့်ရမယ်။ အခုလောလောဆယ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ရှုံးပွဲမရှိမှတ်တမ်းနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတယ်။ မန်စီးတီးနဲ့အတူ ရှုံးပွဲမရှိသေးတဲ့ လီဗာပူးလ်၊ ချယ်လ်ဆီးအသင်းတို့ကလည်း (၂)မှတ်၊ (၄)မှတ်အကွာကနေ မန်စီးတီးကို ဖိအား လိုက်ပေးနေကြတယ်။ ရာသီကုန်ကျရင် ဘယ်သူဗိုလ်စွဲမလဲ၊ ဘယ်အသင်းတွေ တန်းဆင်းရမလဲဆိုတာကလည်း ပရီးမီးယားလိဂ် ရာသီတိုင်းလိုလို စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုပါပဲ။ ဒါကြောင့် နာမည်ကျော် အားကစားဝက်ဆိုက်ဘ်ဖြစ်တဲ့ talksport က သူတို့ရဲ့ Super Computer ကို အသုံးပြုပြီး ရာသီကုန် ကျရင် ချန်ပီယံဖြစ်မယ့်အသင်း၊ တန်းဆင်းမယ့်အသင်းတွေကို အခုလို တွက်ချက် ဖော်ပြခဲ့ပါတယ် . . .

Manchester-City

Manchester-City

ရာသီကုန်မှာ ထိပ်ဆုံး(၆)သင်းနေရာ ရရှိမယ့်အသင်းများ

1. Manchester City (Premier League champions)
2. Chelsea (Champions League qualification)
3. Liverpool (Champions League qualification)
4. Tottenham (Champions League qualification)
5. Arsenal (Europa League qualification)
6. Manchester United

ရာသီကုန် ထိပ်ဆုံး(၆)နေရာအတွက် Super Computer ရဲ့ တွက်ချက်မှုကိုတော့ မန်ယူ ပရိသတ်တွေ သိပ် သဘောမကျနိုင်ပေမယ့် မန်စီးတီးပရိသတ်တွေကတော့ ကျေနပ်အားရနေပါလိမ့်မယ်။ မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံကို ဆက်ထိန်းနိုင်မှာဖြစ်ပြီး မန်ယူကတော့ ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရဘဲ အဆင့်(၆)နေရာသာ ရပ်တည်နိုင်မယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

Manchester-United

Manchester-United

ဒါ့အပြင် အာဆင်နယ်အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်ဘူးလို့ ခန့်မှန်းခဲ့တာကတော့ လက်ရှိအာဆင်နယ်ရဲ့ ခြေစွမ်းအရ ဖြစ်နိုင်ပ့ါမလားဆိုတာ သံသယဖြစ်စရာပါပဲ။ တန်းဆင်းရမယ့် အသင်းတွေကို ဘယ်လိုခန့်မှန်းထားလဲ ကြည့်လိုက်ရအောင် . .

တန်းဆင်းရမယ့် အသင်း(၃)သင်း

18. Fulham (relegated)
19. Huddersfield Town (relegated)
20. Cardiff City (relegated)

Fulham

Fulham

ဒါကတော့ သိပ်အငြင်းပွားစရာ မရှိလောက်ပါဘူး။ ဒီ(၃)သင်းစလုံးကလည်း တကယ့်ကို ဆိုးဆိုးရွားရွား ရလဒ်တွေနဲ့ အမှတ်ပေးဇယားအောက်နားမှာ ရုန်းကန်နေရတဲ့အသင်းတွေ ဖြစ်နေပါတယ်။ ကဲ .. ပရိသတ်ကြီးရေ . .Super Computer ကတော့ ရာသီကုန်မှာဖြစ်လာနိုင်တဲ့ ရပ်တည်မှုကို ခန့်မှန်းလိုက်ပါပြီ။ ဒီခန့်မှန်းချက်က ဘယ်လောက်အထိ မှန်ကန်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်လား . .

REF:talksport
Photo:Irish Mirror,The National,Best World News,talksport
Naing Linn(Akhayar)
www.akhayar.com