[Zawgyi]

မိသားစုဘဝတစ္ခုကို တန္ဖိုးထားၿပီး အျမဲတမ္းမားမားမတ္မတ္ရပ္တည္မယ္ ဆိုတဲ့ ဆုပန္ထြာ

မိသားစု ပံုေလးေတြကိုၾကည့္ရင္း သူမတည္ေဆာက္ထားတဲ့ မိသားစု ဘဝ အတြက္ အျမဲတမ္း မားမားမတ္မတ္ရပ္တည္မယ္ ဆိုတဲ့ စိတ္ဓါတ္ေတြပိုမိုခိုင္မာလာပံုကို စာနဲ႕တကြ သရုပ္ေဆာင္ဆုပန္ထြာက ေဖာ္ျပခဲ့ပါတယ္။

“ရုပ္ရွင္ေတးကဗ်ာမဂၢဇင္းအတြက္ ျပင္ဦးလြင္မွာ ရိုက္ေပးထားတဲ့မိသားစုပံုေလးေတြရေတာ့ ရင္ထဲၾကည္ႏူးရတာေလးေရာ၊ပီတိျဖစ္တာေလးေရာ၊ေယာက္်ာၤးအေပၚခံစားမိတာေလးေတေရာ၊Roar Roar အေပၚခ်စ္ရတာေလးေတေရာေရးခ်င္မိပါတယ္။ စာရွည္သြားရင္ခြင့္လႊတ္ပါလို႔။ ကိုယ္အပ်ိဳတုန္းကလူေျပာသူေျပာလြတ္ခဲ့ဖူးေပမယ့္ ဒီအိမ္ေထာင္ေလးတည္ေထာင္တဲ့အခ်ိန္ အမွန္တရားရွိေပမယ့္ လူေျပာသူေျပာမ်ားၿပီးေၾကာက္စရာေလာကဓံဆိုတာကို ၾကံ့ၾကံ့ခံရင္း ဒီအိမ္ေထာင္ေလးကိုခက္ခဲၾကမ္းတမ္းစြာႏွစ္ေယာက္လံုးတည္ေထာင္ခဲ့ရပါတယ္။
လင္မယားႏွစ္ေယာက္လံုးဘဝေတြေျပာင္းျပန္လွန္ၿပီးမိသားစုဘဝေလးကိုစခဲ့ရတာမို႔တန္ဖိုးႀကီးလြန္းပါတယ္။ ဒီပံုေလးေတြရေတာ့ၾကည့္ၿပီးရင္ထဲၾကည္ၾကည္ႏူးႏူးေလးခံစားမိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္မအေပၚတန္ဖိုးထားခ်စ္ၿပီး၊အိမ္ေပၚကဆင္းလာခဲ့တဲ့ကၽြန္မရဲ႕အိမ္ေထာင္ဦးစီးကို တန္ဖိုးထားရင္း၊ေလးစားရင္း သူ႔ကို Ko Okkar Kyaw  ကိုဘာအရာႏွင့္မၽွမလဲႏိုင္ေတာ့ပါဘူး။

ဆုပန္ထြာတို႕မိသားစု

ဆုပန္ထြာတို႕မိသားစု

ကိုဥကၠာ ပန္ပန္႔ကိုစၿပီး Propose လုပ္တုန္းက သူပန္ပန္႔ကိုခ်စ္တာအျပင္တခါတည္းပါလက္ထပ္ခ်င္တာ၊ေပ်ာ္စရာေကာင္းတဲ့မိသားစုေလးသူလိုခ်င္တာ၊ေနခ်င္တာ လို႔ေျပာခဲ့ဖူးပါတယ္။

သူအရာရာကိုစြန္႔လႊတ္ခဲ့ၿပီးပန္ပန္နဲ႔ဘဝကိုႏွစ္ေယာက္အတူတူခက္ခက္ခဲခဲႀကိဳးစားရင္ဆိုင္ေက်ာ္ျဖတ္ရင္း သူျဖစ္ခ်င္တဲ့ဘဝေလးရေအာင္သူႀကိဳးစားဖန္တီးခဲ့တယ္လို႔ ဒီပံုေလးေတြၾကည့္ရင္းၾကည့္ရင္း ပန္ပန္သူ႔အေပၚျမင္မိပါတယ္။ မဂၤလာေဆာင္လက္ထပ္ၿပီးေတာ့လဲ ကေလးေလးတစ္ေယာက္ခ်က္ခ်င္းယူမယ္ေျပာလို႔၊ ခ်က္ခ်င္းကေလးမယူေသးဖို႔မနည္းေျပာျပခဲ့ရပါတယ္။

ယူၿပီး ၆ လေနာက္ပိုင္းလတိုင္းဗိုက္ႀကီးပီလားေမးေမးၿပီး မႀကီးေသးဘူးေျဖတိုင္းမ်က္ရည္ေတြဝိုင္းၿပီး ဝမ္းနည္းေနတတ္တဲ့သူ႔ၾကည့္ၿပီးကိုယ္ပါ Baby ေလးအရမ္းလိုခ်င္လာပါတယ္။
အခုလည္းသူအရမ္းလိုခ်င္လို႔ Baby ေလးယူခဲ့ရေပမယ့္ Roar Roar Kyaw ကိုအခုကၽြန္မကပိုခ်စ္ပါတယ္ေလ…ခိ 😂 😂 😂 မိသားစုေလးျဖစ္တည္လာတဲ့အခါေပ်ာ္စရာေကာင္းတာေလးေတြကဘာမွနဲ႔မတူတဲ့စိတ္ခံစားမႉေလးေတြေပးမွန္းသိလာရပါတယ္။ အခ်စ္ကိုသိပ္မခံစားတတ္တဲ့ကၽြန္မခ်စ္တတ္လာေအာင္သင္ေပးခဲ့ၿပီလို႔လည္းခံစားရပါတယ္။

ဆုပန္ထြာတို႕မိသားစု

ဆုပန္ထြာတို႕မိသားစု

အခု သားသားကပါ ကၽြန္မစိတ္ေတြကိုတီတီတာတာနဲ႔ႏူးညံ့တတ္ေအာင္၊ သည္းခံတတ္ေအာင္၊ ကိုယ့္ပါးေလးကိုသူ႔လက္ကေလး ေသးေသးေလးေတြနဲ႔ကိုင္ကိုင္ၿပီး မားမား မာမား လို႔ေခၚတတ္တာေလးကရင္ထဲေပ်ာ္စရာေလး။ သူလုပ္လို႔မားမားနာသြားရင္ေတာင္ နာတာကိုစိတ္မဆိုးေအာင္အိုင္တင္ေလးေတြနဲ႔ ခ်က္ခ်င္းအရည္ေပ်ာ္ေအာင္လုပ္ျပတတ္ေနပါၿပီ။

အရင္တုန္းကသူမ်ားအန္ရင္ေဘးကေနပ်ိဳ႕ပ်ိဳ႕တက္ၿပီးကိုယ္ပါလိုက္အန္တတ္တဲ့ကၽြန္မ၊ အခု Roar Roar တခါတေလေနမေကာင္းလို႔ႏို႔ခ်ဥ္ေတြမ်ားအန္ရင္ ကိုယ္ကလက္နဲ႔လိုက္ခံရင္း သားေလးကိုသနားလြန္းလို႔အန္ခ်င္ဖို႔ေနေနသာသာ ကိုယ္သာျဖစ္လိုက္ခ်င္တယ္သားရယ္ဆိုၿပီးအန္ဖတ္ေတြတကိုယ္လံုးရြဲ ခ်ည္ေဆာ္ေတနံရင္းတန္းလန္း မ်က္ရည္က်ရတာအခါခါရယ္။

အရင္ကအရမ္းအအိပ္မက္ခဲ့တဲ့ကၽြန္မ သားသား တစ္ႏွစ္နဲ႔ခုႏွစ္လသာေက်ာ္တာ တစ္ရက္မွညဘက္ေကာင္းေကာင္းမအိပ္ျဖစ္ဖူးရယ္။ အခုထိ မာမား ဗူးဗူးဆိုတာနဲ႔ ေငါက္ကနဲထထုိင္ရင္း သားအတြက္ႏို႔ဗူးထေဖ်ာ္တာေတာင္ သူအားရပါးရႏို႔စို႔တာကိုအိပ္ခ်င္မူးတူးၾကည့္ရင္းေပ်ာ္ေနတတ္တဲ့ကၽြန္မပါ။

တခါတေလဘယ္ေလာက္ပင္ပန္းပင္ပန္းဘယ္ေလာက္အိပ္ေရးပ်က္ပ်က္ မိသားစုဘဝေလးၾကည္ႏူးလြန္းလို႔ “ခ်စ္စရာေကာင္းတဲ့သားေလးေပးထားတဲ့ေယာက်ၤားကို ေက်းဇူးတင္ပါတယ္” လို႔ပန္ပန္အျမဲေျပာတတ္ပါတယ္။

ဘယ္အေျခအေနဘယ္လိုပဲျဖစ္ျဖစ္ ဘဝတစ္ခုလံုးနဲ႔ရင္းၿပီးတည္ေထာင္ခဲ့ရတဲ့မိသားစုေလးမို႔……. ကၽြန္မေယာက္်ားဘက္မွာအျမဲေနပါမယ္! ကၽြန္မသားအေရွ႕ကအျမဲမားမားမတ္မတ္ရပ္ပါမယ္” ဆိုၿပီးေတာ့ ဆုပန္ထြာ က သူမရဲ႕ လူမႈကြန္ရက္မွာ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။

Photo Credit: Supan Htwar Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

မိသားစုဘဝတစ်ခုကို တန်ဖိုးထားပြီး အမြဲတမ်းမားမားမတ်မတ်ရပ်တည်မယ် ဆိုတဲ့ ဆုပန်ထွာ

မိသားစု ပုံလေးတွေကိုကြည့်ရင်း သူမတည်ဆောက်ထားတဲ့ မိသားစု ဘဝ အတွက် အမြဲတမ်း မားမားမတ်မတ်ရပ်တည်မယ် ဆိုတဲ့ စိတ်ဓါတ်တွေပိုမိုခိုင်မာလာပုံကို စာနဲ့တကွ သရုပ်ဆောင်ဆုပန်ထွာက ဖော်ပြခဲ့ပါတယ်။

“ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းအတွက် ပြင်ဦးလွင်မှာ ရိုက်ပေးထားတဲ့မိသားစုပုံလေးတွေရတော့ ရင်ထဲကြည်နူးရတာလေးရော၊ပီတိဖြစ်တာလေးရော၊ယောက်ျာၤးအပေါ်ခံစားမိတာလေးတေရော၊Roar Roar အပေါ်ချစ်ရတာလေးတေရောရေးချင်မိပါတယ်။ စာရှည်သွားရင်ခွင့်လွှတ်ပါလို့။ ကိုယ်အပျိုတုန်းကလူပြောသူပြောလွတ်ခဲ့ဖူးပေမယ့် ဒီအိမ်ထောင်လေးတည်ထောင်တဲ့အချိန် အမှန်တရားရှိပေမယ့် လူပြောသူပြောများပြီးကြောက်စရာလောကဓံဆိုတာကို ကြံ့ကြံ့ခံရင်း ဒီအိမ်ထောင်လေးကိုခက်ခဲကြမ်းတမ်းစွာနှစ်ယောက်လုံးတည်ထောင်ခဲ့ရပါတယ်။
လင်မယားနှစ်ယောက်လုံးဘဝတွေပြောင်းပြန်လှန်ပြီးမိသားစုဘဝလေးကိုစခဲ့ရတာမို့တန်ဖိုးကြီးလွန်းပါတယ်။ ဒီပုံလေးတွေရတော့ကြည့်ပြီးရင်ထဲကြည်ကြည်နူးနူးလေးခံစားမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအပေါ်တန်ဖိုးထားချစ်ပြီး၊အိမ်ပေါ်ကဆင်းလာခဲ့တဲ့ကျွန်မရဲ့အိမ်ထောင်ဦးစီးကို တန်ဖိုးထားရင်း၊လေးစားရင်း သူ့ကို Ko Okkar Kyaw ကိုဘာအရာနှင့်မျှမလဲနိုင်တော့ပါဘူး။

ဆုပန်ထွာတို့မိသားစု

ဆုပန်ထွာတို့မိသားစု

ကိုဥက္ကာ ပန်ပန့်ကိုစပြီး Propose လုပ်တုန်းက သူပန်ပန့်ကိုချစ်တာအပြင်တခါတည်းပါလက်ထပ်ချင်တာ၊ပျော်စရာကောင်းတဲ့မိသားစုလေးသူလိုချင်တာ၊နေချင်တာ လို့ပြောခဲ့ဖူးပါတယ်။

သူအရာရာကိုစွန့်လွှတ်ခဲ့ပြီးပန်ပန်နဲ့ဘဝကိုနှစ်ယောက်အတူတူခက်ခက်ခဲခဲကြိုးစားရင်ဆိုင်ကျော်ဖြတ်ရင်း သူဖြစ်ချင်တဲ့ဘဝလေးရအောင်သူကြိုးစားဖန်တီးခဲ့တယ်လို့ ဒီပုံလေးတွေကြည့်ရင်းကြည့်ရင်း ပန်ပန်သူ့အပေါ်မြင်မိပါတယ်။ မင်္ဂလာဆောင်လက်ထပ်ပြီးတော့လဲ ကလေးလေးတစ်ယောက်ချက်ချင်းယူမယ်ပြောလို့၊ ချက်ချင်းကလေးမယူသေးဖို့မနည်းပြောပြခဲ့ရပါတယ်။

ယူပြီး ၆ လနောက်ပိုင်းလတိုင်းဗိုက်ကြီးပီလားမေးမေးပြီး မကြီးသေးဘူးဖြေတိုင်းမျက်ရည်တွေဝိုင်းပြီး ဝမ်းနည်းနေတတ်တဲ့သူ့ကြည့်ပြီးကိုယ်ပါ Baby လေးအရမ်းလိုချင်လာပါတယ်။
အခုလည်းသူအရမ်းလိုချင်လို့ Baby လေးယူခဲ့ရပေမယ့် Roar Roar Kyaw ကိုအခုကျွန်မကပိုချစ်ပါတယ်လေ…ခိ 😂 😂 😂 မိသားစုလေးဖြစ်တည်လာတဲ့အခါပျော်စရာကောင်းတာလေးတွေကဘာမှနဲ့မတူတဲ့စိတ်ခံစားမှူလေးတွေပေးမှန်းသိလာရပါတယ်။ အချစ်ကိုသိပ်မခံစားတတ်တဲ့ကျွန်မချစ်တတ်လာအောင်သင်ပေးခဲ့ပြီလို့လည်းခံစားရပါတယ်။

ဆုပန်ထွာတို့မိသားစု

ဆုပန်ထွာတို့မိသားစု

အခု သားသားကပါ ကျွန်မစိတ်တွေကိုတီတီတာတာနဲ့နူးညံ့တတ်အောင်၊ သည်းခံတတ်အောင်၊ ကိုယ့်ပါးလေးကိုသူ့လက်ကလေး သေးသေးလေးတွေနဲ့ကိုင်ကိုင်ပြီး မားမား မာမား လို့ခေါ်တတ်တာလေးကရင်ထဲပျော်စရာလေး။ သူလုပ်လို့မားမားနာသွားရင်တောင် နာတာကိုစိတ်မဆိုးအောင်အိုင်တင်လေးတွေနဲ့ ချက်ချင်းအရည်ပျော်အောင်လုပ်ပြတတ်နေပါပြီ။

အရင်တုန်းကသူများအန်ရင်ဘေးကနေပျို့ပျို့တက်ပြီးကိုယ်ပါလိုက်အန်တတ်တဲ့ကျွန်မ၊ အခု Roar Roar တခါတလေနေမကောင်းလို့နို့ချဉ်တွေများအန်ရင် ကိုယ်ကလက်နဲ့လိုက်ခံရင်း သားလေးကိုသနားလွန်းလို့အန်ချင်ဖို့နေနေသာသာ ကိုယ်သာဖြစ်လိုက်ချင်တယ်သားရယ်ဆိုပြီးအန်ဖတ်တွေတကိုယ်လုံးရွဲ ချည်ဆော်တေနံရင်းတန်းလန်း မျက်ရည်ကျရတာအခါခါရယ်။

အရင်ကအရမ်းအအိပ်မက်ခဲ့တဲ့ကျွန်မ သားသား တစ်နှစ်နဲ့ခုနှစ်လသာကျော်တာ တစ်ရက်မှညဘက်ကောင်းကောင်းမအိပ်ဖြစ်ဖူးရယ်။ အခုထိ မာမား ဗူးဗူးဆိုတာနဲ့ ငေါက်ကနဲထထိုင်ရင်း သားအတွက်နို့ဗူးထဖျော်တာတောင် သူအားရပါးရနို့စို့တာကိုအိပ်ချင်မူးတူးကြည့်ရင်းပျော်နေတတ်တဲ့ကျွန်မပါ။

တခါတလေဘယ်လောက်ပင်ပန်းပင်ပန်းဘယ်လောက်အိပ်ရေးပျက်ပျက် မိသားစုဘဝလေးကြည်နူးလွန်းလို့ “ချစ်စရာကောင်းတဲ့သားလေးပေးထားတဲ့ယောင်္ကျားကို ကျေးဇူးတင်ပါတယ်” လို့ပန်ပန်အမြဲပြောတတ်ပါတယ်။

ဘယ်အခြေအနေဘယ်လိုပဲဖြစ်ဖြစ် ဘဝတစ်ခုလုံးနဲ့ရင်းပြီးတည်ထောင်ခဲ့ရတဲ့မိသားစုလေးမို့……. ကျွန်မယောက်ျားဘက်မှာအမြဲနေပါမယ်! ကျွန်မသားအရှေ့ကအမြဲမားမားမတ်မတ်ရပ်ပါမယ်” ဆိုပြီးတော့ ဆုပန်ထွာ က သူမရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Photo Credit: Supan Htwar Facebook

ကြည်သာ (Akhayar)

www.akhayar.com