[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ယောက်ကျားဖြစ်သူကို ရဟန်းခံပေးရင်း စတုဒီသာအလှူလုပ်ခဲ့တဲ့ ဆုပန်ထွာ

ဆုပန်ထွာ က သူ့ရဲ့အမျိုးသားဖြစ်သူ မွေးနေ့မှာ မွေးနေ့မွေးရက်တိုက်တာကြောင့်မို့ ရဟန်းခံ တယ်ဆိုတာကို အခုလိုပြောပြလိုက်တာဖြစ်ပါတယ်။

“မွေးနေ့မွေးရက်တိုက်တာမို့ သစ်တံခါးဆရာတော်ရဲ့ မေတ္တာဓာတ်ကိုခံယူရင်း သစ်တံခါးကျောင်းမှာ ရဟန်းခံ ဆွမ်းကျွေး စတုဒီသာအလှူလုပ်ရင်းမွေးနေ့လေးကိုမိသားစုပျော်ပျော်ရွင်ရွင်ကုသိုလ်စိတ်တွေနဲ့ဖြတ်ကျော်ခဲ့ကြပါတယ်။ပြုသမျှကုသိုလ်အားလုံး အမျှပေးဝေရင်း…….”

အခုလို ရဟန်းခံအလှူကိုတော့ သစ်တံခါးကျောင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီး စတုဒီသာအလှူကိုလည်း လုပ်ရင်း မိသားစုပျော်ပျော်ရွှင်ရွှင် ကုသိုလ်လုပ်ရင်းဖြတ်သန်းခဲ့တာဖြစ်တယ်လို့ သူမရဲ့လူမှုကွန်ရက်မှာဖော်ပြ ထားတာလည်း ဖြစ်ပါတယ်။

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ တို့ရ ဲ့ အလှူပြုခဲ့တဲ့ ပုံရိပ်တွေကိုလည်း ပရိသတ်တွေသာဓုခေါ်နိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

Photo Credit: Supan Htwar Facebook

ကြည်သာ (Akhayar)

www.akhayar.com