[Zawgyi]

အားလုံးအတွက် အလိုက်အဖက်ဆုံး Sunglasses


Ray-Ban

ray-ban-sunglasses

Ray-ban Sunglasses


HP Spectre 13

HP Spectre 13


Oakley

Oakley Sunglasses

Oakley Sunglasses


Prada Eyewear

Prada Eyewear

Prada Eyewear


Acer Nitro 5

Acer Nitro 5


Tom Ford

Tom Ford Sunglasses

Tom Ford Sunglasses



Redrose (Akhayar)

www.akhayar.com


[Unicode]

အားလုံးအတှကျ အလိုကျအဖကျဆုံး Sunglasses

ရာသီဥတုပူပြင်းလာတဲ့အခါ ကျွန်မတို့အားလုံးအတွက် နေကာမျက်မှန်တွေဆိုတာ မဖြစ်မနေကို လိုအပ်လာပါတယ်။ ရန်ကုန်မြို့ ရာသီဥတုကလည်း တဖြည်းဖြည်းနဲ့ ပူပြင်းလာပြီဆိုတော့ UV Protection တွေပါဝင်တဲ့ Sunglasses တွေကို တပ်ဖို့လိုအပ်လာပါပြီ။ ဒီလိုအချိန်မျိုးမှာ Smart လည်းကျ Style လည်းမိစေမယ့် Sunglasses တွေကို မျှဝေပေးလိုက်ပါတယ်။

Ray-Ban

ray-ban-sunglasses

Ray-ban Sunglasses

Sunglasses လို့ပြောလိုက်တာနဲ့ Ray-Ban ကိုမေ့ထားလို့မရပါဘူး။ Ray-Ban က Polarized Lens တွေကိုအသုံးပြုထားတဲ့အပြင် Quality ပိုင်းမှာရော ဒီဇိုင်းပိုင်းမှာပါ အားလုံးရဲ့ ယုံကြည်မှုကို အခိုင်အမာရထားတဲ့ Brand တစ်ခုဖြစ်ပါတယ်။ UV Protection အတွက်ဆိုရင်လည်း အကောင်းဆုံး Brand တွေထဲမှာ Ray-Ban ပါလို့နေပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

Oakley

Oakley Sunglasses

Oakley Sunglasses

တကယ်လို့ကိုယ်က Sport ကို လိုက်စားတဲ့သူတစ်ယောက်ဖြစ်နေခဲ့မယ်၊ Sport Lifestyle မှာ ကျင်လည်နေတဲ့သူဖြစ်နေခဲ့မယ်ဆိုရင် Oakley က အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ဒီဇိုင်းတွေဟာဆိုရင် နေရာဒေသမရွေး၊ ရာသီဥတုမရွေး လိုက်ဖက်အောင်ထုတ်လုပ်ထားပါတယ်။ ကျား မ မရွေးလဲထုတ်လုပ်ထားတဲ့အတွက် ကိုယ့်ချစ်သူကောင်မလေးကိုလည်း လက်ဆောင်ပေးလို့ရနိုင်ပါသေးတယ်။

Prada Eyewear

Prada Eyewear

Prada Eyewear

Fashion ကို ရူးရူးမူးမူး စွဲလမ်းတဲ့သူတွေအတွက်တော့ Prada Eyewear က ကိုယ်နဲ့ မကွာရှိနေဖို့ အရမ်းကိုလိုအပ်သွားပါပြီ။ Prada Brand ဟာ လူသားတိုင်းကို အရည်ပျော်ကျသွားအောင် ညို့ယူဖမ်းစားနိုင်တဲ့ Luxury Fashion Brand ဆိုတာ အားလုံးလည်း သိရှိကြမှာပါ။ Fashion Brand ဆိုတဲ့အတိုင်း လူတစ်ကိုယ်လုံးရဲ့ ခြေအစ ခေါင်းအဆုံးအထိ အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်လို့နေပါတယ်။ Fashion ကို ရူးမူးတဲ့လူတစ်ယောက်အနေနဲ့ Prada Sunglasses နဲ့မှ UV ကိုမကာကွယ်ဘူးဆိုရင် ဘာနဲ့များကာကွယ်နိုင်ပါ့မလဲ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

Tom Ford

Tom Ford Sunglasses

Tom Ford Sunglasses

Tom Ford က UV Protection ကို ကာကွယ်ပေးတဲ့ Eye-wear Brand တွေထဲက အကောင်းဆုံး Brand တစ်ခုဖြစ်သလို Business Man တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်စေမယ့် Eye-wear Brand ဖြစ်စေမှာပါ။ Tom Ford က Classic ဆန်တယ်။ ကိုယ့်ရဲ့ Standard ကို မြင့်မားအောင် ပံ့ပိုးပေးတယ်။ ဒါ့အပြင် ထုတ်လုပ်ထားတဲ့ Sunglasses တွေမှာ UV Protection ပြုလုပ်ပေးနိုင်သလို Quality မှာလည်း ပြိုင်စံရှားဖြစ်လို့နေပါတယ်။

အခြား Brand တွေအနေနဲ့ထပ်မံပြီး ညွှန်းပေးပါဆိုရင်တော့ GucciEmporio ArmaniVersaceDolce & Gabbana တို့ကို ညွှန်းပါရစေလား။ ကိုယ့်ရဲ့ Image နဲ့ Fashion Style ကို အချိန်တိုအတွင်းမှာ မြှင့်တင်ပေးနိုင်ပြီး ပူပြင်းလှတဲ့ UV ရောင်ခြည်ကိုလည်း အကောင်းဆုံး Protect လုပ်ပေးနိုင်တဲ့အတွက် ကျွန်မတို့အားလုံးအတွက် အရာရာပြီးပြည့်စုံပြီး လိုလေသေးမရှိအောင်ပြုလုပ်ပေးနေမှာဖြစ်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။