[Zawgyi]

အိုးလ္ထရက္ဖို႔ဒ္မွာ မန္ခ်က္စတာယူႏုိက္တက္ သီခ်င္းသံေတြ လႊင့္ေနမယ္

ေမာ္ရင္ဟို Mourinho နဲ႔ ကြန္တီ Conte ၾကား အမွတ္လုပြဲျပန္လာပါၿပီ။ ခ်န္ပီယံဆုအတြက္မဟုတ္ေပမယ့္ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အမွားမခံတဲ့အေနအထားျဖစ္ေနလို႔ အိုးလ္ထရက္ဖုိ႔ဒ္တုိက္ပြဲဟာ ျပင္းထန္ဦးမယ္။ ခ်ယ္လ္ဆီးကို မန္ခ်က္စတာယူႏုိက္တက္ဟာ အိမ္ကြင္းအိုးလ္ထရက္ဖို႔ဒ္မွာ အသာစီးသိပ္မရခဲ့ဘူး။ ေနာက္ဆံုး(၁၄)ပြဲမွာ ၿပီးခဲ့တဲ့ရာသီတစ္ပြဲသာ အႏုိင္ရထားတယ္။ ရွစ္ပဲြ႐ႈံးၿပီး ငါးပြဲသေရက်ထားတယ္။ ဒါေပမဲ့ ေမာ္ရင္ဟိုလက္ထက္ မန္ခ်က္စတာယူႏုိက္တက္အသင္းက အိမ္ကြင္း (၄၉)ပြဲမွာ မန္စီးတီးနဲ႔ကစားခဲ့တဲ့ႏွစ္ပြဲပဲ ႐ႈံးခဲ့ဖူးတယ္။ လက္ရိွရာသီအိမ္ကြင္း (၁၃)ပြဲမွာ ေပးဂိုးငါးဂိုးသာရွိေသးၿပီး ဆယ္ပြဲႏုိင္၊ ႏွစ္ပြဲသေရ၊ တစ္ပြဲ႐ႈံးရလဒ္ကို ပိုင္ဆုိင္ထားတယ္။

ခ်ယ္လ္ဆီးနည္းျပ ကြန္တီက ဘာစီလုိနာကို သေရကစားျပၿပီးဖိအားေတြကို အတန္အသင့္ေလွ်ာ့ခ်ထားတယ္။ ဟာဇက္ Hazard ၊ ၀ီလီယံ Willian တို႔က တစ္ဦးခ်င္းေျခစြမ္းထက္ျမက္ေနၿပီး ဂိုးလာဘ္လည္းရွိလို႔ မန္ခ်က္စတာယူႏုိက္တက္ခံစစ္ သတိထားရမယ္။ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ျပႆနာက ကြင္းလယ္ကို ဘယ္လုိတည္ေဆာက္မလဲဆိုတာပဲ။ ေပါ့ဘာ Pogba ကိုဘယ္လုိအသံုးျပဳမလဲ။ မာစီယဲလ္ Martial ကုိဘယ္လိုအသံုးျပဳမလဲဆိုတာပဲ။ ေပါ့ဘာက ခံစစ္ဦးစားေပးကစားရတာေၾကာင့္ ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးေနသလုိ၊ မာစီယဲလ္ကလည္း ညာေတာင္ပံမွာ အသားမက်ပါဘူး။ ဆန္းခ်က္ဇ္ Sanchez ရဲ႕ တစ္ကိုယ္ေတာ္႐ုန္းအားေတြကိုသာ အားကိုးေနရၿပီး၊ လင္ဂတ္ Lingard ၊ မာတာ Mata တို႔က ေျခစြမ္းအတက္အက်မတည္ၿငိမ္ပါဘူး။ ဆန္းခ်က္ဇ္နဲ႔ လူကာကူ Lukaku ၾကား ခ်ိိတ္ဆက္မႈအားေကာင္းမယ္၊ ဟာဇက္နဲ႔ ၀ီလီယံကို ထိန္းခ်ဳပ္ႏုိင္မယ္ဆုိရင္ မန္ခ်က္စတာယူႏုိက္တက္ ရလဒ္ေကာင္းမယ္။ မန္ခ်က္စတာယူႏုိက္တက္ (၂-၁)ေလာက္နဲ႔ ႏုိင္မယ္ထင္တယ္။

ပြဲႀကိဳအခ်က္အလက္

ပရီးမီးယားလိဂ္ေနာက္ဆံုး ေျခာက္ပြဲမွာ ဟာဇက္ ေျခာက္ဂိုးသြင္းယူထားပါတယ္။

ခ်ယ္လ္ဆီးကြင္းလယ္လူ ပတ္ဒ႐ိုPedro ဟာေမာ္ရင္ဟိုကုိင္တြယ္တဲ့အသင္းေတြကို ခုႏွစ္ဂိုးသြင္းယူထားႏုိင္ပါတယ္။

လူကာကူဟာ အမွတ္ေပးဇယားထိပ္ဆံုးေျခာက္သင္းမွာရပ္တည္ေနတဲ့အသင္းေတြနဲ႔ ရင္ဆုိင္တဲ့ေနာက္ဆံုး ေျခာက္ပြဲမွာ ဂိုးမသြင္းႏုိင္ခဲ့ပါဘူး။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အိုးလ်ထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက် သီချင်းသံတွေ လွှင့်နေမယ်

မော်ရင်ဟို Mourinho နဲ့ ကွန်တီ Conte ကြား အမှတ်လုပွဲပြန်လာပါပြီ။ ချန်ပီယံဆုအတွက်မဟုတ်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတဲ့အနေအထားဖြစ်နေလို့ အိုးလ်ထရက်ဖို့ဒ်တိုက်ပွဲဟာ ပြင်းထန်ဦးမယ်။ ချယ်လ်ဆီးကို မန်ချက်စတာယူနိုက်တက်ဟာ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ အသာစီးသိပ်မရခဲ့ဘူး။ နောက်ဆုံး(၁၄)ပွဲမှာ ပြီးခဲ့တဲ့ရာသီတစ်ပွဲသာ အနိုင်ရထားတယ်။ ရှစ်ပွဲရှုံးပြီး ငါးပွဲသရေကျထားတယ်။ ဒါပေမဲ့ မော်ရင်ဟိုလက်ထက် မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ကွင်း (၄၉)ပွဲမှာ မန်စီးတီးနဲ့ကစားခဲ့တဲ့နှစ်ပွဲပဲ ရှုံးခဲ့ဖူးတယ်။ လက်ရှိရာသီအိမ်ကွင်း (၁၃)ပွဲမှာ ပေးဂိုးငါးဂိုးသာရှိသေးပြီး ဆယ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားတယ်။

ချယ်လ်ဆီးနည်းပြ ကွန်တီက ဘာစီလိုနာကို သရေကစားပြပြီးဖိအားတွေကို အတန်အသင့်လျှော့ချထားတယ်။ ဟာဇက် Hazard ၊ ဝီလီယံ Willian တို့က တစ်ဦးချင်းခြေစွမ်းထက်မြက်နေပြီး ဂိုးလာဘ်လည်းရှိလို့ မန်ချက်စတာယူနိုက်တက်ခံစစ် သတိထားရမယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ပြဿနာက ကွင်းလယ်ကို ဘယ်လိုတည်ဆောက်မလဲဆိုတာပဲ။ ပေါ့ဘာ Pogba ကိုဘယ်လိုအသုံးပြုမလဲ။ မာစီယဲလ် Martial ကိုဘယ်လိုအသုံးပြုမလဲဆိုတာပဲ။ ပေါ့ဘာက ခံစစ်ဦးစားပေးကစားရတာကြောင့် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသလို၊ မာစီယဲလ်ကလည်း ညာတောင်ပံမှာ အသားမကျပါဘူး။ ဆန်းချက်ဇ် Sanchez ရဲ့ တစ်ကိုယ်တော်ရုန်းအားတွေကိုသာ အားကိုးနေရပြီး၊ လင်ဂတ် Lingard ၊ မာတာ Mata တို့က ခြေစွမ်းအတက်အကျမတည်ငြိမ်ပါဘူး။ ဆန်းချက်ဇ်နဲ့ လူကာကူ Lukaku ကြား ချိတ်ဆက်မှုအားကောင်းမယ်၊ ဟာဇက်နဲ့ ဝီလီယံကို ထိန်းချုပ်နိုင်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက် ရလဒ်ကောင်းမယ်။ မန်ချက်စတာယူနိုက်တက် (၂-၁)လောက်နဲ့ နိုင်မယ်ထင်တယ်။

ပွဲကြိုအချက်အလက်

ပရီးမီးယားလိဂ်နောက်ဆုံး ခြောက်ပွဲမှာ ဟာဇက် ခြောက်ဂိုးသွင်းယူထားပါတယ်။

ချယ်လ်ဆီးကွင်းလယ်လူ ပတ်ဒရိုPedro ဟာမော်ရင်ဟိုကိုင်တွယ်တဲ့အသင်းတွေကို ခုနှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။

လူကာကူဟာ အမှတ်ပေးဇယားထိပ်ဆုံးခြောက်သင်းမှာရပ်တည်နေတဲ့အသင်းတွေနဲ့ ရင်ဆိုင်တဲ့နောက်ဆုံး ခြောက်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။