Sundance ရုပ်ရှင်ပွဲတော်ဆိုတာက Sundnace Institute က စီစဉ်ကျင်းပတဲ့ အမေရိကန်ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်ပါ တယ်။ ၂ဝ၁၆ခုနှစ်တုန်းက တက်ရောက်ခဲ့တဲ့ပရိတ်သတ်ပေါင်း ၄၆,၆၆၀ ရှိခဲ့ပြီးတော့ အမေရိကန်နိုင်ငံရဲ့ကြီးကျယ်တဲ့ ရုပ်ရှင်ပွဲတော်တစ်ခုပါ။ Sundance မှာဝင်ပြိုင်တဲ့သူတွေဆိုတာက ရုပ်ရှင်စတီဒီယိုကြီးတွေကမဟုတ်ပဲ အလယ်အလတ်တန်းက စတီဒီယိုတွေများပါတယ်။ အင်္ဂလိပ်လိုတော့ Independence Film Maker တွေလို့ခေါ်ပါတယ်။ ဘက်ဂျက်အနည်းငယ်နဲ့ရိုက်ပြီးတော့ တကယ့်ကိုအနုပညာမြောက်တဲ့ရုပ်ရှင်တွေကို Sundance ရုပ်ရှင်ပွဲတော်မှာ တစ်စုတစ်စည်းတည်းတွေ့ရမှာပါ။ ဘတ်ဂျက်နည်းတယ်ဆိုပေမယ့် ရသမြောက်လွန်းတာကြောင့် ကမ္ဘာကျော်သွားတဲ့ ရုပ်ရှင်ကားတွေလည်း အများအပြားရှိပါတယ်။ တစ်ခုထူးခြားတာက အပစ်အခတ်များများနဲ့ခပ်ကြမ်းကြမ်း ရုပ်ရှင်ကားတွေကိုတော့ ဒီပွဲတော်မှာတွေ့ရတာ နည်းပါတယ်။ ဒီရုပ်ရှင်ပွဲတော်ကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၉ ရက်အထိကျင်းပမှာဖြစ်ပြီးတော့ ပါဝင်ပြသဖို့စာရင်းပေးထားတဲ့ ကားအရေအတွက်ကတော်တော်များပါတယ်။ ဒါပေမယ့် Daily Herald ကရသမြောက်တဲ့ ရုပ်ရှင် (၁၀)ကားကိုရွေးချယ်ပေးထားတာမို့ အခရာက ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

You May Also Like: “အိမ်ခြံမြေဝယ်ဖို့ ငွေအတော်စုရမယ့်မြို့များ”

 ‘Brigsby Bear’

တီဗွီအစီအစဉ်တစ်ခုကြည့်ရာကနေ  အဲ့ဒီအစဉ်မှာပါဝင်တဲ့ ဝက်ငံအရုပ်ကလေးအတိုင်း အပြင်မှာလိုက်လုပ်တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။

 

The Little Hours

The Little Hours ကတော့ မယ်သီလရှင်သုံးပါးပါဝင်တဲ့ ဟာသဇာတ်မြူးကားပါ။

 

 

Raw

Raw ကတော့ အသက် ၁၆ နှစ်အရွယ်ကျောင်းသူလေးတစ်ယောက် ယုန်ရဲ့အသည်းကိုအစိမ်းလိုက်စားဖို့ဖိအားခံရတာတဲ့နောက်ပိုင်း ထိတ်လန့်ဖွယ်အဖြစ်အပျက်တွေ ဖြစ်ပေါ်လာတဲ့အကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားပါ။

 

‘Manifesto’

Cate Blanchett ဇာတ်ရုပ် ၁၃ မျိုးနဲ့သရုပ်ဆောင်ထားတဲ့ Drama ဇာတ်ကားပါ။

Dina

Dina ကတော့ Autism လက္ခဏာရှိတဲ့ သက်လတ်ပိုင်းစုံတွဲနှစ်ယောက်ရဲ့ အချစ်ရေးကိုဖော်ကျူးထားတာဖြစ်ပါတယ်။

ကျန်ရှိတဲ့ရုပ်ရှင်ဇာတ်ကားတွေကတော့

  • ‘Take Every Wave’
  • ‘Kuso’
  • ‘Marjorie Prime’
  • ‘Tokyo Idols’
  • ‘The Polka King’ တို့ဖြစ်ပါတယ်။

 

မင်းသုခ (အခရာ)

Ref: http://www.heraldextra.com/