[Zawgyi]





Henry

Henry




မန်ယူ – မန်ယူအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနောက်ခံလူ လင်ဒီလော့ဒ် Lindelof ဟာ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။


Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္ဂနွေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်ယူ – မန်ယူဂိုးသမား ဒီဂီယာ De Gea ဟာ လာမယ့်နွေရာသီမှာ PSG အသင်းကို ပြောင်းရွှေ့နိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။

မိုနာကို – မိုနာကိုအသင်းကနေ အင်တာမီလန်အသင်းမှာ အငှားနဲ့ လာကစားနေတဲ့ တောင်ပံကစားသမား Keita Balde ကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ ဝုလ်ဗ် နဲ့ ဝက်စ်ဟမ်းအသင်းတွေက ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။

LA Galaxy – LA Galaxy တိုက်စစ်မှူး အီဘရာဟီမိုဗစ် Ibrahimovic ဟာ အသင်းဟောင်း အေစီမီလန်အသင်းကို (၆)လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာနိုင်ပါတယ်။

Henry

Henry

မိုနာကို – မိုနာကိုအသင်းက ကိန်းအသင်းကို ( ၀ – ၁ )နဲ့ အနိုင်ရရှိခဲ့တဲ့ လီဂူးပွဲစဉ်မှာ မိုနာကိုနည်းပြ အွန်နရီ Henry ဟာ နည်းပြဘ၀ ပထမဆုံးနိုင်ပွဲကို ရရှိခဲ့ပါတယ်။

မန်ယူ – မန်ယူလူငယ်ကစားသမား ပါရဲရား Pereira ကို အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတွေက ခေါ်ယူလိုနေကြပါတယ်။

အီတလီ – မန်ယူ ၊ ဗီလာရီးယဲလ်အသင်းတွေရဲ့ အီတလီလက်ရွေးစင် တိုက်စစ်မှူးဟောင်း ရော့စီ Rossi ဟာ မေဂျာလိဂ်မှာ ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေပါတယ်။

မန်ယူ – မန်ယူအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနောက်ခံံလူ လင်ဒီလော့ဒ် Lindelof ဟာ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဖူလ်ဟမ် – ဖူလ်ဟမ်နည်းပြ ရာနီရေးရီ Ranieri က အသင်းရဲ့ တိုက်စစ်မှူး မီထရိုဗစ် Mitrovic ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

Ref: BBC Sports , Goal.com , Sportskeeda
Photo: Big World News , Evening Express
Ko Kyue(Akhayar)
www.akhayar.com