[Zawgyi]






Ibrahimovic

Ibrahimovic






Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္ဂနွေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

လက်စတာ – လက်စတာအသင်းပိုင်ရှင် ဗီချိုင်း Vichai ရဲ့ ရဟတ်ယာဉ်ဟာ King Power ကွင်းက အထွက် အသင်းရဲ့ ကားပါကင်မှာ ပျက်ကြခဲ့တယ်လို့သိရပါတယ်။ ရဟတ်ယာဉ်ထဲမှာ အသင်းပိုင်ရှင် ပါမပါကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ မန်ယူကွင်းလယ်လူ မာတာ Mata ကို ခေါ်ယူဖို့ကြိုးစားလာနိုင်ပါတယ်။ မာတာဟာ ဒီနှစ်ဘောလုံးရာသီကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

နာပိုလီ – နာပိုလီအသင်းဟာ တိုက်စစ်မှူး အင်ဆစ်ဂ်နီ Insigne အတွက် ပေါင်သန်း(၈၀)အောက်ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမှာမဟုတ်ဖူးလို့ သိရပါတယ်။ အင်ဆစ်ဂ်နီကို လီဗာပူးလ်အသင်းက ခေါ်ယူဖို့ချိတ်ဆက်နေပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ အေဂျက်စ်လူငယ်ကွင်းလယ်လူ ဒီယွန်း De Jong ကို မြင့်မားတဲ့ ကမ်းလှမ်းမှု တစ်ခုပြုလုပ်ဖို့ရှိနေပါတယ်။

Ibrahimovic

Ibrahimovic

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ် Perez ဟာ LA Galaxy အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ် Ibrahimovic ကိုခေါ်ယူလိုနေပါတယ်။

လိုင်ယွန် – လိုင်ယွန်ကစားသမား Ndombele ကို မန်ယူနဲ့ ချယ်လ်ဆီးအသင်းတွေက အပြိုင်လိုက်နေကြပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ မန်စီးတီးလူငယ်ကွင်းလယ်လူ ဖိုဒန် Foden ကိုခေါ်ယူလိုနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်တောင်ပံတိုက်စစ်ကစားသမား မာနေ Mane ဟာ လီဗာပူးလ်အသင်းက ကာဒစ်အသင်းကို ( ၄ – ၁ )နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကစားသမားဘ၀ ပရီးမီးယားလိဂ်ဂိုး (၅၀)ပြည့်ခဲ့ပါတယ်။

PSG – PSG အသင်းဟာ အေစီမီလန်ကွင်းလယ်လူ ကက်ဆီး Kessie ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

Ref: BBC Sport , Goal.com
Photo: SPORTbible , World Report
Ko Kyue(Akhayar)
www.akhayar.com