[Zawgyi]

တနဂၤေႏြေန႔ ေဘာလံုးသတင္းတိုမ်ားစုစည္းေဖာ္ျပမႈ

ရီးယဲလ္မက္ဒရစ္ – ရီးယဲလ္မက္ဒရစ္အသင္းဟာ မန္စီးတီးကစားသမား စတာလင္ Sterling ကို လာမယ္႔ဇန္န၀ါရီ အေျပာင္းအေရႊ႕ကာလမွာ ေခၚယူဖို႔အဆင္႔သင္႔ရိွေနပါတယ္။

မန္စီးတီး – မန္စီးတီးအသင္းဟာ ဘုန္းေမာက္ေနာက္ခံလူ အကီ Ake ကို လာမယ္႔ဇန္န၀ါရီ အေျပာင္းအေရႊ႕ကာလမွာ ေပါင္သန္း(၄၀)နဲ႔ ကမ္းလွမ္းသြားဖို႔ရိွေနပါတယ္။ အကီကို ေခၚယူဖို႔အတြက္ မန္ယူနဲ႔ စပါးအသင္းေတြကလည္း ခ်ိတ္ဆက္ေနၾကပါတယ္။

မန္ယူ – မန္ယူနည္းျပ ေမာ္ရင္ဟို Mourinho ဟာ ဖီအိုရင္တီးနားေနာက္ခံလူ Nikola Milenkovic ကိုေခၚယူလိုေနပါတယ္။

အာဆင္နယ္ – အာဆင္နယ္အသင္းဟာ ဘာစီလိုနာကစားသမား မဲလ္ကြန္ Malcom ကို လာမယ္႔ဇန္န၀ါရီ အေျပာင္းအေရႊ႕ကာလမွာ အငွားနဲ႔ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

Benzema

Benzema

ရီးယဲလ္မက္ဒရစ္ – ရီးယဲလ္မက္ဒရစ္အသင္းဟာ တိုက္စစ္မွဴး ဘန္ဇီမာ Benzema အတြက္ကမ္းလွမ္းမႈေတြကို စပါးနဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြစီကေန ရရိွထားပါတယ္။

စပါး – စပါးဂိုးသမား လိုရစ္ Lloris ဟာ ၀က္စ္ဟမ္းအသင္းကို အႏိုင္ရခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လက္စြမ္းျပကာကြယ္မႈေတြျပဳလုပ္ခဲ႔တာေၾကာင္႔ အသင္းေဖာ္ ထရစ္ပီယာ Trippier က လိုရစ္ဟာ ကမၻာ႔အေကာင္းဆံုးဂိုးသမားတစ္ဦးလို႔ ခ်ီးက်ဴးေျပာဆိုခဲ႔ပါတယ္။

ကာဂလီယာရီ – ကာဂလီယာရီ လူငယ္ကြင္းလယ္လူ Barella ကိုေခၚယူဖို႔အတြက္ အာဆင္နယ္နဲ႔ လီဗာပူးလ္အသင္းေတြက ပစ္မွတ္ထားေနၾကပါတယ္။

ရီးယဲလ္မက္ဒရစ္ – ရီးယဲလ္မက္ဒရစ္အသင္းဟာ ခ်ယ္လ္ဆီးကြင္းလယ္လူ ကြန္ေတ Kante ကုိေခၚယူဖို႔စိတ္၀င္စားေနပါတယ္။

လီဂူး – မေန႔ညက ယွဥ္ျပိဳင္ကစားခဲ႔တဲ႔ PSG နဲ႔ Amiens SC တို႔ရဲ႕ လီဂူးပြဲစဥ္မွာ PSG အသင္းက (၅ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ ဒီႏိုင္ပြဲဟာ PSG အသင္းအတြက္ လီဂူး (၁၀)ပြဲဆက္ ႏိုင္ပြဲျဖစ္ခဲ႔ပါတယ္။

ဘြန္ဒစ္လီဂါ – မေန႔ညက ယွဥ္ျပိဳင္ကစားခဲ႔တဲ႔ Wolfsburg နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕ဘြန္ဒစ္လီဂါပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းက ( ၁ – ၃ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ ဒီႏိုင္ပြဲေၾကာင္႔ ဘိုင္ယန္ျမဴးနစ္နည္းျပ ကိုဗက္ Kovač ဟာ ဖိအားအနည္းငယ္ေလ်ာ႔က်ခဲ႔ပါတယ္။

Ref: BBC Sport , Goal.com , Ronaldo.com
Photo: 7wallpapers.net | HD Desktop Wallpapers , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္ဂနွေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီးကစားသမား စတာလင် Sterling ကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အဆင့်သင့်ရှိနေပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ ဘုန်းမောက်နောက်ခံလူ အကီ Ake ကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း(၄၀)နဲ့ ကမ်းလှမ်းသွားဖို့ရှိနေပါတယ်။ အကီကို ခေါ်ယူဖို့အတွက် မန်ယူနဲ့ စပါးအသင်းတွေကလည်း ချိတ်ဆက်နေကြပါတယ်။

မန်ယူ – မန်ယူနည်းပြ မော်ရင်ဟို Mourinho ဟာ ဖီအိုရင်တီးနားနောက်ခံလူ Nikola Milenkovic ကိုခေါ်ယူလိုနေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ ဘာစီလိုနာကစားသမား မဲလ်ကွန် Malcom ကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Benzema

Benzema

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ဘန်ဇီမာ Benzema အတွက်ကမ်းလှမ်းမှုတွေကို စပါးနဲ့ ဂျူဗင်တပ်စ်အသင်းတွေစီကနေ ရရှိထားပါတယ်။

စပါး – စပါးဂိုးသမား လိုရစ် Lloris ဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စွမ်းပြကာကွယ်မှုတွေပြုလုပ်ခဲ့တာကြောင့် အသင်းဖော် ထရစ်ပီယာ Trippier က လိုရစ်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ကာဂလီယာရီ – ကာဂလီယာရီ လူငယ်ကွင်းလယ်လူ Barella ကိုခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတွေက ပစ်မှတ်ထားနေကြပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေ Kante ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

လီဂူး – မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ PSG နဲ့ Amiens SC တို့ရဲ့ လီဂူးပွဲစဉ်မှာ PSG အသင်းက (၅ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ PSG အသင်းအတွက် လီဂူး (၁၀)ပွဲဆက် နိုင်ပွဲဖြစ်ခဲ့ပါတယ်။

ဘွန်ဒစ်လီဂါ – မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ Wolfsburg နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ( ၁ – ၃ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက် Kovač ဟာ ဖိအားအနည်းငယ်လျော့ကျခဲ့ပါတယ်။

Ref: BBC Sport , Goal.com , Ronaldo.com
Photo: 7wallpapers.net | HD Desktop Wallpapers , Goal.com
Ko Kyue(Akhayar)
www.akhayar.com