[Zawgyi]





John-Stones

John-Stones






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္ဂနွေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ဘာစီလိုနာ – ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ Valverde က တိုက်စစ်မှူး ဆွာရက်ဇ် Suarez ရဲ့ခြေစွမ်းဟာ အကောင်းဆုံးအနေအထားမှာ ရှိနေတုန်းပဲလို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး Ramsey ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးနည်းပြ ဆာရီ Sarri ဟာ ဒရင့်ဝါတာ Drinkwater နဲ့ မိုဆက်စ် Moses တို့ အသင်းမှာ ဆက်နေချင်ရင် ခြေစွမ်းပိုင်းတိုးတက်ဖို့ လိုတယ်လို့ပြောကြားခဲ့ပါတယ်။

John-Stones

John-Stones

မန်စီးတီး – မန်စီးတီး နောက်ခံလူ ဂျွန်စတုန်းစ် John Stones ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုနေပါတယ်။

စပါး – စပါးအသင်းဟာ ဘိုကာဂျူနီယာအသင်းရဲ့ ကွင်းလယ်ကစားသမား Wilmar Barrios ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူလိုနေပါတယ်။

ဆန်းဒါးလန်း – ဆန်းဒါးလန်းအသင်းရဲ့ လူငယ်ကစားသမား Bali Mumba ကို ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတွေက ခေါ်ယူလိုနေကြပါတယ်။

အေစီမီလန် – အေစီမီလန်ကွင်းလယ် တိုက်စစ်ကစားသမား ချာဟာနိုဂလူး Calhanoglu ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာဖို့ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက် Kovac က ဖရိုင်းဘတ်ကို သရေကျခဲ့တာကြောင့် အသင်းဟာ ဝမ်းနည်းခဲ့ပြီး ဒေါသလည်းထွက်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: BBC Sport , Goal.com , Sportskeeda , Ronaldo.com
Photo: Click Ittefaq , Goal.com
Ko Kyue(Akhayar)
www.akhayar.com