ဝက်ဖို့ဒ် – ၀က်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီး ရလဒ်ဆိုးတွေကြောင့် နည်းပြဂျာဗီဂါစီယာ Javi Gracia ကို ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ ဂျာဗီဂါစီယာ ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၀က်ဖို့ဒ်အသင်းဟာ ဂျာဗီဂါစီယာ ကို ရာထူးကနေ ထုတ်ပယ်အပြီးမှာတော့ နည်းပြဟောင်း ဆန်းချက်ဇ်ဖလောရက်စ် Sanchez Flores ကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ဂိုးသမားဟောင်း ဗန်ဒါဆား Van der Sar ကို အသင်းရဲ့ ဘောလုံးဒါရိုက်တာအဖြစ် ခန့်အပ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ ဗန်ဒါဆား ဟာ အေဂျက်စ်အသင်းမှာ CEO အဖြစ်တာဝန်ယူထားပါတယ်။

လီဗာပူးလ် – လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် Van Dijk ဟာ အသင်းနဲ့ (၆)နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ဗန်ဒိုက် ဟာ ဆောက်သမ်တန်ကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့အပြီးမှာ ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်။

မန်ယူ – မန်ယူအသင်းနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂိုးသမား ဒီဂီယာ De Gea ကို ဂျူဗင်တပ်စ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒီဂီယာ ကို မန်ယူအသင်းက မြင့်မားတဲ့လစာငွေနဲ့ စာချုပ်သက်သစ်ချုပ်ဆိုမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အခုချိန်ထိတော့ အခြေအနေတွေက ငြိမ်သက်နေပါတယ်။

နာပိုလီ – နာပိုလီအသင်းဟာ ကွင်းလယ်လူ ဖာဘီယန်ရုဇ် Fabian Ruiz ကို စာချုပ်သက်တမ်းတိုးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဖာဘီယန်ရုဇ် ကို ရီးယဲလ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေသလို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ပေါင်(၄၀.၇)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် နာပိုလီအသင်းက ပယ်ချခဲ့ပါတယ်။

ဖီအိုရင်တီးနား – ဖီအိုရင်တီးနားအသင်းတိုက်စစ်ကစားသမား ချီယေဆာ Chiesa ရဲ့ အခြေအနေကို အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတွေက စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ ချီယေဆာ ဟာ အခုနောက်ပိုင်းနှစ်တွေမှာ တိုးတက်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

အေဂျက်စ် – အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိ Van de Beek ဟာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတုန်းပဲလို့ သိရပါတယ်။ ရီးယဲလ်အသင်းကလည်း ဗန်ဒီဘိ ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ထပ်ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလား Dybala ကို လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းနိုင်တယ်လို့ သိရပါတယ်။ ဒီဘားလား ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့သူဖြစ်ပါတယ်။

စပိန် – စပိန်အသင်းနည်းပြ မော်ရီနို Moreno က ကီပါ Kepa ဟာ အသင်းရဲ့ ပထမဦးစားပေး ဂိုးသမားမဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကီပါ ဟာ စပိန်အသင်းရဲ့ ပွဲစဉ်တွေမှာ ပွဲထွက်ခွင်ရရနေတဲ့ ဂိုးသမားဖြစ်ပါတယ်။

Ref: BBC Sports , Goal.com
Photo: The Sun
Ko Kyue(Akhayar)
www.akhayar.com