PSG – PSG အသင်းတိုက်စစ်ကစားသမား နေမာ Neymar ဟာ အသင်းမှာပဲဆက်ရှိနေတော့မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ နေမာ ရဲ့ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့မယ့် အနေအထားဟာ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် အခုလိုဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဖေမီနို Firmino ဟာ ဘန်လေ(၀-၃)လီဗာပူးလ်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ဂိုး(၅၀)ပြည့်ခဲ့တဲ့ ပထမဆုံး ဘရာဇီးလ်ကစားသမားဖြစ်ခဲ့ပါတယ်။ ဖေမီနို ဟာ လီဗာပူးလ်အသင်းအတွက် (၉)ယောက်မြောက် ဂိုး(၅၀)ပြည့်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

မန်ယူ – မန်ယူနည်းပြဆိုးလ်ရှား Solskjaer က ကွင်းလယ်လူ ပေါ့ဘာ Pogba ဟာ အသင်းမှာပဲဆက်ရှိနေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ မန်ယူအသင်းဟာ ရလဒ်ပိုင်းဆိုးရွားနေပေမယ့် ပေါ့ဘာ ကတော့ ကွင်းလယ်မှာ ပုံမှန်ခြေစွမ်းကို ပြသနေသူဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်း – စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဖာနန်ဒက်ဇ် Bruno Fernandes ဟာ စပါးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် စပို့တင်းလစ္စဘွန်အသင်းရဲ့ တားဆီးမှုကြောင့် အပြောင်းအရွှေ့က ဖြစ်မလာတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဖာနန်ဒက်ဇ် ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ပုံမှန်ခြေစွမ်းကို ပြသနေပါတယ်။

ဂါလာတာစာရေး – ဂါလာတာစာရေးအသင်းဟာ မိုနာကိုတိုက်စစ်မှူး ဖယ်လ်ကာအို Falcao ကို ခေါ်ယူဖို့အတွက် မိုနာကိုအသင်းနဲ့ တရားဝင်ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဖယ်လ်ကာအို ဟာ ဂါလာတာစာရေးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

မိုနာကို – မိုနာကိုအသင်းဟာ ချယ်လ်ဆီးအသင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကွင်းလယ်လူဟောင်း ဘာကာယိုကို Bakayoko ကို တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ယူခဲ့သလို အပြီးသတ်ခေါ်ယူခွင့်လည်း ပါရှိတယ်လို့ သိရပါတယ်။ ဘာကာယိုကို ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း အေစီမီလန်အသင်းမှာ အငှားနဲ့ သွားကစားခဲ့ရပါတယ်။

မန်ယူ – မန်ယူညာနောက်ခံလူ ဒါမီယန် Darmian ဟာ ပါးမားအသင်းကို ပြောင်းရွှေ့ကြေးယူရို(၁.၅)သန်း ၊ (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ဒါမီယန် ဟာ ပါးမားအသင်းမှာ ကျောနံပါတ်(၃၆)ကို ၀တ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။

နာပိုလီ – နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီ Ancelotti က LA Galaxy တိုက်စစ်မှူး အီဘရာဟီမိုဗစ် Ibrahimovic ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ အီဘရာဟီမိုဗစ် ဟာ LA Galaxy အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဥရောပမြေမှာ ပြန်လည်မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဝက်စ်ဟမ်း – ၀က်စ်ဟမ်းအသင်းတိုက်စစ်မှူး ဟာနန်ဒက်ဇ် Hernandez ဟာ အသင်းပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဟာနန်ဒက်ဇ် ဟာ ဆီဗီလာအသင်းနဲ့ အသံတွေထွက်နေပါတယ်။

အဲဗာတန် – အဲဗာတန်တောင်ပံတိုက်စစ်ကစားသမား မီရာလက်စ် Mirallas ဟာ ဘယ်လ်ဂျီယံကလပ် Royal Antwerp အသင်းကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ မီရာလက်စ် ဟာ Royal Antwerp အသင်းမှာ ကျောနံပါတ်(၂၈)ကို ၀တ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

Ref: BBC Sports , Mirror , The Sun
Photo: Mount Royal Soccer
Ko Kyue(Akhayar)
www.akhayar.com