PSG – PSG အသင်းဟာ နေမာ Neymar နေရာကို အစားထိုးဖို့အတွက် ခရစ္စတယ်ပဲလေ့စ်တောင်ပံတိုက်စစ်ကစားသမား ဇာဟာ Zaha ကို ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူဖို့ အံအားသင့်စရာ စီစဉ်နေတယ်လို့ သိရပါတယ်။ ဇာဟာ ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာပြီး အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့လိုနေသူဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ် Ramos က PSG တိုက်စစ်ကစားသမား နေမာ Neymar ဟာ ထိပ်တန်းကစားသမားဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး (၃)ဦးထဲမှာ ပါဝင်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ နေမာ ဟာ ရီးယဲလ်မက်ဒရစ် ၊ ဘာစီလိုနာအသင်းတွေနဲ့ အသံတွေထွက်နေပါတယ်။

နာပိုလီ – နာပိုလီအသင်းဟာ PSV တောင်ပံတိုက်စစ်ကစားသမား လိုဇာနို Lozano ကို ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို(၄၂)သန်း ၊ (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ လိုဇာနို ဟာ မက္ကဆီကို ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံးဖြစ်ခဲ့သလို PSV အသင်းရဲ့ စံချိန်တင်ရောင်းချမှုလည်း ဖြစ်ခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်းဟာ ဂိုးသမား ဒီဂီယာ De Gea အသင်းနဲ့ စာချုပ်သစ်မချုပ်ဆိုရင် သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဒိုင်နမိုဇာဂရက်အသင်း ရဲ့ ခရိုအေးရှားဂိုးသမား Dominik Livakovic ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ Dominik Livakovic အတွက် မန်ယူအသင်းဟာ ပေါင်သန်း(၂၀)ကျော်အသုံးပြုသွားဖို့ ရှိနေပါတယ်။

ဆိုစီဒက် – ဆိုစီဒက်အသင်းဟာ အာဆင်နယ်ဘယ်နောက်ခံလူ မွန်ရီယဲလ် Monreal ကိုခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ မွန်ရီယဲလ် ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲစဉ်(၂)ပွဲကစားပေးထားပါတယ်။

လီဗာပူးလ် – လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် Van Dijk ဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီစာချုပ်မှာတော့ ဗန်ဒိုက် ဟာ လစာငွေ (၂)ဆတိုးမြင့် ရရှိသွားမှာဖြစ်ပါတယ်။

မိုနာကို – မိုနာကိုအသင်းဟာ လက်စတာကွင်းလယ်လူ အက်ဒရီယန်ဆေးဗားလ် Adrien Silva ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့သလို အလာဗတ်စ် နောက်ခံလူ Maripan ကိုလည်း (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ မိုနာကိုအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ခြေလှမ်းသွက်သွက်နဲ့ လှုပ်ရှားနေပါတယ်။

ဘွန်ဒစ်လီဂါ – မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှော်လ်ကေးနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ဘွန်ဒစ်လီဂါ ပွဲမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ အဝေးကွင်းမှာ ( ၃ – ၀ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ သွင်းဂိုး(၃)ဂိုးလုံးကိုတော့ တိုက်စစ်မှူး လီဝန်ဒေါစကီး Lewandowski က တစ်ဦးတည်း ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ လီဝန်ဒေါစကီး ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

Ref: BBC Sports , Mirror , Ronaldo.com
Photo: Crystal Palace Football Club
Ko Kyue(Akhayar)
www.akhayar.com