ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်လ်ဆီးလူငယ်တောင်ပံတိုက်စစ်ကစားသမား အိုဒွိုင်းလ် Callum Hudson-Odoi ကိုခေါ်ယူဖို့အတွက် လက်မလျော့သေးဘူးလို့ သိရပါတယ်။ ဒီတစ်ပတ်ထဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အိုဒွိုင်းလ် ကို ပေါင်(၄၅)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်သွားဖို့ရှိနေပါတယ်။

မန်ယူ – မန်ယူအသင်းဟာ လက်စတာနောက်ခံလူ မက်ဂွိုင်းယား Maguire ကို ပေါင်(၇၅)သန်းနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ မက်ဂွိုင်းယား ဟာ အသင်းကနေထွက်ခွာလိုတဲ့ သူ့ရဲ့ဆန္ဒကို လက်စတာအသင်းဆီ အသိပေးခဲ့တယ်လို့ သိရပါတယ်။

အင်တာမီလန် – အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီ Icardi ဟာ အသင်းရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်ကို လိုက်ပါသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ အီကာဒီ ဟာ အသင်းရဲ့ လေ့ကျင့်ရေးစခန်းရှိတဲ့ Lugano ကနေ မီလန်မြို့ကို ပြန်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကလပ်အသင်းနဲ့ ကစားသမားရဲ့ (၂)ဦးသဘောတူဆုံးဖြတ်ချက်ဖြစ်ပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ လိုင်လီတောင်ပံတိုက်စစ်ကစားသမား ပီပီ Pepe ကို ယူရိုသန်း(၈၀)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ပီပီ ဟာ အသင်းကြီးတွေ ပစ်မှတ်ထားနေတဲ့ ကစားသမားတစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီက လိုင်လီအသင်းအတွက် သွင်းဂိုး(၂၃)ဂိုးသွင်းယူခဲ့ပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်ဂိုးသမား ပါရင် Perin ဟာ ဘင်ဖီကာအသင်းကို ယူရို(၁၅)သန်းနဲ့ ပြောင်းရွှေ့ဖို့နီးစပ်နေတယ်လို့ သိရပါတယ်။ ပါရင် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ပွဲစဉ်(၉)ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။

နယူးကာဆယ် – နယူးကာဆယ်နည်းပြသစ် ရာထူးအတွက် ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ Sheffield Wednesday အသင်းနည်းပြ စတိဗ်ဘရုစ် Steve Bruce က အတည်ပြုခဲ့ပါတယ်။ ၀ါရင့်နည်းပြတစ်ဦးဖြစ်တဲ့ စတိဗ်ဘရုစ် ဟာ ပရီးမီးယားလိဂ် ကလပ်အသင်းပေါင်းများစွာကို တာဝန်ယူကိုင်တွယ်ခဲ့သူလည်းဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Sportskeeda
Photo: Callum Hudson-Odoi Facebook
Ko Kyue(Akhayar)
www.akhayar.com