[Zawgyi]





Evra

Evra






Ref: BBC Sports
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္ဂနွေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်ယူ – ဒီဂီယာ De Gea အနေနဲ့ အသင်းရဲ့ စာချုပ်သက်တမ်းတိုးကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ရင် မန်ယူအသင်းဟာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် Pickford ကိုပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းသွားဖို့ရှိနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းဟာ ဟော်ဖန်ဟမ်အသင်းရဲ့ ဂျာမနီကွင်းလယ်လူ Demirbay ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာခေါ်ယူဖို့ရှိနေပါတယ်။

PSG – PSG အသင်းဟာလည်း မန်ယူနောက်ခံလူ ဘာယီ Bailly ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Evra

Evra

မန်ယူ – မန်ယူကစားသမားဟောင်း အီဗရာ Evra ဟာ အသင်းကို သံတမန်အနေနဲ့ ပြန်လာဖို့ရှိနေပါတယ်။

အက်သလက်တီကို မင်နဲရိုး – အက်သလက်တီကို မင်နဲရိုးအသင်းရဲ့ လူငယ်ကွင်းလယ် တိုက်စစ်ကစားသမား Bruno Roberto ကိုခေါ်ယူဖို့အတွက် မန်ယူ ၊ ချယ်လ်ဆီး ၊ လီဗာပူးလ် ၊ စပါး နဲ့ မန်စီးတီးအသင်းတွေက အပြိုင်လိုက်နေကြပါတယ်။

မန်စီးတီး – မန်စီးတီးအသင်းဟာ အေဂျက်စ်လူငယ်ကွင်းလယ်လူ ဒီယွန်း De Jong ကိုပေါင်(၆၁)သန်းနဲ့ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းဟာ ဖာဘင်ဟို Fabinho ကိုရောင်းချဖို့အတွက် အသင့်ရှိနေပါတယ်။

အီတလီ – ဂျူဗင်တပ်စ်နောက်ခံလူ ချီလီနီ Chiellini ဟာ အီတလီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၁၀၀)ပြည့်ခဲ့ပြီလို့ သိရပါတယ်။

Ref: BBC Sports
Photo: Premier League , The Independent
Ko Kyue(Akhayar)
www.akhayar.com