[Zawgyi]






Real-Madrid

Real-Madrid





Ref: BBC Sports , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္ဂနွေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်ယူ – မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba နဲ့ နည်းပြမော်ရင်ဟို Mourinho တို့ရဲ့ ဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်လာတယ်လို့ ပေါ့ဘာ ရဲ့ အေးဂျင့် ရွိုင်အိုလာ Raiola က ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ Sarri ဟာ ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ် Denis Suarez ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်လူ ရမ်ဆေး Ramsey နဲ့ ရိုးမားတိုက်စစ်မှူး Schick တို့ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အလဲအလှယ်ပြုလုပ်ဖို့ စောင့်ကြည့်နေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းဟာ လူငယ်တိုက်စစ်မှူး ဆိုလန်ကီ Solanke ကို အငှားချဖို့ရှိနေပြီး သူ့ကိုခေါ်ယူဖို့အတွက် ဝက်စ်ဟမ်း နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

Real-Madrid

Real-Madrid

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဗဟိုနောက်ခံလူတစ်ဦး ၊ ကွင်းလယ်လူတစ်ဦး နဲ့ တိုက်စစ်မှူး တစ်ဦးခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

PSG – PSG ကွင်းလယ်လူ ရာဘီယူ Rabiot ကိုခေါ်ယူဖို့အတွက် အေစီမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတွေက အပြိုင်ဖြစ်နေကြပါတယ်။

ဘက်ဆစ်တက် – ဘက်ဆစ်တက်အသင်းဟာ ဝက်စ်ဟမ်းတိုက်စစ်မှူး ဟာနန်ဒက်ဇ် Hernandez ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဘွန်ဒစ်လီဂါ – ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒေါ့မွန်အသင်းဟာ အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းကို ( ၃ – ၂ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Ref: BBC Sports , Goal.com
Photo: Goal.com , FOX Sports Asia
Ko Kyue(Akhayar)
www.akhayar.com