[Zawgyi]





Kante

Kante






Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္ဂနွေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်စီးတီး – မန်စီးတီးလူငယ်ကွင်းလယ်လူ ဖိုဒန် Foden ကို ဒေါ့မွန်အသင်းက ခေါ်ယူလိုနေသလို လိုက်ပစ်ဇ်နဲ့ PSG အသင်းတွေကလည်း စောင့်ကြည့်နေကြပါတယ်။

မန်ယူ – မန်ယူအသင်းဟာ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး Ramsey ကိုခေါ်ယူဖို့အတွက် တတိယအကြိမ်မြောက်ကမ်းလှမ်းမှု ပြုလုပ်ဖို့ရှိနေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ ဥရောပရဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားတွေဖြစ်ကြတဲ့ Rennes တောင်ပံကစားသမား Ismaila Sarr နဲ့ လေဗာကူဆင်ကွင်းလယ်လူ Kai Havertz တို့ကို ခေါ်ယူလိုနေပါတယ်။

Kante

Kante

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်လူ ကွန်တေ Kante ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကွန်တေ ကိုခေါ်ယူဖို့အတွက် PSG အသင်းကစိတ်ဝင်စားနေပါတယ်။

စပါး – စပါးအသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင် Eriksen ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းက စဉ်းစားနေပါတယ်။

ဂျီနိုအာ – ဂျီနိုအာတိုက်စစ်မှုး Piatek ကို ချယ်လ်ဆီး ၊ စပါးနဲ့ လီဗာပူးလ်အသင်းတွေက ခေါ်ယူလိုနေပြီး ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်(၅၃)သန်းလောက် အသုံးပြုဖို့ရှိနေကြပါတယ်။

PSG – PSG ကွင်းလယ်လူ ရာဘီယူ Rabiot ကိုခေါ်ယူဖို့အတွက် အေစီမီလန်နဲ့ ဘာစီလိုနာအသင်းတွေက အပြိုင်ဖြစ်နေကြပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင်တိုက်စစ်မှုး မက်ဆီ Messi ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပါတယ်။

Ref: BBC Sport , Goal.com
Photo: 101 Great Goals , Evening Standard
Ko Kyue(Akhayar)
www.akhayar.com