[Zawgyi]





Herrera

Herrera







Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

တနင်္ဂနွေနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

လက်စတာ – လက်စတာအသင်းဟာ လီဗာပူးလ် နောက်ခံလူ ကလိုင်း Clyne ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ပစ်မှတ်ထားနေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်း တိုက်စစ်ကစားသမား ဒီဘားလား Dybala ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

ဟတ်ဒါဖီးလ် – ဟတ်ဒါဖီးလ်အသင်းဟာ ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှုး Maupay ကိုပေါင်(၁၀)သန်းနဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

Herrera

Herrera

အာဆင်နယ် – အာဆင်နယ်အသင်းဟာ အသင်းကနေထွက်ခွာဖို့ရှိနေတဲ့ ကွင်းလယ်လူ ရမ်ဆေး Ramsey ရဲ့နေရာမှာ အစားထိုးဖို့အတွက် ပေါ်တိုကွင်းလယ်လူ ဟာရဲရား Herrera ကိုမျက်စိကျနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် Jurgen Klopp က မန်စီးတီးနည်းပြ ဂွာဒီယိုလာ Guardiola ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

စပါး – စပါးအသင်းကွင်းလယ်လူ ဒမ်ဘီလီ Dembele ဟာ အသင်းနဲ့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်သစ်ကိစ္စ ဆွေးနွေးဖို့မမျှော်လင့်ထားဘူး လို့သိရပါတယ်။  ဒမ်ဘီလီဟာ တရုတ်နဲ့ အရှေ့အလယ်ပိုင်း ကလပ်အသင်းတွေကို ပြောင်းရွှေ့ဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

LA Galaxy – LA Galaxy တိုက်စစ်မှုး အီဘရာဟီမိုဗစ် Ibrahimovic ဟာ အေစီမီလန်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးဖို့ အသင့်ရှိနေပါတယ်။

ဗီလာ – ဗီလာအသင်း နည်းပြရာထူးကို ဘယ်လ်ဂျီယံ လက်ထောက်နည်းပြ အွန်နရီ Henry နဲ့ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာ Brendan Rodgers တို့ဟာ စိတ်ဝင်စားနေကြပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တက်ဂီ Lopetegui ဟာ ရာထူးကနေထုတ်ပယ်ခံရမှာကို ကြောက်ရွံခြင်းမရှိဘူးလို့ သိရပါတယ်။

Ref: BBC Sport , Goal.com
Photo: This Is Anfield , Whazupnaija
Ko Kyue(Akhayar)
www.akhayar.com