[Zawgyi]

ဝက္သားဆလတ္ပူပူေလးစားေကာင္းတဲ့ Summit Korea ဆိုင္ငယ္ေလးသို႔ တေခါက္

ကိုရီးယားစာဆိုရင္ ႐ုပ္ရွင္ကားေတြထဲမွာေတာ့ အေရာင္ေလးရဲ၊ အေငြ႕တေထာင္းေထာင္းနဲ႔ ပံုေတြျမင္တာနဲ႔ကို သေရက်ေလာက္တဲ့ အစားအစာေတြလို႔ပဲ ျမင္ေယာက္မိၾကတာမို႔လား။ ရန္ကုန္မွာ ကိုရီးယားဆိုင္ေတြ လာဖြင့္ၾကၿပီလဲဆိုေရာ တကယ့္တကယ္ ကိုယ္တိုင္ကိုယ္က်စားၾကည့္ေတာ့မွ ခ်ိဳေပါ့ေပါ့ႀကီးျဖစ္ေနတာမိ်ဳး၊ ေပါ့ေပါ့စပ္စပ္ေတြနဲ႔ အာမထိလွ်ာမထိ ဗိုက္ထဲအရသာရွိရွိ မဝင္သြားတဲ့ဆိုင္ေတြမွ အမ်ားႀကီးပါပဲ။ အစားသမားေတြလည္း ၾကံဳဖူးၾကတယ္ဟုတ္။

အဲ့လို ကိုရီးယားစာကို ဗမာပါးစပ္နဲ႔ ပူပူေႏြးေႏြးအေငြ႕တေထာင္းေထာင္းနဲ႔ ကိုရီးယားေရာက္ေနသလို စားပြဲဝိုင္းပုေလးေတြမွာ ထိုင္စားရမယ့္ဆိုင္ေလးေတာ့ ဒီေန႔ အခရာရဲ႕ အစားတလိုင္းက ရံုးအလုပ္နဲ႔ အျပင္သြားရင္း ေရာက္ခဲ့တယ္ေပါ့ေနာ္။

ဆိုင္ကေလးက လွည္းတန္းစင္တာ ဒုတိယထပ္ စက္ေလွကားအေနာက္ဘက္က ကိုရီးယား႐ိုးရာဆိုင္ေလး။ Summit Korea တဲ့။ ရန္ကုန္ၿမိဳ႕ရဲ႕ ရွားရွားပါးပါး အရသာရွိတဲ့ ကိုရီးယားဆိုင္ေလးေတြထဲမွာ သူပါပါတယ္။

ဘယ္ဘက္ျခမ္းက ႐ိုး႐ိုးစားပြဲခံုေလးေတြ။ ညာဘက္ျခမ္းကေတာ့ ကိုရီးယားနန္းတြင္းမွာထိုင္စားေနရသလို စားပြဲခံုပုေလးေတြနဲ႔ ပုဆစ္တုပ္ထိုင္ရတာ နန္းဆန္တယ္ဆိုရမယ္။

ကိုယ့္မွာ ဗိုက္ဆာဆာနဲ႔ မီႏူးၾကည့္လိုက္တဲ့ ခန ေစ်းႏႈန္းအေနအထားကို ေတာ္ေတာ္သေဘာက်သြားတယ္။ ကိုရီးယားစာေတြက ေစ်းႀကီးတတ္ၾကတယ္မလား။ ဒီဆိုင္ေလးကေတာ့ ေက်ာင္းသား၊ ဝန္ထမ္းေတြ စားေပ်ာ္မယ့္ေစ်းမ်ိဳးပါ။ ၃,၄ေယာက္စားလို႔ရတဲ့ အိုးေတြ၊ ပြဲေတြဆိုလည္း သက္သာတယ္။

ကိုယ္ကေတာ့ ေန႔လည္စာစားခ်ိန္ ဗိုက္ဆာေနေတာ့ ဝက္ခ်စ္သူမို႔ ဝက္သားေျမအိုးပူ Set တစ္ပြဲမွာလိုက္တယ္။ သိပ္မၾကာဘူးေရာက္ခ်လာတာ။ ပန္းကန္လံုး၊ ပန္းကန္ျပားႀကီးငယ္အသြယ္သြယ္နဲ႔ ေျမအိုးျပားေလးေပၚမွာ အေငြ႕တေထာင္းေထာင္းဝက္သားျပားရဲရဲေလးေတြ၊ အာလူးအခ်ိဳခ်က္ေလးရယ္၊ ေျမပဲျပဳတ္ေၾကာ္ေလးရယ္၊ ကိုရီးယားကင္ခ်ီ၊ ပဲငပိ၊ ဆလတ္ရြက္၊ င႐ုတ္သီးစိမ္း၊ ၾကက္သြန္ျဖဴနဲ႔ ထမင္းပူပူေလးတစ္ပန္းကန္ စံုေနေအာင္ ေရာက္ခ်လာပါေရာလား။

ဗိုက္ဆာေနတာနဲ႔ ပထမဆံုး ထမင္းကစျမည္းလိုက္တယ္။ ထမင္းကေတာ့ ႐ိုး႐ိုးဆန္ပါပဲ။ ရွမ္းဆန္မဟုတ္ေတာ့ မေစးေနဘူး။ ဒါေပမယ့္ဆန္ေကာင္းတယ္။ ပူပူေလး။ ေနာက္ထပ္ျမည္းၾကည့္တာ ဝက္သားျပား ပူပူရဲရဲ။ ေျမအိုးပူေပၚတင္ခ်က္ထားေတာ့ အရသာပိုထူးကဲတယ္။ သူ႔အနံ့က ႏွာေခါင္းထဲ ေမႊးၿပီးလိႈက္တက္လာတယ္။ အသားျပားေတြႀကီးတယ္။ တျခားဆိုင္ေတြလို အသားေသးေသးမစင္းထားလို႔ အျမင္မွာ နည္းတယ္ ထင္ရတယ္။ ဒါေပမယ့္ ပံုမွန္စားတဲ့သူဆို ၂ေယာက္ေလာက္ တျခားအမယ္ေတြမွာရင္း စုစားလို႔ရတယ္။

အရသာေလးကေတာ့ ခ်ိဳေမႊးၿပီး ဂ်င္းနံ့ေလးသင္းေနတာ။ ဝက္အသားက အိေနတာပဲ။ အဲ့အသားကို ဆလတ္ေလးထုတ္၊ ပဲငပိေလးတင္၊ ၾကက္သြန္ျဖဴ င႐ုတ္သီးစိမ္း တစ္ျပားစီထည့္၊ ကင္ခ်ီေလးညႇပ္ရင္း ပါးစပ္ထဲ အလိပ္လိုက္ၿပီး သြင္းၿပီး ဝါးပါလိမ့္ အကုန္ေရာထားတဲ့ ဝက္သားဆလတ္အရသာေလးက ထိရွေနေရာ။

င႐ုတ္သီးစိမ္းေလး အေတာင့္ႀကီးေပမယ့္ စပ္တယ္။ ၾကက္သြန္ျဖဴ လွီးထားတာ ႀကီးတယ္။ က်န္တာကေတာ့ အာလူးခ်က္နဲ႔ ေျမပဲျပဳတ္ေၾကာ္ကအစ စားေကာင္းတယ္ဆိုတာမ်ိဳး။
အဲ့တစ္ Set လံုးကိုမွ ၅၀၀၀ ဆိုတာ ေပ်ာ္ေပ်ာ္ႀကီး ေပးတန္တယ္ထင္တာပါပဲ။

ကိုယ္ကေတာ့ ဗိုက္ဆာေနခ်ိန္ တစ္ေယာက္တည္း ၂ပြဲ၊ ၃ပြဲစားဖို႔ ဟန္ျပင္ခဲ့ေပမယ့္ တစ္ပြဲနဲ႔တင္ ဗိုက္တင္းကားခဲ့လို႔ တျခားအစားအစာေတြ Menu ကိုပံုေလး႐ိုက္ခဲ့ေပးပါတယ္။ တစ္ခုေတာ္ေတာ္သေဘာက်တာက ဝန္ထမ္းေကာင္မေလးေတြပါပဲ။ သေဘာေကာင္းတယ္။ ေသခ်ာရွင္းျပတယ္။

ေနာက္ ကိုရီးယားစာေကာင္းတဲ့ နာမည္ႀကီးဆိုင္နဲ႔မတူတာက ကင္ခ်ီ၊ ဆလတ္၊ ပဲငါးပိ ကုန္သြားလည္း ထပ္ဝန္ေဆာင္မႈေပးတယ္။ အဝစားရတယ္။ ျခံဳငံုေျပာရရင္ စိတ္ေက်နပ္စရာပါပဲ။

တျခားဝိုင္းေတြ လူမျပတ္တာေရာ၊ ၿမိန္ရွည္ရွက္ေရစားေနၾကတာေရာ ၾကည့္ရရင္ အရသာနဲ႔ပက္သတ္ၿပီး စိတ္ခ်ရတဲ့ဆိုင္ေလးပါ။ အေအးဘူးေတြေတာ့ပံုမွန္ဆိုင္ေတြထက္ကို ေစ်းႀကီးတယ္ ခံစားရတယ္။

လွည္းတန္းနဲ႔အနီးတဝိုက္မွာေနတဲ့သူေတြ ကိုရီးယားစာေကာင္းေကာင္းကို ဗမာပါးစပ္နဲ႔ အကိုက္ အရသာရွိရွိေလးစားခ်င္ရင္ေတာ့ ၃,၄ေယာက္ေလာက္စု အမယ္ ၄,၅မ်ိဳး မွာစားခဲ့ၾကည့္ၾကၿပီး အခရာကိုလည္း အရသာျပန္ေဝမွ်ေပးပါဦးလို႔….

FoodieEi (Akhayar)

[Unicode]

ဝက်သားဆလတ်ပူပူလေးစားကောင်းတဲ့ Summit Korea ဆိုင်ငယ်လေးသို့ တခေါက်

ကိုရီးယားစာဆိုရင် ရုပ်ရှင်ကားတွေထဲမှာတော့ အရောင်လေးရဲ၊ အငွေ့တထောင်းထောင်းနဲ့ ပုံတွေမြင်တာနဲ့ကို သရေကျလောက်တဲ့ အစားအစာတွေလို့ပဲ မြင်ယောက်မိကြတာမို့လား။ ရန်ကုန်မှာ ကိုရီးယားဆိုင်တွေ လာဖွင့်ကြပြီလဲဆိုရော တကယ့်တကယ် ကိုယ်တိုင်ကိုယ်ကျစားကြည့်တော့မှ ချိုပေါ့ပေါ့ကြီးဖြစ်နေတာမျိုး၊ ပေါ့ပေါ့စပ်စပ်တွေနဲ့ အာမထိလျှာမထိ ဗိုက်ထဲအရသာရှိရှိ မဝင်သွားတဲ့ဆိုင်တွေမှ အများကြီးပါပဲ။ အစားသမားတွေလည်း ကြုံဖူးကြတယ်ဟုတ်။

အဲ့လို ကိုရီးယားစာကို ဗမာပါးစပ်နဲ့ ပူပူနွေးနွေးအငွေ့တထောင်းထောင်းနဲ့ ကိုရီးယားရောက်နေသလို စားပွဲဝိုင်းပုလေးတွေမှာ ထိုင်စားရမယ့်ဆိုင်လေးတော့ ဒီနေ့ အခရာရဲ့ အစားတလိုင်းက ရုံးအလုပ်နဲ့ အပြင်သွားရင်း ရောက်ခဲ့တယ်ပေါ့နော်။

ဆိုင်ကလေးက လှည်းတန်းစင်တာ ဒုတိယထပ် စက်လှေကားအနောက်ဘက်က ကိုရီးယားရိုးရာဆိုင်လေး။ Summit Korea တဲ့။ ရန်ကုန်မြို့ရဲ့ ရှားရှားပါးပါး အရသာရှိတဲ့ ကိုရီးယားဆိုင်လေးတွေထဲမှာ သူပါပါတယ်။

ဘယ်ဘက်ခြမ်းက ရိုးရိုးစားပွဲခုံလေးတွေ။ ညာဘက်ခြမ်းကတော့ ကိုရီးယားနန်းတွင်းမှာထိုင်စားနေရသလို စားပွဲခုံပုလေးတွေနဲ့ ပုဆစ်တုပ်ထိုင်ရတာ နန်းဆန်တယ်ဆိုရမယ်။

ကိုယ့်မှာ ဗိုက်ဆာဆာနဲ့ မီနူးကြည့်လိုက်တဲ့ ခန ဈေးနှုန်းအနေအထားကို တော်တော်သဘောကျသွားတယ်။ ကိုရီးယားစာတွေက ဈေးကြီးတတ်ကြတယ်မလား။ ဒီဆိုင်လေးကတော့ ကျောင်းသား၊ ဝန်ထမ်းတွေ စားပျော်မယ့်ဈေးမျိုးပါ။ ၃,၄ယောက်စားလို့ရတဲ့ အိုးတွေ၊ ပွဲတွေဆိုလည်း သက်သာတယ်။

ကိုယ်ကတော့ နေ့လည်စာစားချိန် ဗိုက်ဆာနေတော့ ဝက်ချစ်သူမို့ ဝက်သားမြေအိုးပူ Set တစ်ပွဲမှာလိုက်တယ်။ သိပ်မကြာဘူးရောက်ချလာတာ။ ပန်းကန်လုံး၊ ပန်းကန်ပြားကြီးငယ်အသွယ်သွယ်နဲ့ မြေအိုးပြားလေးပေါ်မှာ အငွေ့တထောင်းထောင်းဝက်သားပြားရဲရဲလေးတွေ၊ အာလူးအချိုချက်လေးရယ်၊ မြေပဲပြုတ်ကြော်လေးရယ်၊ ကိုရီးယားကင်ချီ၊ ပဲငပိ၊ ဆလတ်ရွက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ ထမင်းပူပူလေးတစ်ပန်းကန် စုံနေအောင် ရောက်ချလာပါရောလား။

ဗိုက်ဆာနေတာနဲ့ ပထမဆုံး ထမင်းကစမြည်းလိုက်တယ်။ ထမင်းကတော့ ရိုးရိုးဆန်ပါပဲ။ ရှမ်းဆန်မဟုတ်တော့ မစေးနေဘူး။ ဒါပေမယ့်ဆန်ကောင်းတယ်။ ပူပူလေး။ နောက်ထပ်မြည်းကြည့်တာ ဝက်သားပြား ပူပူရဲရဲ။ မြေအိုးပူပေါ်တင်ချက်ထားတော့ အရသာပိုထူးကဲတယ်။ သူ့အနံ့က နှာခေါင်းထဲ မွှေးပြီးလှိုက်တက်လာတယ်။ အသားပြားတွေကြီးတယ်။ တခြားဆိုင်တွေလို အသားသေးသေးမစင်းထားလို့ အမြင်မှာ နည်းတယ် ထင်ရတယ်။ ဒါပေမယ့် ပုံမှန်စားတဲ့သူဆို ၂ယောက်လောက် တခြားအမယ်တွေမှာရင်း စုစားလို့ရတယ်။

အရသာလေးကတော့ ချိုမွှေးပြီး ဂျင်းနံ့လေးသင်းနေတာ။ ဝက်အသားက အိနေတာပဲ။ အဲ့အသားကို ဆလတ်လေးထုတ်၊ ပဲငပိလေးတင်၊ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း တစ်ပြားစီထည့်၊ ကင်ချီလေးညှပ်ရင်း ပါးစပ်ထဲ အလိပ်လိုက်ပြီး သွင်းပြီး ဝါးပါလိမ့် အကုန်ရောထားတဲ့ ဝက်သားဆလတ်အရသာလေးက ထိရှနေရော။

ငရုတ်သီးစိမ်းလေး အတောင့်ကြီးပေမယ့် စပ်တယ်။ ကြက်သွန်ဖြူ လှီးထားတာ ကြီးတယ်။ ကျန်တာကတော့ အာလူးချက်နဲ့ မြေပဲပြုတ်ကြော်ကအစ စားကောင်းတယ်ဆိုတာမျိုး။
အဲ့တစ် Set လုံးကိုမှ ၅၀၀၀ ဆိုတာ ပျော်ပျော်ကြီး ပေးတန်တယ်ထင်တာပါပဲ။

ကိုယ်ကတော့ ဗိုက်ဆာနေချိန် တစ်ယောက်တည်း ၂ပွဲ၊ ၃ပွဲစားဖို့ ဟန်ပြင်ခဲ့ပေမယ့် တစ်ပွဲနဲ့တင် ဗိုက်တင်းကားခဲ့လို့ တခြားအစားအစာတွေ Menu ကိုပုံလေးရိုက်ခဲ့ပေးပါတယ်။ တစ်ခုတော်တော်သဘောကျတာက ဝန်ထမ်းကောင်မလေးတွေပါပဲ။ သဘောကောင်းတယ်။ သေချာရှင်းပြတယ်။

နောက် ကိုရီးယားစာကောင်းတဲ့ နာမည်ကြီးဆိုင်နဲ့မတူတာက ကင်ချီ၊ ဆလတ်၊ ပဲငါးပိ ကုန်သွားလည်း ထပ်ဝန်ဆောင်မှုပေးတယ်။ အဝစားရတယ်။ ခြုံငုံပြောရရင် စိတ်ကျေနပ်စရာပါပဲ။

တခြားဝိုင်းတွေ လူမပြတ်တာရော၊ မြိန်ရှည်ရှက်ရေစားနေကြတာရော ကြည့်ရရင် အရသာနဲ့ပက်သတ်ပြီး စိတ်ချရတဲ့ဆိုင်လေးပါ။ အအေးဘူးတွေတော့ပုံမှန်ဆိုင်တွေထက်ကို ဈေးကြီးတယ် ခံစားရတယ်။

လှည်းတန်းနဲ့အနီးတဝိုက်မှာနေတဲ့သူတွေ ကိုရီးယားစာကောင်းကောင်းကို ဗမာပါးစပ်နဲ့ အကိုက် အရသာရှိရှိလေးစားချင်ရင်တော့ ၃,၄ယောက်လောက်စု အမယ် ၄,၅မျိုး မှာစားခဲ့ကြည့်ကြပြီး အခရာကိုလည်း အရသာပြန်ဝေမျှပေးပါဦးလို့….

FoodieEi (Akhayar)