[ZawGyi]

ေႏြရာသီမိတ္ကပ္ျပင္ဆင္နည္းမ်ား

ပြဲလမ္းသဘင္မ်ားတဲ႔ ဒီလိုရာသီမွာ အမ်ားနဲ႔အတူ လွလွပပေလး ေပ်ာ္မယ္ ကဲမယ္ဆုိရင္ အဆင္အေျပဆံုးျဖစ္မယ္႔ မိတ္ကပ္ျပင္ဆင္ပံုကိုေတာ႔ သိထားမွျဖစ္မယ္ေနာ္။ ေနပူပူထဲမွာ လူထူတဲ႔ေနရာကိုသြားမယ္ဆုိရင္ မိတ္ကပ္ေတြ ထူထူထဲထဲနဲ႔ဆုိအဆင္မေျပႏိုင္ပါဘူး။ ဒါေၾကာင္႔ ဒီလုိ ရာသီမွာ မိတ္ကပ္ဘယ္လိုလိမ္းမလဲဆုိတာကို မွ်ေဝေပးခ်င္ပါတယ္။

Sunscreen ကမျဖစ္မေနမလိုပါ

ေတာ္ေတာ္မ်ားမ်ားကေျပာၾကပါတယ္။ ေနပူထဲသြားတယ္ဆုိမွ Sunscreen ကမျဖစ္မေနလိုမွာေပါ႔ရယ္လုိ႔။ တကယ္ေတာ႔ ေနပူ ေခၽြးထြက္ ေရစို ဆုိတဲ႔အခ်ိန္မွာ Sunscreen က ေရေပ်ာ္က်ျပီး အာနိသင္သိပ္မခံပါဘူး။ သၾကၤန္မွာလည္ဖုိ႔ Waterproof အမ်ိဳးအစားလိမ္းမယ္ဆုိရင္ေတာ႔ ေကာင္းပါတယ္။ ဒါေပမဲ႔ ေတာ္တန္ရံုပြဲေတြအတြက္ေတာ႔ SPF ပါတဲ႔ Lotion ေလးေတြလိမ္းရံုနဲ႔ အဆင္ေျပပါတယ္။ Lotion ေတြက Sunscreen လိုလည္း ေစးကပ္ကပ္ျဖစ္မေနေစတာမို႔ လိုအပ္ခ်ိန္တိုင္းထပ္လိမ္းေပးလို႔လည္း အဆင္ေျပတယ္။ ေနရတာလည္းသက္ေသာင္႔သက္သာရွိေစတယ္ေလ။

Mattifiers ေလးေတြသံုးမယ္

EDM ပြဲေတြသြားမယ္ Music Festival ေတြသြားမယ္ဆုိရင္ ေသခ်ာတာက မ်က္ႏွာေလးက ေခၽြးထြက္အဆီျပန္လာမွာပါ။ ဒါေၾကာင္႔ မ်က္ႏွာကိုလိမ္းဖို႔ Product ေရြးတဲ႔အခါ အဆီကိုလည္းစုပ္ယူျပီး မ်က္ႏွာေလးကိုေျခာက္ေျခာက္ေလး သိပ္သိပ္ေလးျဖစ္ေနေစမယ္႔ Product ေတြကိုေရြးသံုးဖုိ႔လုိပါတယ္။ L’Oréal Paris RevitaLift Miracle Blurနဲ႔ NYX Cosmetics High Definition Finishing Powder လိုမ်ိဳး Product ေတြကို Base အေနနဲ႔လိမ္းတာပဲျဖစ္ျဖစ္ အျပီးသတ္အခ်ိန္မွာလိမ္းတာပဲျဖစ္ျဖစ္ လုပ္သင္႔ပါတယ္။ ဒါဆိုရင္ေတာ႔ ေပါ႔ေပါ႔ပါးပါးေလး သိပ္သိပ္ေလးနဲ႔လွေနမွာပါပဲ။

Oil- Free ကိုသာေရြးပါ

ဒီရာသီမွာေတာ႔ အသားေျခာက္တဲ႔သူပဲျဖစ္ျဖစ္၊ စိုျပည္တဲ႔သူပဲျဖစ္ျဖစ္ မ်က္ႏွာလိမ္းဖုိ႔တစ္ခုခုေရြးတဲ႔အခါ Oil-Free ကိုသာ ေရြးခ်ယ္ဖုိ႔လိုပါတယ္။ Kiehl’s Ultra Facial Oil-Free Lotion ၊ Maybelline Shine-Free Oil Control Loose Powder လိုမ်ိဳး Oil-free ျဖစ္တဲ႔အရာေတြကို ေရြးပါ။ Moisturizer ေရြးခ်ိန္မွာလည္း အသားထဲစိမ္႔ဝင္လြယ္ျပီး ျမန္မာအသားအေရနဲ႔အဆင္ေျပတဲ႔ ကိုရီးယားBrand တခ်ိဳ႕ကိုေရြးတာက ပိုေကာင္းပါတယ္။

ေဖာင္ေဒးရွင္းမလိမ္းပါနဲ႔

ပူေႏြး စုိစြတ္တဲ႔ ပတ္ဝန္းက်င္မွာရွိေနမွာမို႔ မိတ္ကပ္ေလးကပါးပါးေလးနဲ႔လွေလ ေကာင္းေလပါပဲ။ ဒါေၾကာင္႔ေဖာင္ေဒးရွင္းအထူၾကီးေတြ မသံုးဘဲ BB Cream နဲ႔ Tinted Moisturizer ေလးေတြေျပာင္းသံုးေစခ်င္ပါတယ္။ ဒီလုိေရြးခ်ယ္သံုးတာက Coverage ေကာင္းေကာင္းရေစသလို အသားအေရအတြက္လုိအပ္တဲ႔ Nutrients ေတြကိုလည္း ရရွိေစပါတယ္။ ျပီးေတာ႔ BB Cream နဲ႔ Tinted Moisturizer ေတြက ေခၽြးေပါက္ပိတ္သြားတာမ်ိဳးလည္း မရွိေစပါဘူး။ ဒါေၾကာင္႔ ေဖာင္ေဒးရွင္းေတြမသံုးဘဲ BB Cream ေကာင္းေကာင္းေလးသာ ဝယ္ထားပါ။ Garnier Miracle Skin Perfector BB Cream Oil-Free၊ L’Oréal Paris Magic Skin Beautifier BB Cream ေတြလိုမ်ိဳးကို ေရြးသံုးႏိုင္ပါတယ္။ ကိုရီးယား BB Cream ေကာင္းေကာင္းေလးေတြလည္း ရွိပါတယ္။

Waterproof လိုပါတယ္

မိတ္ကပ္ပစၥည္းသံုးတဲ႔အခ်ိန္မွာေတာ႔ Waterproof ကိုေရြးဖုိ႔လုိပါတယ္။ Mascara ၊ Eyeshadow ၊ Eyeliner ကို ေရစိုေခၽြးစိုခံႏိုင္တဲ႔ Waterproof ကိုသာသံုးပါ။ ႏႈတ္ခမ္းနီကိုေတာ႔ Longlasting အမ်ိဳးအစားကိုေရြးသံုးႏိုင္ပါတယ္။ Waterproof အမ်ိဳးအစားေတြ သံုးျပီးရင္လုက္ေဆာင္ရမယ္႔ တစ္ခုေသာ Rule ကေတာ႔ အိမ္ေရာက္ရင္ Makeup Remover နဲ႔ေသေသခ်ာခ်ာျပန္သန္႔စင္ဖုိ႔ပါပဲ။

Facial Spray ေတြမျဖစ္မေနလိုပါတယ္

Body Spray နဲ႔ Facial Spray ေတြကေတာ႔ ဒီရာသီအတြက္မရွိမျဖစ္ပါပဲ။ သၾကၤန္လည္ပတ္တဲ႔အခါ ေရတစ္ခါစိုျပီးလို႔အဝတ္တစ္ခါလဲမယ္ဆုိရင္ ေမႊးရန႔ံလန္းလန္းေလးရဖုိ႔ ေရေမႊးစြတ္လုိက္တာထက္ Body Spray ဖ်န္းလိုက္တာက ပိုအဆင္ေျပပါတယ္။ မ်က္ႏွာကိုလည္း မိတ္ကပ္ေတြ Fresh ျဖစ္ခ်င္တာပဲျဖစ္ျဖစ္ မ်က္ႏွာသစ္ျပီးခ်ိန္ မ်က္နွာေျပာင္ေလးျဖစ္ေနခ်ိန္မွာ ထူထူထဲထဲၾကီးေတြ မလိမ္းလိုရင္ပဲျဖစ္ျဖစ္ Facial Spray ေလးဖ်န္းလို႔ရပါတယ္။ ဒါေၾကာင္႔ ဒီရာသီမွာ ေရထဲမွာပဲေပ်ာ္ေပ်ာ္၊ ေနပူထဲပဲေရာက္ေရာက္ Body Spray နဲ႔ Facial Spray ေလးေတြ အိတ္ထဲထည္႔သယ္သြားသင္႔ပါတယ္ေနာ္။

ဒါေတြကေတာ႔ ေႏြရာသီမွာ အျပင္ထြက္ေလွ်ာက္လည္၊ Music ပြဲ၊ သၾကၤန္လုိမ်ိဳးေတြသြားျပီး ေပ်ာ္ျမဴးတတ္တုိ႔ေခးေလးတို႔အတြက္ လုိအပ္တဲ႔မိတ္ကပ္ပစၥည္းေလးေတြျဖစ္ပါတယ္။ ေႏြရာသီမွာလည္း ေပါ႔ပါးခ်စ္စရာေကာင္းတဲ႔ ျပင္ဆင္မႈေလးေတြနဲ႔ အဆင္ေျပေျပလွႏိုင္ၾကပါေစေနာ္။

www.akhayar.com

[Unicode]

နွေရာသီမိတ်ကပ်ပြင်ဆင်နည်းများ

ပွဲလမ်းသဘင်များတဲ့ ဒီလိုရာသီမှာ အများနဲ့အတူ လှလှပပလေး ပျော်မယ် ကဲမယ်ဆိုရင် အဆင်အပြေဆုံးဖြစ်မယ့် မိတ်ကပ်ပြင်ဆင်ပုံကိုတော့ သိထားမှဖြစ်မယ်နော်။ နေပူပူထဲမှာ လူထူတဲ့နေရာကိုသွားမယ်ဆိုရင် မိတ်ကပ်တွေ ထူထူထဲထဲနဲ့ဆိုအဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ဒီလို ရာသီမှာ မိတ်ကပ်ဘယ်လိုလိမ်းမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

Sunscreen ကမဖြစ်မနေမလိုပါ

တော်တော်များများကပြောကြပါတယ်။ နေပူထဲသွားတယ်ဆိုမှ Sunscreen ကမဖြစ်မနေလိုမှာပေါ့ရယ်လို့။ တကယ်တော့ နေပူ ချွေးထွက် ရေစို ဆိုတဲ့အချိန်မှာ Sunscreen က ရေပျော်ကျပြီး အာနိသင်သိပ်မခံပါဘူး။ သင်္ကြန်မှာလည်ဖို့ Waterproof အမျိုးအစားလိမ်းမယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ တော်တန်ရုံပွဲတွေအတွက်တော့ SPF ပါတဲ့ Lotion လေးတွေလိမ်းရုံနဲ့ အဆင်ပြေပါတယ်။ Lotion တွေက Sunscreen လိုလည်း စေးကပ်ကပ်ဖြစ်မနေစေတာမို့ လိုအပ်ချိန်တိုင်းထပ်လိမ်းပေးလို့လည်း အဆင်ပြေတယ်။ နေရတာလည်းသက်သောင့်သက်သာရှိစေတယ်လေ။

Mattifiers လေးတွေသုံးမယ်

EDM ပွဲတွေသွားမယ် Music Festival တွေသွားမယ်ဆိုရင် သေချာတာက မျက်နှာလေးက ချွေးထွက်အဆီပြန်လာမှာပါ။ ဒါကြောင့် မျက်နှာကိုလိမ်းဖို့ Product ရွေးတဲ့အခါ အဆီကိုလည်းစုပ်ယူပြီး မျက်နှာလေးကိုခြောက်ခြောက်လေး သိပ်သိပ်လေးဖြစ်နေစေမယ့် Product တွေကိုရွေးသုံးဖို့လိုပါတယ်။ L’Oréal Paris RevitaLift Miracle Blurနဲ့ NYX Cosmetics High Definition Finishing Powder လိုမျိုး Product တွေကို Base အနေနဲ့လိမ်းတာပဲဖြစ်ဖြစ် အပြီးသတ်အချိန်မှာလိမ်းတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဒါဆိုရင်တော့ ပေါ့ပေါ့ပါးပါးလေး သိပ်သိပ်လေးနဲ့လှနေမှာပါပဲ။

Oil- Free ကိုသာရွေးပါ

ဒီရာသီမှာတော့ အသားခြောက်တဲ့သူပဲဖြစ်ဖြစ်၊ စိုပြည်တဲ့သူပဲဖြစ်ဖြစ် မျက်နှာလိမ်းဖို့တစ်ခုခုရွေးတဲ့အခါ Oil-Free ကိုသာ ရွေးချယ်ဖို့လိုပါတယ်။ Kiehl’s Ultra Facial Oil-Free Lotion ၊ Maybelline Shine-Free Oil Control Loose Powder လိုမျိုး Oil-free ဖြစ်တဲ့အရာတွေကို ရွေးပါ။ Moisturizer ရွေးချိန်မှာလည်း အသားထဲစိမ့်ဝင်လွယ်ပြီး မြန်မာအသားအရေနဲ့အဆင်ပြေတဲ့ ကိုရီးယားBrand တချို့ကိုရွေးတာက ပိုကောင်းပါတယ်။

ဖောင်ဒေးရှင်းမလိမ်းပါနဲ့

ပူနွေး စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာရှိနေမှာမို့ မိတ်ကပ်လေးကပါးပါးလေးနဲ့လှလေ ကောင်းလေပါပဲ။ ဒါကြောင့်ဖောင်ဒေးရှင်းအထူကြီးတွေ မသုံးဘဲ BB Cream နဲ့ Tinted Moisturizer လေးတွေပြောင်းသုံးစေချင်ပါတယ်။ ဒီလိုရွေးချယ်သုံးတာက Coverage ကောင်းကောင်းရစေသလို အသားအရေအတွက်လိုအပ်တဲ့ Nutrients တွေကိုလည်း ရရှိစေပါတယ်။ ပြီးတော့ BB Cream နဲ့ Tinted Moisturizer တွေက ချွေးပေါက်ပိတ်သွားတာမျိုးလည်း မရှိစေပါဘူး။ ဒါကြောင့် ဖောင်ဒေးရှင်းတွေမသုံးဘဲ BB Cream ကောင်းကောင်းလေးသာ ဝယ်ထားပါ။ Garnier Miracle Skin Perfector BB Cream Oil-Free၊ L’Oréal Paris Magic Skin Beautifier BB Cream တွေလိုမျိုးကို ရွေးသုံးနိုင်ပါတယ်။ ကိုရီးယား BB Cream ကောင်းကောင်းလေးတွေလည်း ရှိပါတယ်။

Waterproof လိုပါတယ်

မိတ်ကပ်ပစ္စည်းသုံးတဲ့အချိန်မှာတော့ Waterproof ကိုရွေးဖို့လိုပါတယ်။ Mascara ၊ Eyeshadow ၊ Eyeliner ကို ရေစိုချွေးစိုခံနိုင်တဲ့ Waterproof ကိုသာသုံးပါ။ နှုတ်ခမ်းနီကိုတော့ Longlasting အမျိုးအစားကိုရွေးသုံးနိုင်ပါတယ်။ Waterproof အမျိုးအစားတွေ သုံးပြီးရင်လုက်ဆောင်ရမယ့် တစ်ခုသော Rule ကတော့ အိမ်ရောက်ရင် Makeup Remover နဲ့သေသေချာချာပြန်သန့်စင်ဖို့ပါပဲ။

Facial Spray တွေမဖြစ်မနေလိုပါတယ်

Body Spray နဲ့ Facial Spray တွေကတော့ ဒီရာသီအတွက်မရှိမဖြစ်ပါပဲ။ သင်္ကြန်လည်ပတ်တဲ့အခါ ရေတစ်ခါစိုပြီးလို့အဝတ်တစ်ခါလဲမယ်ဆိုရင် မွှေးရနံ့လန်းလန်းလေးရဖို့ ရေမွှေးစွတ်လိုက်တာထက် Body Spray ဖျန်းလိုက်တာက ပိုအဆင်ပြေပါတယ်။ မျက်နှာကိုလည်း မိတ်ကပ်တွေ Fresh ဖြစ်ချင်တာပဲဖြစ်ဖြစ် မျက်နှာသစ်ပြီးချိန် မျက်နှာပြောင်လေးဖြစ်နေချိန်မှာ ထူထူထဲထဲကြီးတွေ မလိမ်းလိုရင်ပဲဖြစ်ဖြစ် Facial Spray လေးဖျန်းလို့ရပါတယ်။ ဒါကြောင့် ဒီရာသီမှာ ရေထဲမှာပဲပျော်ပျော်၊ နေပူထဲပဲရောက်ရောက် Body Spray နဲ့ Facial Spray လေးတွေ အိတ်ထဲထည့်သယ်သွားသင့်ပါတယ်နော်။

ဒါတွေကတော့ နွေရာသီမှာ အပြင်ထွက်လျှောက်လည်၊ Music ပွဲ၊ သင်္ကြန်လိုမျိုးတွေသွားပြီး ပျော်မြူးတတ်တို့ခေးလေးတို့အတွက် လိုအပ်တဲ့မိတ်ကပ်ပစ္စည်းလေးတွေဖြစ်ပါတယ်။ နွေရာသီမှာလည်း ပေါ့ပါးချစ်စရာကောင်းတဲ့ ပြင်ဆင်မှုလေးတွေနဲ့ အဆင်ပြေပြေလှနိုင်ကြပါစေနော်။

www.akhayar.com