[Zawgyi]

ေႏြရာသီမွာ စားသံုးေပးသင့္တဲ့ ရာသီစာသီးႏွံမ်ား

ေႏြရာသီမွာ အပူဒဏ္ကာကြယ္ဖုိ႔အတြက္ ရာသီစာသီးႏွံေလးေတြကိုလည္း စားသံုးဖို႔ မေမ့ပါနဲ႔ေနာ္။ ေႏြရာသီလို ပူျပင္းတဲ့ ရာသီဥတုနဲ႔ ကိုက္ညီမႈရွိၿပီး က်န္းမာေရးအတြက္လည္း မ်ားစြာအေထာက္အကူျပဳတဲ့ အသီးအႏွံမ်ားကို ေရြးခ်ယ္စားသံုးသင့္ပါတယ္။ ဒါ့ေၾကာင့္ အခုလို ပူျပင္းတဲ့ရာသီဥတုမွာ ဘယ္လိုအသီးအႏွံမ်ားကို သင့္တင့္မွ်တစြာ စားသံုးသင့္လဲဆိုတာကို ေဖာျ္ပေပးလိုက္ပါတယ္။

(၁) ဖရဲသီး

ဖရဲသီးက သစ္သီးမ်ားစြာထဲမွာ ေရဓာတ္အျပည့္ဝဆံုးေသာ အသီးတစ္မ်ိဳးပါပဲ။ Watermelon ဆိုတဲ့ နာမည္အတိုင္းပဲ ဖရဲသီးမွာပါဝင္တဲ့ ေရဓာတ္က ခႏၶာကိုယ္အတြက္ ေရဓာတ္ျဖည့္တင္းေပးႏုိင္တဲ့ အရာအျဖစ္ သတ္မွတ္ႏုိင္ပါတယ္။ ဖရဲသီးက ရင္ကိုေအးေစၿပီး အပူဒဏ္ေၾကာင့္ ကုန္ခမ္းသြားတဲ့ ေရဓာတ္နဲ႔ အားအင္မ်ားကို ျပန္လည္ျဖည့္တင္းေပးႏိုင္တဲ့အတြက္ေၾကာင့္ ေႏြရာသီနဲ႔ အသင့္ေတာ္ဆံုး သစ္သီးတစ္မ်ိဳးပါပဲ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၂) ခရမ္းခ်ဥ္သီး

Antioxidants နဲ႔ ဗီတာမင္စီပါဝင္တဲ့ ခရမ္းခ်ဥ္သီးကလည္း ေႏြရာသီနဲ႔ သင့္ေတာ္တဲ့ ရာသီစာအသီးအႏွံလို႔ ဆိုရပါမယ္။ ေႏြရာသီမွ စားသင့္တာမဟုတ္ပါဘူး။ ကင္ဆာေရာဂါကိုလည္း ကာကြယ္ေပးႏုိင္ၿပီး က်န္းမာေရးလွပေစတဲ့အတြက္ ေန႔စဥ္ေန႔တုိင္း စားသံုးသင့္ပါတယ္။ ဒါ့ေၾကာင့္ ခရမ္းခ်ဥ္သီးကို ေဖ်ာ္ေသာက္တာပဲျဖစ္ျဖစ္၊ သုပ္စားတာမ်ိဳးပဲျဖစ္ျဖစ္၊ ေႏြဥတုရဲ႕ ဓာတ္စာအျဖစ္ စားသံုးႏုိင္ပါတယ္။

(၃) ေရွာက္သီး၊ လိေမၼာ္သီး

ပိုတက္စီယမ္အျပည့္အဝပါဝင္တဲ့ ေရွာက္သီး၊ လိေမၼာ္သီးကလည္း ခုလိုရာသီမ်ိဳးနဲ႔ သင့္ေတာ္ပါတယ္။ ေႏြရာသီမွာ အပူဒဏ္ေၾကာင့္ ေခၽြးထြက္လြန္ၿပီး ပိုတက္ဆီယမ္ဓာတ္ ဆံုးရႈံးၿပီဆိုတာနဲ႔ လူက ပင္ပန္းႏြမ္းနယ္ပါေတာ့တယ္။ ဒါကို ကာကြယ္ဖို႔အတြက္ဆိုရင္ေတာ့ ေရွာက္သီး၊ လိေမၼာ္သီးနဲ႔ အားျဖည့္ႏုိင္ပါတယ္။ ဒါ့အျပင္ ေရဓာတ္ျပည့္ဝစြာ ပါဝင္တဲ့အတြက္ေၾကာင့္လည္း စားသံုးေပးသင့္တဲ့ အသီးတစ္မ်ိဳးပါပဲ။

(၄) ပန္းသီး

အမွ်င္ဓာတ္ၾကြယ္ဝစြာပါဝင္တဲ့ အသီးေတြထဲမွာ ပန္းသီးလည္း ပါဝင္ေနပါတယ္။ အမွ်င္ဓာတ္ၾကြယ္ဝစြာ ပါဝင္တဲ့အတြက္ေၾကာင့္ ခႏၶာကိုယ္ကို သြယ္လ်လွပေစတဲ့အျပင္ ေႏြရာသီအတြက္လည္း သင့္ေတာ္တဲ့ သစ္သီးတစ္မ်ိဳးပါပဲ။ ပန္းသီးမွာပါဝင္တဲ့ ဗီတာမင္ဓာတ္မ်ားက ေနပူဒဏ္ေၾကာင့္ ကုန္ခမ္းသြားတဲ့ အားအင္မ်ားကို ျပန္လည္ျဖည့္တင္းေပးႏုိင္စြမ္း ရွိပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၅) စေတာ္ဘယ္ရီသီး

လူႀကီးလူငယ္မေရြး ႀကိဳက္ႏွစ္သက္ၾကၿပီး မႀကိဳက္တဲ့သူ ခပ္ရွားရွားဆိုတဲ့ အသီးထဲမွာ စေတာ္ဘယ္ရီသီးလည္း ပါဝင္ေနပါတယ္။ ဒါ့ေၾကာင့္လည္း ေစ်းကြက္ထဲမွာ စေတာ္ဘယ္ရီးသီးကို ပံုစံမ်ိဳးစံုနဲ႔ ေတြ႔ျမင္ေနရတာပါ။ စေတာ္ဘယ္ရီသီးမွာ ပါဝင္တဲ့ ဗီတာမင္ဓာတ္မ်ားနဲ႔ အျခားအာဟာရဓာတ္မ်ားက ေရာဂါဝင္ေရာက္မႈကို ခုခံႏုိင္စြမ္းအား ရွိပါတယ္။ ေသြးလည္ပတ္မႈကိုလည္း ေကာင္းမြန္ေစၿပီး ေႏြရာသီမွာ သင့္ရဲ႕အသားအေရကို စိုေျပလွပေနေစမွာပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နွေရာသီမှာ စားသုံးပေးသင့်တဲ့ ရာသီစာသီးနှံများ

နွေရာသီမှာ အပူဒဏ်ကာကွယ်ဖို့အတွက် ရာသီစာသီးနှံလေးတွေကိုလည်း စားသုံးဖို့ မမေ့ပါနဲ့နော်။ နွေရာသီလို ပူပြင်းတဲ့ ရာသီဥတုနဲ့ ကိုက်ညီမှုရှိပြီး ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုတဲ့ အသီးအနှံများကို ရွေးချယ်စားသုံးသင့်ပါတယ်။ ဒါ့ကြောင့် အခုလို ပူပြင်းတဲ့ရာသီဥတုမှာ ဘယ်လိုအသီးအနှံများကို သင့်တင့်မျှတစွာ စားသုံးသင့်လဲဆိုတာကို ဖောြ်ပပေးလိုက်ပါတယ်။

(၁) ဖရဲသီး

ဖရဲသီးက သစ်သီးများစွာထဲမှာ ရေဓာတ်အပြည့်ဝဆုံးသော အသီးတစ်မျိုးပါပဲ။ Watermelon ဆိုတဲ့ နာမည်အတိုင်းပဲ ဖရဲသီးမှာပါဝင်တဲ့ ရေဓာတ်က ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ အရာအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဖရဲသီးက ရင်ကိုအေးစေပြီး အပူဒဏ်ကြောင့် ကုန်ခမ်းသွားတဲ့ ရေဓာတ်နဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက်ကြောင့် နွေရာသီနဲ့ အသင့်တော်ဆုံး သစ်သီးတစ်မျိုးပါပဲ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

(၂) ခရမ်းချဉ်သီး

Antioxidants နဲ့ ဗီတာမင်စီပါဝင်တဲ့ ခရမ်းချဉ်သီးကလည်း နွေရာသီနဲ့ သင့်တော်တဲ့ ရာသီစာအသီးအနှံလို့ ဆိုရပါမယ်။ နွေရာသီမှ စားသင့်တာမဟုတ်ပါဘူး။ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပြီး ကျန်းမာရေးလှပစေတဲ့အတွက် နေ့စဉ်နေ့တိုင်း စားသုံးသင့်ပါတယ်။ ဒါ့ကြောင့် ခရမ်းချဉ်သီးကို ဖျော်သောက်တာပဲဖြစ်ဖြစ်၊ သုပ်စားတာမျိုးပဲဖြစ်ဖြစ်၊ နွေဥတုရဲ့ ဓာတ်စာအဖြစ် စားသုံးနိုင်ပါတယ်။

(၃) ရှောက်သီး၊ လိမ္မော်သီး

ပိုတက်စီယမ်အပြည့်အဝပါဝင်တဲ့ ရှောက်သီး၊ လိမ္မော်သီးကလည်း ခုလိုရာသီမျိုးနဲ့ သင့်တော်ပါတယ်။ နွေရာသီမှာ အပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ပိုတက်ဆီယမ်ဓာတ် ဆုံးရှုံးပြီဆိုတာနဲ့ လူက ပင်ပန်းနွမ်းနယ်ပါတော့တယ်။ ဒါကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ ရှောက်သီး၊ လိမ္မော်သီးနဲ့ အားဖြည့်နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ပြည့်ဝစွာ ပါဝင်တဲ့အတွက်ကြောင့်လည်း စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးပါပဲ။

(၄) ပန်းသီး

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အသီးတွေထဲမှာ ပန်းသီးလည်း ပါဝင်နေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကို သွယ်လျလှပစေတဲ့အပြင် နွေရာသီအတွက်လည်း သင့်တော်တဲ့ သစ်သီးတစ်မျိုးပါပဲ။ ပန်းသီးမှာပါဝင်တဲ့ ဗီတာမင်ဓာတ်များက နေပူဒဏ်ကြောင့် ကုန်ခမ်းသွားတဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

(၅) စတော်ဘယ်ရီသီး

လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြပြီး မကြိုက်တဲ့သူ ခပ်ရှားရှားဆိုတဲ့ အသီးထဲမှာ စတော်ဘယ်ရီသီးလည်း ပါဝင်နေပါတယ်။ ဒါ့ကြောင့်လည်း ဈေးကွက်ထဲမှာ စတော်ဘယ်ရီးသီးကို ပုံစံမျိုးစုံနဲ့ တွေ့မြင်နေရတာပါ။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်များနဲ့ အခြားအာဟာရဓာတ်များက ရောဂါဝင်ရောက်မှုကို ခုခံနိုင်စွမ်းအား ရှိပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပြီး နွေရာသီမှာ သင့်ရဲ့အသားအရေကို စိုပြေလှပနေစေမှာပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။