၂၀၁၉ နွေရာသီ အပြောင်းအရွှေ့ဟာ ပြီးဆုံးခဲ့ပြီဖြစ်ပြီး မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းပြောင်းရွှေ့ခဲ့ကြတဲ့ ကစားသမားတွေကို မြင်တွေ့ခဲ့ရပါတယ်။ အပြောင်းအရွှေ့တွေရဲ့ ထုံးစွံအတိုင်းရင်ခုန်စရာတွေကို ခံစားခဲ့ရသလို မထင်မှတ်တဲ့ အပြောင်းအရွှေ့တွေနဲ့ ဖြစ်လာမယ်ထင်ပြီး မဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့တွေလည်း ရှိခဲ့ပါတယ်။ ပြီးဆုံးသွားပြီဖြစ်တဲ့ ၂၀၁၉ နွေရာသီ အပြောင်းအရွှေ့ရဲ့ ထူးခြားချက်ကတော့ စံချိန်တင်ပြောင်းရွှေ့ကြေးတွေဖြစ်ပြီး ကလပ်အသင်းတော်တော်များများက ကစားသမားသစ် ခေါ်ယူဖို့အတွက် ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးတွေကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၉ နွေရာသီ အပြောင်းအရွှေ့ရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားကတော့ ဘင်ဖီကာအသင်းကနေ အက်သလက်တီကိုအသင်းကို ပေါင်(၁၁၄.၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီလူငယ်တိုက်စစ်ကစားသမား ယာအိုဖိလစ် Joao Felix ဖြစ်ပါတယ်။ လက်ရှိမှာ ယာအိုဖိလစ် ဟာ အက်သလက်တီကိုအသင်းရဲ့တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြနေတာကြောင့် သူအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို သုံးရတာတန်တယ်လို့ ယူဆရမှာပါ။

၂၀၁၉ နွေရာသီ အပြောင်းအရွှေ့ရဲ့ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမား ဒုတိယနေရာမှာတော့ အက်သလက်တီကိုကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂရစ်ဇ်မန်း Griezmann ၊ တတိယနေရာမှာတော့ ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဟာဇက် Hazard တို့ကရှိနေကြပါတယ်။ လက်စတာအသင်းကနေ မန်ယူအသင်းကို နောက်ခံလူစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ မက်ဂွိုင်းယား Maguire ကတော့ ဒီစာရင်းရဲ့ စတုတ္ထနေရာမှာရှိနေပါတယ်။ ဒါ့အပြင် ဒီစာရင်းမှာ လူကာကူ Lukaku ၊ ပီပီ Pe Pe ၊ လူးကပ်စ်ဟာနန်ဒက်ဇ် Lucas Hernandez ၊ ဒီလိဂ် Matthijs de Ligt ၊ ဒီယွန်း De Jong နဲ့ ရိုဒရီ Rodri တို့လည်းပါဝင်ခဲ့ပါတယ်။ ၂၀၁၉ နွေရာသီ အပြောင်းအရွှေ့ရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားတွေထဲက အများစုဟာ လက်ရှိမှာ သက်ဆိုင်ရာအသင်းသစ်တွေမှာ ခြေစွမ်းပြနေကြတာကြောင့် ဒီအခြေအနေက စိတ်ကျေနပ်စရာ အနေအထားတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၁၉ နွေရာသီ အပြောင်းအရွှေ့ရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားများ

1. Joao Felix; Benfica to Atletico Madrid – £114.1 million
2. Antoine Griezmann; Atletico Madrid to Barcelona – £107 million
3. Eden Hazard; Chelsea to Real Madrid – £89 million
4. Harry Maguire; Leicester to City to Manchester United – £80 million
5. Romelu Lukaku; Manchester United to Inter Milan – £75 million
6. Nicolas Pepe; Lille to Arsenal – £72 million
7. Lucas Hernandez; Atletico Madrid to Bayern Munich – £70 million
8. Matthijs de Ligt; Ajax to Juventus – £67.5million
9. Frenkie de Jong; Ajax to Barcelona – £65 million
10. Rodri; Atletico Madrid to Manchester City – £63 million

Ref: Bleacher Report Football , Wikipedia
Photo: Manchester United Twiiter , Inter Milan Facebook , Bleacher Report Football
Ko Kyue(Akhayar)
www.akhayar.com