[Zawgyi]

ကိုယ့္ကိုယ္ကိုယ္အဆံုးစီရင္ခဲ့ၾကတဲ့ ကိုရီးယားအနုပညာရွင္ၾကယ္ပြင့္မ်ား

ေတာင္ကိုရီးယားနိုင္ငံဟာ ကိုယ့္ကိုယ္ကိုယ္အဆံုးစီရင္မႈ အမ်ားဆံုးနိုင္ငံေတြထဲမွာမွ တတိယအမ်ားဆံုးနိုင္ငံတစ္နိုင္ငံျဖစ္ပါတယ္။ ဒီထဲကမွ နာမည္ႀကီးကိုရီးယားအနုပညာရွင္ေတြလည္း ပါဝင္လို႔ေနပါတယ္။ အခုလိုကိုယ့္ကိုယ္ကိုယ္အဆံုးစီရင္ခဲ့ၾကတဲ့ အနုပညာရွင္ေငြၾကယ္ပြင့္ေတြကေတာ့ ….

Lee Eun Ju (1980-2005)

Lee Eun Ju ဟာ ၂၀၀၅ ခုနွစ္ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔မွာ ေသဆံုးခဲ့တာျဖစ္ပါတယ္။ အဲ့အခ်ိန္မွာ သူမရဲ ႔အသက္ က ၂၄ နွစ္ရွိေနပါၿပီ။ သူမကိုယ္တိုင္ လက္ေကာက္ဝတ္ကို ဓါးနဲ႔ လွီးျဖတ္ၿပီး ႀကိဳးဆြဲခ်ေသခဲ့တာျဖစ္ပါတယ္။

သူမပါဝင္သရုပ္ေဆာင္ဖူးတဲ့ ဇာတ္ဝင္ခန္းတစ္ခုမွ

သူမရဲ ႔မိသားစုေတြေျပာျပခ်က္အရေတာ့ စိတ္က်ေရာဂါနဲ႔ Mental illness လို႔ေခၚတဲ့ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕တဲ့တာေၾကာင့္ အခုလိုကိုယ့္ကိုယ္ကို္ယ္အဆံုးစီရင္ခဲ့တာ ျဖစ္တယ္လို႕ သိရပါတယ္။ သူမဟာ ေနာက္ဆံုးေသခါနီးမွာ “Mom,I am sorry and I love you.” ဆိုတဲ့စာတစ္ေၾကာင္းကို ေသြးနဲ႔ေရးသားခဲ့တယ္လို႔လည္းသိရပါတယ္။

U;Nee (1981-2007)

အသက္ ၂၅ နွစ္အရြယ္မွာ ကိုယ့္ကိုယ္ကိုယ္အဆံုးစီရင္ခဲ့တဲ့ အနုပညာရွင္ပါ။ သူမေသဆံုးခဲ့တာကေတာ့ ၂၀၀၇ ခုနွစ္ ဇန္နဝါရီလ ၂၁ ရက္ေန႔ပဲျဖစ္ပါတယ္။

သူမဟာ သီခ်င္းဆိုျခင္း အျပင္ Dancer တစ္ဦးအေနနဲ႔လည္း လူသိမ်ားသလို သရုပ္ေဆာင္မင္းသမီးတစ္ဦးလည္း ျဖစ္ပါတယ္။ သူမအေနနဲ႔ စိတ္ဓါတ္က်ၿပီး စိတ္ဖိအားေတြကိုခံစားခဲ့ရတယ္လို႔လည္း သိရပါတယ္။ မေသဆံုးခင္က သူမရဲ ႔ Website မွာေတာ့ သူမတစ္ေယာက္တည္းအထီးက်န္ေနတယ္ ဆိုၿပီးေရးသားထားတာကိုေတြ႕ရပါတယ္။

Park Yong Ha (1977-2010)

Park Yong Ha ဟာ သူ႔ရဲ ႔ဘဝ ကို အသက္ ၃၂ နွစ္မွာ အဆံုးသတ္ခဲ့တာျဖစ္ပါတယ္။ သူဟာ ကိုရီးယားဇာတ္လမ္းတြဲေတြမွာ ပါဝင္သရုပ္ေဆာင္ဖူးတာကိုေတြ႔ဖူးၾကမွာပါ။ သူပါဝင္ခဲ့တဲ့ နာမည္ႀကီးဇာတ္ကားတစ္ခုကေတာ့ Winter Sonata(2002) ျဖစ္ၿပီး ဒီဇာတ္ကားမွာ မင္းသား Bae Yong Joon ၊ မင္းသမီး Choi Ji Woo တို႔နဲ႔အတူတူ တြဲဖက္သရုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

Park Yong Ha ဟာ သီခ်င္းသီဆိုတဲ့ေနရာမွာလည္း ထူးခြ်န္တဲ့ အနုပညာရွင္တစ္ဦးျဖစ္ပါတယ္။ သူသီဆိုထားတဲ့ ဇာတ္ဝင္ေတးသီခ်င္းကို All In(2003) လို႕အမည္ရတဲ့ ကိုရီးယားဇာတ္လမ္းတြဲထဲမွာ နားဆင္နုိင္ပါတယ္။

သူရဲ ႔ေသဆံုးေနတဲ့ ခႏၶာကိုယ္ကိုေတာ့ သူ႔ရဲ ႔မိခင္ က ၂၀၁၀ ခုနွစ္ဇြန္လ ၃၀ ရက္ေန႔ နံနက္ ၅ နာရီခြဲ မွာ ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ သူ႔ကိုယ္သူႀကိဳးဆြဲခ်ၿပီး အဆံုးစီရင္ခဲ့တာျဖစ္ပါတယ္။သူဒီလိုျဖစ္ပြားခဲ့တာနဲ႔ပတ္သက္လို႔ ေကာက္ခ်က္ခ်ခဲ့ၾကတာကေတာ့ သူ႔ရဲ ႔အလုပ္ဖိအား ေတြေၾကာင့္ျဖစ္တယ္လို႔သိရပါတယ္။

Jeong Da Bin (1980- 2007)

Jonghyun(1990-2017)

အဲ့လိုပဲ ကိုယ့္ကိုယ္ကိုယ္အဆံုးစီရင္ခဲ့တဲ့ ကိုရီးယားအနုပညာရွင္ေတြကေတာ့ Jeong Da Bin (1980- 2007) ၊ Ahn Jae Hwan (1972-2008) ၊ Choi Jin Shil (1968-2008) ၊ Kim Ji Hoo (1985-2008) ၊ Jang Chae Won(1982-2008) ၊ Jang Ja Yeon(1980-2009)၊ Kang Do Ri(1993-2015)၊ Lee Ui Soo (1995-2017)၊ Jonghyun(1990-2017) တို႔ ပဲျဖစ္ပါတယ္။ အခုလို ကိုယ့္ကိုယ္ကိုယ္အဆံုးစီရင္ခဲ့တဲ့ ကိုရီးယားအနုပညာရွင္ အမ်ားစုမွာ အလုပ္ဖိအားဒါဏ္ကို မခံနိုင္တဲ့သူေတြ ၊ စိတ္က်ေရာဂါနဲ႔ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕တဲ့မႈေတြ ေၾကာင့္အျဖစ္မ်ားတာကို ေတြ႔ရွိရပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: asiae.co.kr

www.akhayar.com
[Unicode]

ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်ကြယ်ပွင့်များ

တောင်ကိုရီးယားနိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှု အများဆုံးနိုင်ငံတွေထဲမှာမှ တတိယအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီထဲကမှ နာမည်ကြီးကိုရီးယားအနုပညာရှင်တွေလည်း ပါဝင်လို့နေပါတယ်။ အခုလိုကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ကြတဲ့ အနုပညာရှင်ငွေကြယ်ပွင့်တွေကတော့ ….

Lee Eun Ju (1980-2005)

Lee Eun Ju ဟာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲ့အချိန်မှာ သူမရဲ့အသက် က ၂၄ နှစ်ရှိနေပါပြီ။ သူမကိုယ်တိုင် လက်ကောက်ဝတ်ကို ဓါးနဲ့ လှီးဖြတ်ပြီး ကြိုးဆွဲချသေခဲ့တာဖြစ်ပါတယ်။

သူမပါဝင်သရုပ်ဆောင်ဖူးတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှ

သူမရဲ့မိသားစုတွေပြောပြချက်အရတော့ စိတ်ကျရောဂါနဲ့ Mental illness လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့တာကြောင့် အခုလိုကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ နောက်ဆုံးသေခါနီးမှာ “Mom,I am sorry and I love you.” ဆိုတဲ့စာတစ်ကြောင်းကို သွေးနဲ့ရေးသားခဲ့တယ်လို့လည်းသိရပါတယ်။

U;Nee (1981-2007)

အသက် ၂၅ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တဲ့ အနုပညာရှင်ပါ။ သူမသေဆုံးခဲ့တာကတော့ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ပဲဖြစ်ပါတယ်။

သူမဟာ သီချင်းဆိုခြင်း အပြင် Dancer တစ်ဦးအနေနဲ့လည်း လူသိများသလို သရုပ်ဆောင်မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမအနေနဲ့ စိတ်ဓါတ်ကျပြီး စိတ်ဖိအားတွေကိုခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။ မသေဆုံးခင်က သူမရဲ့ Website မှာတော့ သူမတစ်ယောက်တည်းအထီးကျန်နေတယ် ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။

Park Yong Ha (1977-2010)

Park Yong Ha ဟာ သူ့ရဲ့ဘဝ ကို အသက် ၃၂ နှစ်မှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုရီးယားဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတာကိုတွေ့ဖူးကြမှာပါ။ သူပါဝင်ခဲ့တဲ့ နာမည်ကြီးဇာတ်ကားတစ်ခုကတော့ Winter Sonata(2002) ဖြစ်ပြီး ဒီဇာတ်ကားမှာ မင်းသား Bae Yong Joon ၊ မင်းသမီး Choi Ji Woo တို့နဲ့အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Park Yong Ha ဟာ သီချင်းသီဆိုတဲ့နေရာမှာလည်း ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူသီဆိုထားတဲ့ ဇာတ်ဝင်တေးသီချင်းကို All In(2003) လို့အမည်ရတဲ့ ကိုရီးယားဇာတ်လမ်းတွဲထဲမှာ နားဆင်နိုင်ပါတယ်။

သူရဲ့သေဆုံးနေတဲ့ ခန္ဓာကိုယ်ကိုတော့ သူ့ရဲ့မိခင် က ၂၀၁၀ ခုနှစ်ဇွန်လ ၃၀ ရက်နေ့ နံနက် ၅ နာရီခွဲ မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့ကိုယ်သူကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။သူဒီလိုဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ ကောက်ချက်ချခဲ့ကြတာကတော့ သူ့ရဲ့အလုပ်ဖိအား တွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။

Jeong Da Bin (1980- 2007)

Jonghyun(1990-2017)

အဲ့လိုပဲ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တဲ့ ကိုရီးယားအနုပညာရှင်တွေကတော့ Jeong Da Bin (1980- 2007) ၊ Ahn Jae Hwan (1972-2008) ၊ Choi Jin Shil (1968-2008) ၊ Kim Ji Hoo (1985-2008) ၊ Jang Chae Won(1982-2008) ၊ Jang Ja Yeon(1980-2009)၊ Kang Do Ri(1993-2015)၊ Lee Ui Soo (1995-2017)၊ Jonghyun(1990-2017) တို့ ပဲဖြစ်ပါတယ်။ အခုလို ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တဲ့ ကိုရီးယားအနုပညာရှင် အများစုမှာ အလုပ်ဖိအားဒါဏ်ကို မခံနိုင်တဲ့သူတွေ ၊ စိတ်ကျရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုတွေ ကြောင့်အဖြစ်များတာကို တွေ့ရှိရပါတယ်။

ကြည်သာ (Akhayar)

Photo Credit: asiae.co.kr

www.akhayar.com