[ZawGyi]

Suicide လုပ္ေတာ့မယ့္သူတစ္ေယာက္ရဲ႕ လကၡဏာမ်ား

လတ္တေလာ အေမရိကန္လူမ်ိဳးေတြကို ေတာ္ေတာ္ထိတ္လန္႔သြားေစတဲ႔အရာကေတာ႔ ေအာင္ျမင္ေက်ာ္ၾကားတဲ႔လူသားႏွစ္ဦးျဖစ္တဲ႔ ဒီဇိုင္နာ Kate Spade နဲ႔ နာမည္ၾကီးစာဖိုမွဴး Anthony Bourdain တို႔ဟာ တစ္ပတ္အတြင္းမွာ ကိုယ္႕ကိုယ္ကုိယ္အဆံုးစီရင္သြားၾကျခင္းပါပဲ။ ဒီျဖစ္ရပ္ေၾကာင္႔ လူေတြ႔ရဲ႕စိတ္ခံစားမႈပိုင္းဆုိင္ရာျပႆနာေတြကို ပိုျပီးအေလးေပးၾကည္႔ျမင္လာတတ္ၾကပါတယ္။ ဒီဘဝၾကီးမွာ တြယ္တာစရာ၊ တန္ဖုိးထားစရာဘာမွမရွိေတာ႔ဘူးလုိ႔သူတုိ႔ ေတြးခဲ႔ၾကတာလား။ သူတုိ႔ေတြက ၾကိဳတင္ႏႈတ္ဆက္စကားေတြေျပာ အတိတ္နိမိတ္ေတြျပပါလ်က္ ဒါကိုသတိမမူႏိုင္ခဲ႔ၾကတာမ်ိဳးပဲလား။ တကယ္ေတာ႔ စိတ္ဓာတ္အၾကီးအက်ယ္က်ျပီး လူ႔ဘဝၾကီးမွာမေနခ်င္ေတာ႔တဲ႔ ေနာက္ဆံုး Suicide လမ္းကိုေရြးခ်ယ္ေတာ႔မယ္လုိ႔ဆံုးျဖတ္လိုက္တဲ႔သူေတြရဲ႕ Warning Signs ေတြရွိေနပါတယ္တဲ႔။ တကယ္လုိ႔မ်ား လူတစ္ေယာက္ဟာ ဒီအခ်က္ေတြျဖစ္လာျပီဆုိရင္ သူ႔ကိုအထူးဂရုစိုက္ေပးဖုိ႔ စိတ္ဆင္းရဲမႈေတြၾကားကေနဆြဲထုတ္ဖုိ႔လုပ္ေဆာင္ေပးရမွာျဖစ္ပါတယ္။

ဒီအခ်က္ေတြကေတာ႔ Mental Health America ကေဖာ္ျပထားတဲ႔ Suicide Warning Signs ေတြပါ။

-စကားေျပာတဲ႔အခ်ိန္မွာ သူတုိ႔အသက္မရွင္ခ်င္ေတာ႔ေၾကာင္း၊ ေမွ်ာ္လင္႔ခ်က္မဲ႔ေနေၾကာင္း ေျပာလာမယ္။ ဘဝၾကီးကဘာမွအဓိပၸါယ္မရွိပါဘူးကြာ၊ ငါပင္ပန္းေနျပီ၊ ငါဒုကၡေတြမခံစားႏိုင္ေတာ႔ဘူး စတဲ႔စကားလံုးေတြေျပာလာမယ္။

-အရက္ပိုေသာက္လာမယ္၊ ေဆးစြဲလာမယ္။

-ဘဝကိုဘယ္လုိအဆံုးသတ္ရင္ေကာင္းမလဲဆုိတဲ႔ နည္းလမ္းေတြကိုရွာေဖြလာမယ္၊ စဥ္းစားလာမယ္။

-ဘယ္လုိ Activities မ်ိဳးမွာမွ မပါဝင္ေတာ႔ဘူး။

-သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ ေဝးႏိုင္သမွ်ေဝးေဝးမွာေနမယ္။ သီးျခားေနတတ္လာမယ္။

-အရမ္းအိပ္ေနမယ္။ ဒါမွမဟုတ္ အခ်ိန္နည္းနည္းပဲ အိပ္မယ္။

-ဖုန္းနဲ႔ပဲျဖစ္ျဖစ္၊ လူခ်င္းေတြ႔ျပီးေတာ႔ပဲျဖစ္ျဖစ္ နႈတ္ဆက္စကားေတြေျပာလာမယ္။

-ဆုတံဆိပ္ေတြ၊ ဂုဏ္ျပဳတံဆိပ္ေတြနဲ႔ ေဝးႏိုင္သမွ်ေဝးေဝးေနမယ္။

-ေဒါသအရမ္းၾကီးမယ္။ ရန္လုိေနမယ္။

-တစ္ခ်ိန္လံုးပင္ပန္းေနမယ္။

-အၾကီးအက်ယ္စိတ္ဓာတ္က်ေနမယ္။

-ဘာကိုမွ စိတ္မဝင္စားေတာ႔ဘူး။

-စိတ္ထိခိုက္လြယ္မယ္။ ဝမ္းနည္းလြယ္မယ္။

-တရားလြန္ရွက္တတ္ေၾကာက္တတ္လာမယ္။ အရွက္ကြဲစရာေတြလည္းလုပ္လာႏိုင္တယ္။

-ဘာကိုမွဂရုမစိုက္ဘဲ တျခားသူကိုဒုကၡေပးလာမယ္။

-အခ်ိန္ခဏအတြင္း လူအသစ္တစ္ေယာက္လုိ ခဏခဏအေျပာင္းအလဲေတြျဖစ္ေနမယ္။ အခုအရမ္းဆိုးသြမ္းျပီး ခဏေနအလြန္လိမ္မာရိုက်ိဳးသူျဖစ္သြားတတ္ျပန္တယ္။

လူ႔ဘဝခရီးတုိတုိေလးမွာ လူတုိင္းလူတိုင္း ခ်စ္ျခင္းတရားေတြ၊ ေပ်ာ္ရႊင္မႈေတြကိုသာမ်ားမ်ားယူေဆာင္ျပီး ဒီဘဝခရီးကိုစြန္႔ခြာသြားႏိုင္ရင္ေတာ႔အေကာင္းဆံုးပါ။ သံသရာကိုက်င္လည္ရဦးမယ္႔သူေတြခ်င္းအတူတူျဖစ္ေနလုိ႔ပါ။ ဒါေၾကာင္႔ ကိုယ္ကုိယ္တုိင္ျငိမ္းခ်မ္းေပ်ာ္ရႊင္ေအာင္ေနထိုင္ႏိုင္ျပီး ကိုယ္႔ေဘးပတ္ဝန္းက်င္က လူေတြကုိလည္းအခ်စ္ေတြ ေႏြးေထြးမႈေတြမ်ားမ်ားေပးႏိုင္တဲ႔သူေတြ ျဖစ္ႏိုင္ၾကပါေစ။

www.akhayar.com

[Unicode]

Suicide လုပ်တော့မယ့်သူတစ်ယောက်ရဲ့ လက္ခဏာများ

လတ်တလော အမေရိကန်လူမျိုးတွေကို တော်တော်ထိတ်လန့်သွားစေတဲ့အရာကတော့ အောင်မြင်ကျော်ကြားတဲ့လူသားနှစ်ဦးဖြစ်တဲ့ ဒီဇိုင်နာ Kate Spade နဲ့ နာမည်ကြီးစာဖိုမှူး Anthony Bourdain တို့ဟာ တစ်ပတ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားကြခြင်းပါပဲ။ ဒီဖြစ်ရပ်ကြောင့် လူတွေ့ရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာပြဿနာတွေကို ပိုပြီးအလေးပေးကြည့်မြင်လာတတ်ကြပါတယ်။ ဒီဘဝကြီးမှာ တွယ်တာစရာ၊ တန်ဖိုးထားစရာဘာမှမရှိတော့ဘူးလို့သူတို့ တွေးခဲ့ကြတာလား။ သူတို့တွေက ကြိုတင်နှုတ်ဆက်စကားတွေပြော အတိတ်နိမိတ်တွေပြပါလျက် ဒါကိုသတိမမူနိုင်ခဲ့ကြတာမျိုးပဲလား။ တကယ်တော့ စိတ်ဓာတ်အကြီးအကျယ်ကျပြီး လူ့ဘဝကြီးမှာမနေချင်တော့တဲ့ နောက်ဆုံး Suicide လမ်းကိုရွေးချယ်တော့မယ်လို့ဆုံးဖြတ်လိုက်တဲ့သူတွေရဲ့ Warning Signs တွေရှိနေပါတယ်တဲ့။ တကယ်လို့များ လူတစ်ယောက်ဟာ ဒီအချက်တွေဖြစ်လာပြီဆိုရင် သူ့ကိုအထူးဂရုစိုက်ပေးဖို့ စိတ်ဆင်းရဲမှုတွေကြားကနေဆွဲထုတ်ဖို့လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ဒီအချက်တွေကတော့ Mental Health America ကဖော်ပြထားတဲ့ Suicide Warning Signs တွေပါ။

-စကားပြောတဲ့အချိန်မှာ သူတို့အသက်မရှင်ချင်တော့ကြောင်း၊ မျှော်လင့်ချက်မဲ့နေကြောင်း ပြောလာမယ်။ ဘဝကြီးကဘာမှအဓိပ္ပါယ်မရှိပါဘူးကွာ၊ ငါပင်ပန်းနေပြီ၊ ငါဒုက္ခတွေမခံစားနိုင်တော့ဘူး စတဲ့စကားလုံးတွေပြောလာမယ်။

-အရက်ပိုသောက်လာမယ်၊ ဆေးစွဲလာမယ်။

-ဘဝကိုဘယ်လိုအဆုံးသတ်ရင်ကောင်းမလဲဆိုတဲ့ နည်းလမ်းတွေကိုရှာဖွေလာမယ်၊ စဉ်းစားလာမယ်။

-ဘယ်လို Activities မျိုးမှာမှ မပါဝင်တော့ဘူး။

-သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဝေးနိုင်သမျှဝေးဝေးမှာနေမယ်။ သီးခြားနေတတ်လာမယ်။

-အရမ်းအိပ်နေမယ်။ ဒါမှမဟုတ် အချိန်နည်းနည်းပဲ အိပ်မယ်။

-ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ လူချင်းတွေ့ပြီးတော့ပဲဖြစ်ဖြစ် နှုတ်ဆက်စကားတွေပြောလာမယ်။

-ဆုတံဆိပ်တွေ၊ ဂုဏ်ပြုတံဆိပ်တွေနဲ့ ဝေးနိုင်သမျှဝေးဝေးနေမယ်။

-ဒေါသအရမ်းကြီးမယ်။ ရန်လိုနေမယ်။

-တစ်ချိန်လုံးပင်ပန်းနေမယ်။

-အကြီးအကျယ်စိတ်ဓာတ်ကျနေမယ်။

-ဘာကိုမှ စိတ်မဝင်စားတော့ဘူး။

-စိတ်ထိခိုက်လွယ်မယ်။ ဝမ်းနည်းလွယ်မယ်။

-တရားလွန်ရှက်တတ်ကြောက်တတ်လာမယ်။ အရှက်ကွဲစရာတွေလည်းလုပ်လာနိုင်တယ်။

-ဘာကိုမှဂရုမစိုက်ဘဲ တခြားသူကိုဒုက္ခပေးလာမယ်။

-အချိန်ခဏအတွင်း လူအသစ်တစ်ယောက်လို ခဏခဏအပြောင်းအလဲတွေဖြစ်နေမယ်။ အခုအရမ်းဆိုးသွမ်းပြီး ခဏနေအလွန်လိမ်မာရိုကျိုးသူဖြစ်သွားတတ်ပြန်တယ်။

လူ့ဘဝခရီးတိုတိုလေးမှာ လူတိုင်းလူတိုင်း ချစ်ခြင်းတရားတွေ၊ ပျော်ရွှင်မှုတွေကိုသာများများယူဆောင်ပြီး ဒီဘဝခရီးကိုစွန့်ခွာသွားနိုင်ရင်တော့အကောင်းဆုံးပါ။ သံသရာကိုကျင်လည်ရဦးမယ့်သူတွေချင်းအတူတူျဖစ္ေနလုိ႔ပါ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ငြိမ်းချမ်းပျော်ရွှင်အောင်နေထိုင်နိုင်ပြီး ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေကိုလည်းအချစ်တွေ နွေးထွေးမှုတွေများများပေးနိုင်တဲ့သူတွေ ဖြစ်နိုင်ကြပါစေ။

www.akhayar.com