မော်ဒယ်လ်တစ်ယောက်၊ အလှမယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ ရုပ်ရည်လေးချောနေမှ၊ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပနေမှ၊ လျှောက်လမ်းမပေါ်လှလှပပလျှောက်တတ်မှ ဖြစ်နိုင်တာလို့ ထင်ကြမှာပါ။ ဒါပေမယ့် အဲ့အဆိုအယူအဆကို ရိုက်ချိုးခဲ့တဲ့ အမျိုးသမီးမော်ဒယ်လ်တွေ အများကြီး ပေါ်ပေါက်လာခဲ့ပါပြီ။ သူတို့ရဲ့ အလှဟာ ခန္ဓာကိုယ်မဟုတ်ဘဲ စိတ်ဓါတ်နဲ့ အရည်အသွေးပါဆိုတာကို မသန်စွမ်းပေမယ့် Professtional Model အဖြစ်၊ အနုပညာရှင်အဖြစ်အောင်မြင်နေတဲ့ ဒီဆယ်ဦးက သက်သေထူခဲ့ပါတယ်။ သူတို့ကတော့-

(၈) Muneeba Mizari

တကယ့် အံ့ဖွယ် စွယ်စုံရအရည်အချင်းတို့နဲ့ တောက်ပတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ Muneeba Mizari ကတော့ Car Accident တစ်ခုကြောင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး သုံးမရတော့ပေမယ့် သူမရဲ့ မျှော်လင့်ချက်ကို နည်းနည်းမှ လက်လွှတ်မခံဘဲ မသန်စွမ်းအမျိုးသမီးများသာမက တစ်နိုင်ငံလုံးကအမျိုးသမီးများရဲ့ စံပြအဖြစ် ပြန်လည်မွေးဖွားနိုင်ခဲ့သူပါ။ သူမဟာ စိတ်ခွန်အားမျှဝေသူ၊ စာရေးဆရာမ၊ အနုပညာရှင်တစ်ယောက်အဖြစ် ဘဝကို အလှဆုံးဆက်လက်ပုံဖော်ခဲ့ရုံသာမကဘဲ Ponds၊Body Shop နဲ့ Tony and Guy တို့လို နာနည်ကြီး Brand တွေရဲ့ Ambassador ဖြစ်ခဲ့ပါတယ်။

Muneeba Mizari

(၇) Sophie Morgan

“ကျွန်မ မသန်စွမ်းဖြစ်သွားတည်းက ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေ ပြည့်ဝခဲ့တာပါပဲ” ဆိုတဲ့ အကောင်းမြင်တတ်သူ Sophie ဟာ ဒီလို သွက်ချာပါဒရောဂါခံစားရပေမယ့် Stella McCartney ပွဲအတွက် Model လုပ်ပေးခဲ့သူဖြစ်ပါတယ်။ အဲ့နောက်သူမရဲ့ ကိုယ်ပိုင်ကြော်ငြာလုပ်ငန်းအထိပါ တည်ထောင်နိုင်ခဲ့ပြီး BBC မှာလည်း အလုပ်လုပ်ခဲ့ကာ သူမရဲ့ ပထမဆုံး BBC Documentary ကို လုပ်ခွင့်ရခဲ့ပါတယ်။ တစ်ကယ့်ကို အကောင်းမြင်စိတ်နဲ့ မဆုတ်မနစ်ကြိုးစားတတ်သူတစ်ယောက်ပါ။

Sophie Morgan

(၆) Daniella Sheypuk

သူမကလည်း အံ့မခန်းပါပဲ။ အောက်ပိုင်းသေနေပေမယ့် သူမရဲ့ အရည်အချင်းတောက်ပမှုတွေ၊ ကြိုးစားမှုတွေကြောင့် New York Fashion Week ရဲ့ လျှောက်လှမ်းပေါ်ထိ လျှောက်ခွင့်ရခဲ့သူပါ။ တက်ကြွတဲ့အပြုံး၊ ဆွဲဆောင်မှုရှိတဲ့အလှနဲ့ လှနေဆဲသူမ ဟာ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း တခဲနက်ရခဲ့ပါတယ်။ သူမရဲ့ လက်ကိုင်စကားကတော့ “အမျိုးသမီးတစ်ယောက် သူမရဲ့ပန်းတိုင်ဆီသွားဖို့ ဘယ်အခက်အခဲကမှ တားဆီးလို့ရမှာမဟုတ်ပါဘူး” ဆိုတာပါပဲ။

Daniella Sheypuk

(၅) Shannon Murray

ငယ်ဘဝတည်းက မတော်တဆမှုအမျိုးမျိုးကြောင့် ပါဒရက်ဝေဒနာရှင်တစ်ဦးဖြစ်တဲ့ သူမဟာလည်း မသန်စွမ်းအမျိုးသမီးမော်ဒယ်ပြိုင်ပွဲမှာ ဆုရရှိခဲ့ရာကစပြီး သူမရဲ့ ရည်မှန်းချက်လမ်းကို ဆက်ဖောက်နိုင်ခဲ့ပါတယ်။ ခုတော့ သူမရဲ့ မဆုတ်မနစ် ကြိုးစားမှုတွေကြောင့် နာမည်ကြီး မော်ဒယ်လ်နဲ့ မင်းသမီးဘဝအပြင် ရုပ်သံအစီစဉ်တင်ဆက်သူအဖြစ် အောင်မြင်မှုဆွတ်ခူးနေပါပြီ။ ဇွဲကြီးခြင်းရဲ့ အကျိုးတွေပါပဲ။

Shannon Murray

(၄) Vicky Balch

ချစ်စရာမိန်းမချောလေး Vicky ရဲ့အဖြစ်ကတော့သနားစရာပါ။ Rolar Coaster စီးရင်း မတော်တဆမှုဖြစ်ကာ အောက်ပိုင်း ပျက်စီးခဲ့ရသူတစ်ယောက်ပါ။ ဒါပေမယ့် အဲ့အဖြစ်ဆိုးကြီးကလည်း သူမကို မော်ဒယ်လ်အဖြစ်က မရပ်တန့်စေခဲ့ပါဘူး။ အဲ့လိုနဲ့ သူမရဲ့ အရှုံးမပေးဘဲ မဆုတ်မနစ်ကြိုးစားမှုဟာ အောင်မြင်မှုတွေအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

Vicky Balch

(၃) Leslie Lrby

ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့ Leslie ဟာလည်း Miss Wheelchair Georgia 2015 ဆုကိုရရှိခဲ့ပါတယ်။ နာမည်ကြီး မော်ဒယ်လ်တစ်ယောက်ဖြစ်ခွင့်က သူမရဲ့ အိပ်မက်ဆိုတဲ့အတိုင်း အတားအဆီးမှန်သမျှတွန်းလှန်ရင်း ကြိုးစားခဲ့တာဟာ ခုဆိုရင်တော့ အောင်မြင်မှုအသီးအပွင့်တွေမရေမတွက်နိုင်အောင်ပါပဲ။

Leslie Lrby

(၂) Wendy Crawford

တကယ့် ထက်မြက်ပြီး အကြောက်တရားကင်းတဲ့ Wendy ကတော့ မတော်တဆမှုကြောင့် Wheel Chair ပေါ်မှာ ရှင်သန်နေရပေမယ့်လည်း သူမရဲ့ နဂို မော်ဒယ်လ်ဘဝဆီပြန်လျှောက်လှမ်းနိုင်ခဲ့သူပါ။ သူမဟာ အမျိုးသမီးငယ်လေးတွေအတွက် စိတ်ခွန်အားတက်ကြွစေတဲ့ဟောပြောသူတစ်ယောက်ပါ။ Wheel Chair ပေါ်က မိန်းမတစ်ယောက်ဟာ ဒီလောက်အရည်အချင်းရှိ တောက်ပနေမယ်ဆိုတာ ဘယ်သူမှမယုံနိုင်လောက်အောင်ပါပဲ။

Wendy Crawford

(၁) Alexandra Kutas

အောက်ပိုင်းသေမှုဟာ သူမဘဝမှာ ဖြစ်ချင်ခဲ့တဲ့အရာတွေ၊ အိပ်မက်တွေကို ဘယ်လိုမှ မတားဆီးနိုင်ခဲ့ပါဘူး။ စိတ်ဓါတ်ပြင်းထန်လွန်းတဲ့ Alexandra ဟာ အဆက်မပြတ်ကြိုးစားခဲ့ပြီး နောက်ဆုံး New York Fashion Week မှာ သူမရဲ့ ပွဲဦးထွက် Fashion Show လျှောက်ခွင့်ရခဲ့ပါတယ်။ ကြိုးစားသူတိုင်းအတွက် အိပ်မက်တွေ အမှန်ဖြစ်လာခဲ့တာပါပဲ။

Alexandra Kutas

သာမန်အမျိုးသမီးတွေတောင် ဖြစ်နိုင်ပါ့မလား ချိန်ဆတွေဝေနေချိန် သူတို့ကတော့ စိတ်ဓါတ်အခိုင်အမာနဲ့ အောင်မြင်မှုဆီ မရရအောင် ချီတက်ခဲ့ကြတဲ့ အာဂမိန်းမသားတွေပါပဲ။ သူတို့ဘဝ ထိပ်ဆုံးရောက်ဖို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမလိုပါဘူး။ ပြင်းပြတဲ့ ဖြစ်ချင်စိတ်ဘဲ လိုပါတယ်တဲ့။ သူတို့ကတော့ အမျိုးသမီးတိုင်း အတုယူဖွယ် မိန်းမသားတွေပါပဲ။

EiEiKhineMinn ( Akhayar )

www.akhayar.com