[Zawgyi]

ကမၻာေက်ာ္မင္းသားႀကီး ေမာ္ဂန္ ဖရီးမန္း (Morgan Freeman) ရဲ႕ ဘဝခရီးၾကမ္း

ေမာ္ဂန္ ဖရီးမန္း (Morgan Freeman) ကုိ ၁၉၃၇ခုႏွစ္ ဇြန္လ (၁)ရက္ေန႔မွာ တန္းနက္စ္(စ္)ျပည္နယ္ (Tennessee) မန္းဖစ္(စ္)ၿမိဳ႕ (Memphis) မွာ ေမြးဖြားခဲ့တယ္။ ဆံပင္ညွပ္ဆရာ ေမာ္ဂန္ ေပၚတာဖီး ဖရီးမန္း (Morgan Porterfield Freeman) နဲ႔ ေက်ာင္းဆရာမ ေမမီ အက္ဒါ ဖရီးမန္း (Mayme Edna Freeman) တုိ႔မွာ သားသမီး ၅ေယာက္ရွိတဲ့အနက္ ေမာ္ဂန္ ဖရီးမန္းကေတာ့ အငယ္ဆုံးသား ျဖစ္ပါတယ္။ အာဖရိကန္-အေမရိကန္ျဖစ္တဲ့ မိဘႏွစ္ပါးဟာ ေမာ္ဂန္ ဖရီးမန္းေမြးဖြားတဲ့အခ်ိန္မွာ လူျဖဴလူမည္းခြဲျခားတဲ့ Jim Crow Laws ေၾကာင့္ အလုပ္အကုိင္အဆင္မေျပေတာ့တာနဲ႔ ခ်ီကာဂုိျပည္နယ္ (Chicago) နဲ႔ မစ္စစ္စိပိျပည္နယ္ (Mississippi) ေတြမွာ ေျပာင္းေရႊ႕ေနထုိင္ရပါတယ္။ မိဘေတြ တစ္နယ္တေက်းမွာ အလုပ္ရွာထြက္ေနတုန္းမွာ ေမာ္ဂန္ ဖရီးမန္းဟာ အဖြားျဖစ္သူနဲ႔ ခ်ာလီစတန္ၿမိဳ႕ (Charleston) မွာက်န္ခဲ့ပါတယ္။ ေမာ္ဂန္ ဖရီးမန္း ၆ႏွစ္အရြယ္မွာ အဖြားဆုံးသြားၿပီး မိခင္ျဖစ္သူမွာလည္း အရက္စြဲေနတဲ့ဖခင္နဲ႔ အတူမေနေတာ့ပါဘူး။ သားအမိႏွစ္ေယာက္ဟာ ဂရင္းဝုဒ္ၿမိဳ႕ (Greenwood) မွာ အေျခခ်ေနထုိင္ၿပီး ရုန္းကန္ခဲ့ရပါတယ္။

အႏုပညာအလုပ္ကုိ ဝါသနာထုံလွတဲ့ ေမာ္ဂန္ ဖရီးမန္းဟာ ရုပ္ရွင္ၾကည့္ဖုိ႔ မုန္႔ဖုိးေတြကုိ စုခဲ့ရပါတယ္။ သူႏွစ္သက္ခဲ့ရတဲ့ မင္းသားေတြကေတာ့ ဂယ္ရီ ေကာ့ပါး ဘီ (Gary Cooper B) ၊ စမန္ဆာ ထေရစီ (Spencer Tracy) နဲ႔ စစ္ဒနီ ပြိဳက္တီးယား (Sidney Poitier) ျဖစ္ၿပီး သူတုိ႔သရုပ္ေဆာင္ထားတဲ့ ဇာတ္ကားေတြကုိ မလြတ္တမ္းအားေပးခဲ့ပါတယ္။ ဗီဇက သရုပ္ေဆာင္ဝါသနာရွိေပမယ့္ အခြင့္အေရးမေပးတာေၾကာင့္ အစြမ္းမျပခဲ့ရပါဘူး။ ဒါေပမယ့္ အစြမ္းျပဖုိ႔အေၾကာင္းေပၚလာတာလည္း ရယ္စရာေတာ့ ေကာင္းပါေသးတယ္။ အထက္တန္းေက်ာင္းသားဘဝမွာ ေမာ္ဂန္ ဖရီးမန္းဟာ သူႀကိဳက္ေနတဲ့ ေကာင္မေလး ထုိင္လုိက္တဲ့အခ်ိန္မွာ ကုလားထုိင္ကုိ ဆြဲခ်မိတဲ့အတြက္ အျပစ္ေပးတဲ့အေနနဲ႔ ေက်ာင္းတြင္းသရုပ္ေဆာင္ၿပိဳင္ပြဲကုိ ဝင္ၿပိဳင္ခုိင္းခဲ့ပါတယ္။ အံၾသစရာေကာင္းေလာက္ေအာင္ပဲ ၁၂ႏွစ္အရြယ္ပဲရွိေသးတဲ့ ဖရီးမန္းဟာ ပထမဆုရရွိခဲ့ပါတယ္။ ၁၉၅၅ခုႏွစ္ Broad Street High School ကေန အထက္တန္းပညာၿပီးတဲ့အခ်ိန္မွာ ဂ်က္ဆင္စတိတ္ တကၠသုိလ္ (Jackson State University) ကေန ပညာသင္ဆုေပးခဲ့ေပမယ့္ အေမရိကန္ေလတပ္ (United States Air Forces) ထဲကုိ ဝင္ေရာက္သြားၿပီး Automatic Tracking Radar Repairman အေနနဲ႔ ၄ႏွစ္ၾကာေအာင္ စစ္မႈထမ္းခဲ့ပါတယ္။ သူတစ္ပါးအသက္ကုိ ပစ္ခတ္ရတဲ့အလုပ္ကုိ စိတ္မပါေတာ့ဘဲ စစ္တပ္ကေန ထြက္ခဲ့ပါတယ္။

စစ္တပ္မွာ အမႈထမ္းခဲ့စဥ္

စစ္တပ္မွာ အမႈထမ္းခဲ့စဥ္

၁၉၅၉ခုႏွစ္မွာ ေဟာလီးဝုဒ္မွာ သရုပ္ေဆာင္ဖုိ႔ ေလာ့စ္ အိမ္းဂ်လိစ္ၿမိဳ႕ (Los Angeles) ကုိ ေျပာင္းေရႊ႕ေနထုိင္ခဲ့ပါတယ္။ အႏုပညာအလုပ္ကုိ တက္အားသေရြ႕လုပ္ေပမယ့္ ေဆးစက္က်ရာ အရုပ္မထင္ျဖစ္ေနၿပီး မေအာင္ျမင္ခဲ့ပါဘူး။ ထမင္းတစ္လုတ္ စားဖုိ႔ခက္ခဲလြန္းတဲ့အတြက္ နယူးေယာက္ၿမိဳ႕ကုိ ေျပာင္းေရႊ႕ရတဲ့အျပင္ အိမ္းဂ်လိစ္ၿမိဳ႕ေကာလိပ္ (Los Angeles City College) မွာ စာေရးနဲ႔ 1964 New York World’s Fair မွာ အကသမား အလုပ္ေတြကုိလည္း လုပ္ကုိင္ခဲ့ရပါတယ္။ သရုပ္ေဆာင္အလုပ္ကုိ ျပန္လည္လုပ္ကုိင္ၿပီး အေစာပုိင္းရုိက္ကူးခဲ့တဲ့ ဇာတ္ကားေတြမွာလည္း နာမည္ေက်ာ္ၾကားတာမ်ိဳး မရွိခဲ့ပါဘူး။

Oblivion ဇာတ္ကား

Oblivion ဇာတ္ကား

၁၉၈၇ခုႏွစ္မွာ ရုိက္ကူးတဲ့ “Street Smart” ဇာတ္ကားမွာ ပရိသတ္လက္ခံလာၿပီး ေအာ္စကာဆုဆန္ကာတင္ (Oscar Nomination) ေတာင္ ဝင္ခဲ့ပါတယ္။ ၁၉၅၉ခုႏွစ္ (၂၂ႏွ) စ္အရြယ္မွာ သရုပ္ေဆာင္အလုပ္ကုိိ စတင္ခဲ့ေပမယ့္ ဇာတ္လမ္းေတြမွာ မထင္မရွားပါဝင္ရာကေန (၂၈) ႏွစ္ၾကာတဲ့အခ်ိန္ ၁၉၈၇ခုႏွစ္ ၅ဝႏွစ္အရြယ္မွာ တစ္ကမၻာလုံးလက္ခံလာတာျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာ ေမာ္ဂန္ ဖရီးမန္းဆုိတဲ့လူတစ္ေယာက္ကုိ ကမၻာေက်ာ္မင္းသားျဖစ္ဖုိ႔ ႏွစ္၃ဝေလာက္ ႀကိဳးစားခဲ့ရတယ္ဆုိရင္ ဘယ္သူက ယုံမွာလဲ။ ၁၉၈၉ခုႏွစ္မွာ ျဖန္႔ခ်ိတဲ့ Glory ၊ ၁၉၉၁ခုႏွစ္မွာ ျဖန္႔ခ်ိတဲ့ Robin Hood: Prince of Thieves ၊ ၁၉၉၄ခုႏွစ္မွာ ျဖန္႔ခ်ိတဲ့ The Shawshank Redemption ၊ ၁၉၉၅ခုႏွစ္မွာ  ျဖန္႔ခ်ိတဲ့ Seven ၊ ၁၉၉၈ခုႏွစ္မွာ  ျဖန္႔ခ်ိတဲ့ Deep Impact ၊ ၂ဝဝ၂ခုႏွစ္မွာ  ျဖန္႔ခ်ိတဲ့ The Sum of All Fears ၊ ၂ဝဝ၃ခုႏွစ္မွာ ျဖန္႔ခ်ိတဲ့ Bruce Almighty ၊ ၂ဝဝ၄ခုႏွစ္မွာ  ျဖန္႔ခ်ိတဲ့ Million Dollar Baby ၊ ၂ဝဝ၅ခုႏွစ္မွာ  ျဖန္႔ခ်ိတဲ့ The Dark Knight Trilogy ၊ ၂ဝဝ၉ခုႏွစ္မွာ  ျဖန္႔ခ်ိတဲ့ Invictus နဲ႔ ၂ဝ၁၄ခုႏွစ္မွာ  ျဖန္႔ခ်ိတဲ့ Lucy ဇာတ္ကားေတြမွာ လူသိမ်ားလာပါတယ္။ ေမာ္ဂန္ ဖရီးမန္းရဲ႕ ေအာင္ျမင္ခဲ့တဲ့ဇာတ္လမ္းေတြကုိ စာရင္းတြက္ျပရမယ္ဆုိရင္ ေျပာမဆုံးေပါင္ ေတာသုံးေတာင္ပါပဲ။ Street SmartDriving Miss DaisyThe Shawshank Redemption  နဲ႔ Invictus ဇာတ္လမ္းေတြမွာ ေအာ္စကာဆန္ကာတင္ဝင္ခဲ့ၿပီး Million Dollar Baby ဇာတ္ကားမွာ အေကာင္းဆုံးဇာတ္ပုိ႔ဆု ရရွိခဲ့ပါတယ္။

The Shawshank Redemption ဇာတ္ကား

The Shawshank Redemption ဇာတ္ကား

ေမာ္ဂန္ ဖရီးမန္းရဲ႕ ဘဝဇာတ္ေၾကာင္းကုိ ေလ့လာၿပီး ဘာကုိအတုယူလုိ႔ရသလဲဆုိရင္

၁။ ေနာက္က်ၿပီလား။

ကြ်န္ေတာ္တုိ႔ေတြ ကိစၥတစ္ခုကုိ လုပ္လုိက္ၿပီဆုိရင္ ငါလုပ္တာ ေနာက္က်ေနၿပီလား။ သူမ်ားေတြ လုပ္ၿပီးကုန္ပါၿပီလုိ႔ ေတြးတတ္ပါတယ္။ ဒီအေတြးက တကယ္တမ္းေတာ့ မွားယြင္းပါတယ္။ ကုိယ္ရူးသြပ္တဲ့ အလုပ္တစ္ခုကုိ လုပ္မယ္ဆုိရင္ အသက္အရြယ္ဆုိတာ ကိန္းဂဏန္းတစ္ခုပဲ ရွိေတာ့တာပါ။ အခုပဲ ၾကည့္ ေမာ္ဂန္ ဖရီးမန္း။ ၂၂ႏွစ္ေလာက္ကတည္းက အႏုပညာေလာကထဲ ဝင္လာတာ ဘာလုိပဲလုပ္လုပ္ မေအာင္ျမင္ခဲ့ဘူး။ အသက္ ၅ဝေလာက္က်မွာ ကမၻာေက်ာ္လာတာ။ အသက္ႀကီးလာၿပီဆုိၿပီး သူ စိတ္ဓာတ္က်မသြားဘူး။ ဆက္ႀကိဳးစားတယ္။ ၅ဝေက်ာ္ ၆ဝေက်ာ္ ၇ဝေက်ာ္အထိ ဇာတ္ကားေတြ မနားမေနရုိက္လာတာ ေအာ္စကာဆုေတြ တသီႀကီးဆြတ္ခူးတုန္း။ ေျပာခ်င္တာက ကုိယ္ရူးသြပ္တဲ့အလုပ္ကုိလုပ္မယ္ဆုိရင္ ေနာက္က်တယ္ဆုိတာ မရွိဘူး။

ေနာက္က်ေနၿပီလား

ေနာက္က်ေနၿပီလား

၂။ ကံလား ဇြဲလား။

လူတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈတစ္ခုတည္းကုိ ၾကည့္ၿပီး ဒီလူဟာ ကံေကာင္းလုိ႔ ေအာင္ျမင္တာလား၊ ဇြဲေကာင္းလုိ႔ ေအာင္ျမင္တာလားဆုိတာ အလြယ္တကူခြဲျခားလုိ႔ မရဘူး။ က်ရႈံးမႈမရွိဘဲနဲ႔ ေအာင္ျမင္လာတဲ့သူဆုိတာ ကံေကာင္းလုိ႔ ေအာင္ျမင္လာတယ္လုိ႔ အလြယ္တကူ သက္မွတ္လုိ႔ရပါတယ္။ အခု ေမာ္ဂန္ ဖရီးမန္းဆုိရင္ အႀကိမ္ႀကိမ္က်ရႈံးဖူးတယ္။ စာေရးျဖစ္လုိက္ အကသမားျဖစ္လုိက္နဲ႔ သရုပ္ေဆာင္အလုပ္ကုိ လုပ္ခ်င္လြန္းလုိ႔ စားဝတ္ေနေရးအမ်ိဳးမ်ိဳး ေျဖရွင္းခဲ့ရတယ္။ သူ ေအာင္ျမင္လာတာ ကံေကာင္းလုိ႔ မဟုတ္ဖူး။ “ငုတ္မိသဲတုိင္ တက္ႏုိင္ဖ်ားေရာက္” စိတ္ဓာတ္နဲ႔ မဆုတ္မနစ္ႀကိဳးစားခဲ့လုိ႔။ လူေတြက ႀကိဳးစားလုိက္တုိင္း က်ရႈံးသြားရင္ စိတ္ဓာတ္က်တတ္ၾကတယ္။ ဘယ္ေလာက္ၾကာေအာင္ ႀကိဳးစားခဲ့သလဲ ျပန္တြက္ၾကည့္လုိက္။ ေမာ္ဂန္ ဖရီးမန္းႀကိဳးစားခဲ့တာ ၂၈ႏွစ္ေနာ္။ အခုေရတြင္းတူး အခုေရၾကည္ေသာက္ခ်င္လုိ႔ မရဘူး။

ကံလား ဇြဲလား

ကံလား ဇြဲလား

၃။ စိတ္ခံစားမႈေနာက္ လုိက္ပါ။

ဆယ္ေက်ာ္သက္အရြယ္မွာ စစ္တပ္ထဲကုိ ဝင္သြားတယ္။ သူ စိတ္မပါဘူး။ ျပန္ထြက္တယ္။ တစ္စုံတစ္ေယာက္ကုိ အားနာၿပီး ကုိယ္စိတ္မပါတဲ့ အလုပ္ကုိ ႀကိတ္မွိတ္မလုပ္ေလနဲ႔။ ကုိယ္ရူးသြပ္တဲ့ အလုပ္ကုိသာ စိတ္ႏွစ္ၿပီး လုပ္ပါ။ ကုိယ္ ဘာဝါသနာပါလဲ သိေအာင္လုပ္။ ဝါသနာအတုိင္းသာ ႀကိဳးစားပါ။ ေအာင္ျမင္ပါလိမ့္မယ္။

ေနာက္ဆုံးေျပာခ်င္တာက ဇြဲကုိ အရင္းတည္၊ ရူးသြပ္တဲ့အလုပ္ကုိ ဘယ္လုိပဲက်ရႈံးပါေစ ႀကိမ္ဖန္မ်ားစြာ ႀကိဳးစားလုပ္မယ္ဆုိရင္ ေအာင္ျမင္မွာေသခ်ာပါတယ္။ ကဲ . . . ေမာ္ဂန္ ဖရီးမန္းကုိ အတူယူၿပီးေတာ့ သူငယ္ခ်င္းေတြကုိ စိတ္အားတက္ၾကြသြားေအာင္ လက္တုိ႔ေျပာလုိက္ဦးေနာ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကမ္ဘာကျော်မင်းသားကြီး မော်ဂန် ဖရီးမန်း (Morgan Freeman) ရဲ့ ဘဝခရီးကြမ်း

မော်ဂန် ဖရီးမန်း (Morgan Freeman) ကို ၁၉၃၇ခုနှစ် ဇွန်လ (၁)ရက်နေ့မှာ တန်းနက်စ်(စ်)ပြည်နယ် (Tennessee) မန်းဖစ်(စ်)မြို့ (Memphis) မှာ မွေးဖွားခဲ့တယ်။ ဆံပင်ညှပ်ဆရာ မော်ဂန် ပေါ်တာဖီး ဖရီးမန်း (Morgan Porterfield Freeman) နဲ့ ကျောင်းဆရာမ မေမီ အက်ဒါ ဖရီးမန်း (Mayme Edna Freeman) တို့မှာ သားသမီး ၅ယောက်ရှိတဲ့အနက် မော်ဂန် ဖရီးမန်းကတော့ အငယ်ဆုံးသား ဖြစ်ပါတယ်။ အာဖရိကန်-အမေရိကန်ဖြစ်တဲ့ မိဘနှစ်ပါးဟာ မော်ဂန် ဖရီးမန်းမွေးဖွားတဲ့အချိန်မှာ လူဖြူလူမည်းခွဲခြားတဲ့ Jim Crow Laws ကြောင့် အလုပ်အကိုင်အဆင်မပြေတော့တာနဲ့ ချီကာဂိုပြည်နယ် (Chicago) နဲ့ မစ်စစ်စိပိပြည်နယ် (Mississippi) တွေမှာ ပြောင်းရွှေ့နေထိုင်ရပါတယ်။ မိဘတွေ တစ်နယ်တကျေးမှာ အလုပ်ရှာထွက်နေတုန်းမှာ မော်ဂန် ဖရီးမန်းဟာ အဖွားဖြစ်သူနဲ့ ချာလီစတန်မြို့ (Charleston) မှာကျန်ခဲ့ပါတယ်။ မော်ဂန် ဖရီးမန်း ၆နှစ်အရွယ်မှာ အဖွားဆုံးသွားပြီး မိခင်ဖြစ်သူမှာလည်း အရက်စွဲနေတဲ့ဖခင်နဲ့ အတူမနေတော့ပါဘူး။ သားအမိနှစ်ယောက်ဟာ ဂရင်းဝုဒ်မြို့ (Greenwood) မှာ အခြေချနေထိုင်ပြီး ရုန်းကန်ခဲ့ရပါတယ်။

အနုပညာအလုပ်ကို ဝါသနာထုံလှတဲ့ မော်ဂန် ဖရီးမန်းဟာ ရုပ်ရှင်ကြည့်ဖို့ မုန့်ဖိုးတွေကို စုခဲ့ရပါတယ်။ သူနှစ်သက်ခဲ့ရတဲ့ မင်းသားတွေကတော့ ဂယ်ရီ ကော့ပါး ဘီ (Gary Cooper B) ၊ စမန်ဆာ ထရေစီ (Spencer Tracy) နဲ့ စစ်ဒနီ ပွိုက်တီးယား (Sidney Poitier) ဖြစ်ပြီး သူတို့သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို မလွတ်တမ်းအားပေးခဲ့ပါတယ်။ ဗီဇက သရုပ်ဆောင်ဝါသနာရှိပေမယ့် အခွင့်အရေးမပေးတာကြောင့် အစွမ်းမပြခဲ့ရပါဘူး။ ဒါပေမယ့် အစွမ်းပြဖို့အကြောင်းပေါ်လာတာလည်း ရယ်စရာတော့ ကောင်းပါသေးတယ်။ အထက်တန်းကျောင်းသားဘဝမှာ မော်ဂန် ဖရီးမန်းဟာ သူကြိုက်နေတဲ့ ကောင်မလေး ထိုင်လိုက်တဲ့အချိန်မှာ ကုလားထိုင်ကို ဆွဲချမိတဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့ ကျောင်းတွင်းသရုပ်ဆောင်ပြိုင်ပွဲကို ဝင်ပြိုင်ခိုင်းခဲ့ပါတယ်။ အံသြစရာကောင်းလောက်အောင်ပဲ ၁၂နှစ်အရွယ်ပဲရှိသေးတဲ့ ဖရီးမန်းဟာ ပထမဆုရရှိခဲ့ပါတယ်။ ၁၉၅၅ခုနှစ် Broad Street High School ကနေ အထက်တန်းပညာပြီးတဲ့အချိန်မှာ ဂျက်ဆင်စတိတ် တက္ကသိုလ် (Jackson State University) ကနေ ပညာသင်ဆုပေးခဲ့ပေမယ့် အမေရိကန်လေတပ် (United States Air Forces) ထဲကို ဝင်ရောက်သွားပြီး Automatic Tracking Radar Repairman အနေနဲ့ ၄နှစ်ကြာအောင် စစ်မှုထမ်းခဲ့ပါတယ်။ သူတစ်ပါးအသက်ကို ပစ်ခတ်ရတဲ့အလုပ်ကို စိတ်မပါတော့ဘဲ စစ်တပ်ကနေ ထွက်ခဲ့ပါတယ်။

စစ်တပ်မှာ အမှုထမ်းခဲ့စဉ်

စစ်တပ်မှာ အမှုထမ်းခဲ့စဉ်

၁၉၅၉ခုနှစ်မှာ ဟောလီးဝုဒ်မှာ သရုပ်ဆောင်ဖို့ လော့စ် အိမ်းဂျလိစ်မြို့ (Los Angeles) ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အနုပညာအလုပ်ကို တက်အားသရွေ့လုပ်ပေမယ့် ဆေးစက်ကျရာ အရုပ်မထင်ဖြစ်နေပြီး မအောင်မြင်ခဲ့ပါဘူး။ ထမင်းတစ်လုတ် စားဖို့ခက်ခဲလွန်းတဲ့အတွက် နယူးယောက်မြို့ကို ပြောင်းရွှေ့ရတဲ့အပြင် အိမ်းဂျလိစ်မြို့ကောလိပ် (Los Angeles City College) မှာ စာရေးနဲ့ 1964 New York World’s Fair မှာ အကသမား အလုပ်တွေကိုလည်း လုပ်ကိုင်ခဲ့ရပါတယ်။ သရုပ်ဆောင်အလုပ်ကို ပြန်လည်လုပ်ကိုင်ပြီး အစောပိုင်းရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေမှာလည်း နာမည်ကျော်ကြားတာမျိုး မရှိခဲ့ပါဘူး။

Oblivion ဇာတ်ကား

Oblivion ဇာတ်ကား

၁၉၈၇ခုနှစ်မှာ ရိုက်ကူးတဲ့ “Street Smart” ဇာတ်ကားမှာ ပရိသတ်လက်ခံလာပြီး အော်စကာဆုဆန်ကာတင် (Oscar Nomination) တောင် ဝင်ခဲ့ပါတယ်။ ၁၉၅၉ခုနှစ် (၂၂နှ) စ်အရွယ်မှာ သရုပ်ဆောင်အလုပ်ကိို စတင်ခဲ့ပေမယ့် ဇာတ်လမ်းတွေမှာ မထင်မရှားပါဝင်ရာကနေ (၂၈) နှစ်ကြာတဲ့အချိန် ၁၉၈၇ခုနှစ် ၅ဝနှစ်အရွယ်မှာ တစ်ကမ္ဘာလုံးလက်ခံလာတာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ မော်ဂန် ဖရီးမန်းဆိုတဲ့လူတစ်ယောက်ကို ကမ္ဘာကျော်မင်းသားဖြစ်ဖို့ နှစ်၃ဝလောက် ကြိုးစားခဲ့ရတယ်ဆိုရင် ဘယ်သူက ယုံမှာလဲ။ ၁၉၈၉ခုနှစ်မှာ ဖြန့်ချိတဲ့ Glory ၊ ၁၉၉၁ခုနှစ်မှာ ဖြန့်ချိတဲ့ Robin Hood: Prince of Thieves ၊ ၁၉၉၄ခုနှစ်မှာ ဖြန့်ချိတဲ့ The Shawshank Redemption ၊ ၁၉၉၅ခုနှစ်မှာ  ဖြန့်ချိတဲ့ Seven ၊ ၁၉၉၈ခုနှစ်မှာ  ဖြန့်ချိတဲ့ Deep Impact ၊ ၂ဝဝ၂ခုနှစ်မှာ  ဖြန့်ချိတဲ့ The Sum of All Fears ၊ ၂ဝဝ၃ခုနှစ်မှာ ဖြန့်ချိတဲ့ Bruce Almighty ၊ ၂ဝဝ၄ခုနှစ်မှာ  ဖြန့်ချိတဲ့ Million Dollar Baby ၊ ၂ဝဝ၅ခုနှစ်မှာ  ဖြန့်ချိတဲ့ The Dark Knight Trilogy ၊ ၂ဝဝ၉ခုနှစ်မှာ  ဖြန့်ချိတဲ့ Invictus နဲ့ ၂ဝ၁၄ခုနှစ်မှာ  ဖြန့်ချိတဲ့ Lucy ဇာတ်ကားတွေမှာ လူသိများလာပါတယ်။ မော်ဂန် ဖရီးမန်းရဲ့ အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွေကို စာရင်းတွက်ပြရမယ်ဆိုရင် ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ Street SmartDriving Miss DaisyThe Shawshank Redemption  နဲ့ Invictus ဇာတ်လမ်းတွေမှာ အော်စကာဆန်ကာတင်ဝင်ခဲ့ပြီး Million Dollar Baby ဇာတ်ကားမှာ အကောင်းဆုံးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။

The Shawshank Redemption ဇာတ်ကား

The Shawshank Redemption ဇာတ်ကား

မော်ဂန် ဖရီးမန်းရဲ့ ဘဝဇာတ်ကြောင်းကို လေ့လာပြီး ဘာကိုအတုယူလို့ရသလဲဆိုရင်

၁။ နောက်ကျပြီလား။

ကျွန်တော်တို့တွေ ကိစ္စတစ်ခုကို လုပ်လိုက်ပြီဆိုရင် ငါလုပ်တာ နောက်ကျနေပြီလား။ သူများတွေ လုပ်ပြီးကုန်ပါပြီလို့ တွေးတတ်ပါတယ်။ ဒီအတွေးက တကယ်တမ်းတော့ မှားယွင်းပါတယ်။ ကိုယ်ရူးသွပ်တဲ့ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပဲ ရှိတော့တာပါ။ အခုပဲ ကြည့် မော်ဂန် ဖရီးမန်း။ ၂၂နှစ်လောက်ကတည်းက အနုပညာလောကထဲ ဝင်လာတာ ဘာလိုပဲလုပ်လုပ် မအောင်မြင်ခဲ့ဘူး။ အသက် ၅ဝလောက်ကျမှာ ကမ္ဘာကျော်လာတာ။ အသက်ကြီးလာပြီဆိုပြီး သူ စိတ်ဓာတ်ကျမသွားဘူး။ ဆက်ကြိုးစားတယ်။ ၅ဝကျော် ၆ဝကျော် ၇ဝကျော်အထိ ဇာတ်ကားတွေ မနားမနေရိုက်လာတာ အော်စကာဆုတွေ တသီကြီးဆွတ်ခူးတုန်း။ ပြောချင်တာက ကိုယ်ရူးသွပ်တဲ့အလုပ်ကိုလုပ်မယ်ဆိုရင် နောက်ကျတယ်ဆိုတာ မရှိဘူး။

နောက်ကျနေပြီလား

နောက်ကျနေပြီလား

၂။ ကံလား ဇွဲလား။

လူတစ်ယောက်ရဲ့ အောင်မြင်မှုတစ်ခုတည်းကို ကြည့်ပြီး ဒီလူဟာ ကံကောင်းလို့ အောင်မြင်တာလား၊ ဇွဲကောင်းလို့ အောင်မြင်တာလားဆိုတာ အလွယ်တကူခွဲခြားလို့ မရဘူး။ ကျရှုံးမှုမရှိဘဲနဲ့ အောင်မြင်လာတဲ့သူဆိုတာ ကံကောင်းလို့ အောင်မြင်လာတယ်လို့ အလွယ်တကူ သက်မှတ်လို့ရပါတယ်။ အခု မော်ဂန် ဖရီးမန်းဆိုရင် အကြိမ်ကြိမ်ကျရှုံးဖူးတယ်။ စာရေးဖြစ်လိုက် အကသမားဖြစ်လိုက်နဲ့ သရုပ်ဆောင်အလုပ်ကို လုပ်ချင်လွန်းလို့ စားဝတ်နေရေးအမျိုးမျိုး ဖြေရှင်းခဲ့ရတယ်။ သူ အောင်မြင်လာတာ ကံကောင်းလို့ မဟုတ်ဖူး။ “ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်” စိတ်ဓာတ်နဲ့ မဆုတ်မနစ်ကြိုးစားခဲ့လို့။ လူတွေက ကြိုးစားလိုက်တိုင်း ကျရှုံးသွားရင် စိတ်ဓာတ်ကျတတ်ကြတယ်။ ဘယ်လောက်ကြာအောင် ကြိုးစားခဲ့သလဲ ပြန်တွက်ကြည့်လိုက်။ မော်ဂန် ဖရီးမန်းကြိုးစားခဲ့တာ ၂၈နှစ်နော်။ အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့ မရဘူး။

ကံလား ဇွဲလား

ကံလား ဇွဲလား

၃။ စိတ်ခံစားမှုနောက် လိုက်ပါ။

ဆယ်ကျော်သက်အရွယ်မှာ စစ်တပ်ထဲကို ဝင်သွားတယ်။ သူ စိတ်မပါဘူး။ ပြန်ထွက်တယ်။ တစ်စုံတစ်ယောက်ကို အားနာပြီး ကိုယ်စိတ်မပါတဲ့ အလုပ်ကို ကြိတ်မှိတ်မလုပ်လေနဲ့။ ကိုယ်ရူးသွပ်တဲ့ အလုပ်ကိုသာ စိတ်နှစ်ပြီး လုပ်ပါ။ ကိုယ် ဘာဝါသနာပါလဲ သိအောင်လုပ်။ ဝါသနာအတိုင်းသာ ကြိုးစားပါ။ အောင်မြင်ပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာက ဇွဲကို အရင်းတည်၊ ရူးသွပ်တဲ့အလုပ်ကို ဘယ်လိုပဲကျရှုံးပါစေ ကြိမ်ဖန်များစွာ ကြိုးစားလုပ်မယ်ဆိုရင် အောင်မြင်မှာသေချာပါတယ်။ ကဲ . . . မော်ဂန် ဖရီးမန်းကို အတူယူပြီးတော့ သူငယ်ချင်းတွေကို စိတ်အားတက်ကြွသွားအောင် လက်တို့ပြောလိုက်ဦးနော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com