[Zawgyi]

ဘာစီလိုနာအသင္း တိုက္စစ္မွဴးသစ္ ရွာေဖြေနတာကို ဆြာရက္ဇ္ Suarez ဘယ္လိုတံု႔ျပန္ခဲ႔သလဲ

ဘာစီလိုနာအသင္းဟာ လက္ရိွမွာ တိုက္စစ္မွဴးသစ္ရွာေဖြေနတာကို အားလံုးအသိပဲျဖစ္မွာပါ။ ဆြာရက္ဇ္ Suarez ဟာ လက္ရိွမွာ အေကာင္းဆံုးပံုစံမွာရိွေနေပမယ္႔ ဘာစီလိုနာအသင္း ကေတာ႔ တိုက္စစ္မွဴးသစ္ ရွာေဖြေနတာပဲျဖစ္ပါတယ္။ ဆြာရက္ဇ္ ဟာ ၂၀၁၄ ခုႏွစ္က ဘာစီလိုနာအသင္းကို လီဗာပူးလ္အသင္းကေန ေျပာင္းေရႊ႕လာခဲ႔သူျဖစ္ျပီး ေျခစြမ္းျပကစားေနသူပဲျဖစ္ပါတယ္။ ျပီးခဲ႔တဲ႔ El Clasio ပြဲစဥ္မွာ ဆြာရက္ဇ္ဟာ ဟက္ထရစ္သြင္းယူႏိုင္ခဲ႔သလို ဒီႏွစ္ေဘာလံုးရာသီမွာလည္း လက္ရိွအခ်ိန္ထိ ဘာစီလိုနာအသင္းအတြက္ (၁၄)ပြဲကစား (၇)ဂိုးသြင္းယူထားပါတယ္။

Suárez

Suárez

ဆြာရက္ဇ္ ဟာ ေရဒီယိုတစ္ခုနဲ႔ ျပဳလုပ္ခဲ႔တဲ႔ အင္တာဗ်ဴး အစီအစဥ္မွာ ဘာစီလိုနာအသင္း တိုက္စစ္မွဴးသစ္ ရွာေဖြေနတာကို အခုလို တံု႔ျပန္ခဲ႔ပါတယ္။ ဆြာရက္ဇ္ က ” ဘာစီလိုနာအသင္း လက္ရိွမွာ ေနာက္ထပ္တုိက္စစ္မွဴး ရွာေဖြေနတာဟာ ပံုမွန္အေနအထားပါပဲ။ က်ြန္ေတာ္႔ရဲ႕ အသက္က (၃၁)ႏွစ္ရိွေနပါျပီ ” လို႔ေျပာၾကားခဲ႔ပါတယ္။ ဆြာရက္ဇ္ ဟာ လက္ရိွအခ်ိန္ထိ ဘာစီလိုနာအသင္းအတြက္ ပြဲေပါင္း(၂၁၂)ပြဲကစားထားျပီး (၁၅၉)ဂိုးသြင္းယူထားပါတယ္။

ဆြာရက္ဇ္ ရဲ႕ ဘာစီလိုနာကစားသမား ဘ၀ေအာင္ျမင္မႈမ်ား

La Liga: 2014–15, 2015–16, 2017–18
Copa del Rey: 2014–15, 2015–16, 2016–17, 2017–18
Supercopa de España: 2016, 2018
UEFA Champions League: 2014–15
UEFA Super Cup: 2015
FIFA Club World Cup: 2015

Ref: Goal.com
Photo: Barcelona Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာအသင်း တိုက်စစ်မှူးသစ် ရှာဖွေနေတာကို ဆွာရက်ဇ် Suarez ဘယ်လိုတုံ့ပြန်ခဲ့သလဲ

ဘာစီလိုနာအသင်းဟာ လက်ရှိမှာ တိုက်စစ်မှူးသစ်ရှာဖွေနေတာကို အားလုံးအသိပဲဖြစ်မှာပါ။ ဆွာရက်ဇ် Suarez ဟာ လက်ရှိမှာ အကောင်းဆုံးပုံစံမှာရှိနေပေမယ့် ဘာစီလိုနာအသင်း ကတော့ တိုက်စစ်မှူးသစ် ရှာဖွေနေတာပဲဖြစ်ပါတယ်။ ဆွာရက်ဇ် ဟာ ၂၀၁၄ ခုနှစ်က ဘာစီလိုနာအသင်းကို လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ခြေစွမ်းပြကစားနေသူပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ El Clasio ပွဲစဉ်မှာ ဆွာရက်ဇ်ဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို ဒီနှစ်ဘောလုံးရာသီမှာလည်း လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက် (၁၄)ပွဲကစား (၇)ဂိုးသွင်းယူထားပါတယ်။

Suárez

Suárez

ဆွာရက်ဇ် ဟာ ရေဒီယိုတစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ ဘာစီလိုနာအသင်း တိုက်စစ်မှူးသစ် ရှာဖွေနေတာကို အခုလို တုံ့ပြန်ခဲ့ပါတယ်။ ဆွာရက်ဇ် က ” ဘာစီလိုနာအသင်း လက်ရှိမှာ နောက်ထပ်တိုက်စစ်မှူး ရှာဖွေနေတာဟာ ပုံမှန်အနေအထားပါပဲ။ ကျွန်တော့်ရဲ့ အသက်က (၃၁)နှစ်ရှိနေပါပြီ ” လို့ပြောကြားခဲ့ပါတယ်။ ဆွာရက်ဇ် ဟာ လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း(၂၁၂)ပွဲကစားထားပြီး (၁၅၉)ဂိုးသွင်းယူထားပါတယ်။

ဆွာရက်ဇ် ရဲ့ ဘာစီလိုနာကစားသမား ဘဝအောင်မြင်မှုများ

La Liga: 2014–15, 2015–16, 2017–18
Copa del Rey: 2014–15, 2015–16, 2016–17, 2017–18
Supercopa de España: 2016, 2018
UEFA Champions League: 2014–15
UEFA Super Cup: 2015
FIFA Club World Cup: 2015

Ref: Goal.com
Photo: Barcelona Twitter
Ko Kyue(Akhayar)
www.akhayar.com