[Zawgyi]

အသက်ငါးနှစ်အရွယ်မှာ Style Icon တစ်ယောက်ဖြစ်လာတဲ့ Prince George ရဲ့ ဖက်ရှင်များ


Prince George

Prince George


Prince George

Prince George


Prince George

Prince George


Prince George

Prince George


Prince George

Prince George


Prince George

Prince George


Prince George

Prince George


Ref:elle.com

Su Yi Htet (Akhayar)

[Unicode]

Prince George ဟာ ဗြိတိန်တော်ဝင်မိသားစုက Prince William နဲ့ Kate Middleton တို့ရဲ့သားတော်လေး ဖြစ်ပါတယ်။ အသက် ငါးနှစ်အရွယ်ပဲ ရှိသေးပေမယ့် ဖက်ရှင်ကျကျဝတ်ဆင်တတ်ပြီး သူ့ရဲ့ ချစ်စရာ အပြုအမူလေးတွေကြောင့် လူချစ်လည်း အရမ်းခံရတဲ့သူပါ။ Fashion Trendsetter လို့တောင် တင်စားခေါ်ရတဲ့ Prince George ဟာဆိုရင် ပြီးခဲ့တဲ့ သုံးရက်ကျော်က Tatler Magazine မှာ 2018 Best Dressed အဖြစ်လည်း ဖော်ပြခြင်းခံခဲ့ရပါတယ်။ အသက် ငါးနှစ်အရွယ်ပဲရှိသေးပေမယ့် Best Dressed အဖြစ်တောင် စာရင်းဝင်ခဲ့တဲ့ အရမ်းစမတ်ကျလွန်းသူလေး Prince George ရဲ့ စတိုင်လ်ကို နမူနာယူပြီး ကိုယ့်ရဲ့ သားသားလေးတွေ၊ တူလေးတွေကို ဆင်ပေးလိုက်မယ်ဆိုရင် သူတို့လေးတွေလည်း သဘောကျနေမှာ အသေအချာပါပဲ။

Prince George

Prince George

George ဟာ ပုံမှန်အားဖြင့် ကော်လာပါတဲ့ ရှပ်တွေ၊ဘောင်းဘီတိုလေးတွေနဲ့ ခြေအိတ်ရှည်တွေကို Public ထွက်တဲ့အခါ ဝတ်ဆင်လေ့ရှိပါတယ်။ ဒီစတိုင်လ်က သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ ဗြိတိန်တော်ဝင်မိသားစုတွေကြားမှာ မြင်တွေ့ရတဲ့ ပုံစံလို့ဆိုလည်း မမှားပါဘူး။ ဗြိတိန် အထက်တန်းလွှာ အသိုင်းအဝိုင်းရဲ့ ယောကျာ်းလေးတွေက အသက် ရှစ်နှစ်မတိုင်ခင်အထိ ဒီလိုစတိုင်လ်ကိုပဲ အမြဲဝတ်ကြပါတယ်။ အေးချမ်းတဲ့ ဆောင်းရာသီလို အချိန်လိုမျိုးမှာတောင်ပေါ့။

Prince George

Prince George

George က သူဝတ်နေကျပုံစံမဟုတ်တဲ့ ဘောင်းဘီရှည်ကို ပထမဆုံးအကြိမ်အနေနဲ့ ဦးလေးတော် Prince Harry နဲ့ Meghan Markle တို့ရဲ့ လက်ထပ်ပွဲမှာ ဝတ်ဆင်ခဲ့ဖူးပါတယ်။

Prince George

Prince George

George ရဲ့ မရှိမဖြစ်ဝတ်စုံထဲမှာ ရှပ်င်္ကျ ီအစင်းတွေ၊အကွက်တွေကလည်း မပါမဖြစ်ပါပဲ။
အင်္ကျ ီအစင်းထဲမှာပါတဲ့ အရောင်တစ်ရောင်ရောင်နဲ့ တွဲဖက်ပြီး ဘောင်းဘီအရောင်ကို ဝတ်လေ့ရှိပါတယ်။ ခါးပတ်လေးတွေက စမတ်ကျကျ ဖြစ်သွားဖို့ကူညီပေးတဲ့အပြင် George က ပုံမှန်အားဖြင့် Casual Wear ဝတ်တဲ့အခါ ခါးပတ်အမြဲပတ်လေ့ရှိပါတယ်။

Prince George

Prince George

Polo Shirt လေးတွေကိုလည်း ဝတ်ဆင်တတ်သူလေးပါ။

Prince George

Prince George

ဆွယ်တာလေးတွေကို အောက်က ရှပ်အင်္ကျ ီတစ်ထပ်နဲ့ တွဲစပ်တာက George ရဲ့ Style တွေထဲက တစ်ခုဖြစ်ပါတယ်။

Prince George

Prince George

ရံဖန်ရံခါလည်း ပေါ့ပေါ့ပါးပါး တီရှပ်နဲ့ ဘောင်းဘီတိုလေးတွေက ပိုပြီးချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက် ဖြစ်သွားစေပါတယ်။

Prince George

Prince George

ဘယ်လိုပဲနေနေချစ်ဖို့ကောင်းပြီး စမတ်ကျနေတဲ့ Prince George ။

Ref:elle.com

Su Yi Htet (Akhayar)