[Zawgyi]

အႀကိတ္အနယ္ကစားၿပီး သေရတစ္မွတ္စီ ခဲြယူခဲ့ၾကတဲ့ ခ်ယ္လ္ဆီးနဲ႔ လီဗာပူးလ္

ပရီးမီးယားလိဂ္ ပဲြစဥ္(၇)ရဲ႕ အေကာင္းဆုံးပဲြစဥ္ျဖစ္တဲ့ ခ်ယ္လ္ဆီးနဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ပဲြမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ အႀကိတ္အနယ္ကစားၿပီး တစ္ဂုိးစီ သေရက်ခဲ့တယ္။ ႏွစ္သင္းစလုံးက ဒီရာသီ ပရီးမီးယားလိဂ္မွာ ႐ႈံးပဲြမရွိဘဲ ေျခတက္ေနတဲ့ အသင္းေတြျဖစ္လုိ႔ ပဲြက ၿမိဳင္ဆုိင္ခဲ့သလုိ ပဲြၿပီးမွာကုိ စုိးရိမ္ေနရတဲ့ ပဲြစဥ္တစ္ခုျဖစ္ခဲ့တယ္။ ခ်ယ္လ္ဆီးအသင္းက သူတို႔ရဲ႕ အဓိက တိုက္စစ္အားျဖစ္တဲ့ ဟာဇက္ Hazard ၊ ၀ီလီယံ Willian တို႔ရဲ႕ ေတာင္ပံေတြကေနပဲ ထုိးေဖာက္ခဲ့ၿပီး ဟာဇက္ဟာ ဒီပဲြရဲ႕ အေကာင္းဆုံး ကစားသမားအျဖစ္ သတ္မွတ္ရမယ္။ သူ႔ရဲ႕ Solo Attacking ေတြက လီဗာပူးလ္ခံစစ္ကုို အခ်ိန္တိုင္း ဒုကၡေပးႏုိင္ခဲ့ၿပီး အနည္းဆုံး (၃)ေယာက္ေလာက္ ထိန္းခ်ဳပ္ခဲ့ရတယ္။

Hazard-Scores

Hazard-Scores

လီဗာပူးလ္အသင္းကလည္း MSF တိုက္စစ္အတဲြနဲ႔ ခ်ယ္လ္ဆီးဘက္ကုိ တိုက္စစ္ဆင္ခဲ့ၿပီး ဆာလာ Salah သာ ဂုိးသြင္း ေသခ်ာရင္ ပဲြအေျဖက တစ္မ်ိဳးေျပာင္းလဲသြားႏုိင္တယ္။ ခ်ယ္လ္ဆီးအသင္းရဲ႕ အဖြင့္ဂုိးကုိ (၂၅)မိနစ္မွာ ကုိဗာခ်စ္ Kovačić ခင္းေပးလုိက္တာကေန ဟာဇက္က လွလွပပ ကန္သြင္းခဲ့တာပါ။ ႏွစ္သင္းစလုံး အျပန္အလွန္ ဂုိးသြင္းခြင့္ေတြ ရခဲ့ၿပီး ကမၻာ႔ေစ်းအႀကီးဆုံး ဂုိးသမား(၂)ဦးျဖစ္တဲ့ အယ္လစ္ဆန္ Alisson ၊ ကီပါ Kepa တို႔ လက္စြမ္းျပကာကြယ္မႈေတြ လုပ္ႏုိင္ခဲ့တယ္။ လီဗာပူးလ္အသင္းရဲ႕ ေခ်ပဂုိးကေတာ့ အဆင့္အတန္းျမင့္လြန္းပါတယ္။

Sturridge-Scores-For-Liverpool

Sturridge-Scores-For-Liverpool

လူစား၀င္လာတဲ့ တိုက္စစ္မွဴး စတာရစ္ခ်္ Sturridge က (၈၉)မိနစ္မွာ ဂုိးဧရိယာ ထိပ္နားကေန လွပတဲ့ကန္ခ်က္နဲ႔ ေထာင့္ထဲကုိ ေ၀့၀ုိက္ ကန္သြင္းခဲ့တာျဖစ္ၿပီး အခုလက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဂုိးလုိ႔ေတာင္ ေျပာရမယ္။ ႏွစ္သင္းစလုံးအတြက္ ဒီရလဒ္က မွ်တတယ္လုိ႔ ေျပာရမွာျဖစ္ၿပီး ဒီပဲြရလဒ္ေၾကာင့္ မန္စီးတီးအသင္းက ဂုိးကြာျခားခ်က္နဲ႔ အမွတ္ေပးဇယား ထိပ္ဆုံးကုိ တက္လွမ္းႏုိင္ခဲ့ပါၿပီ။

Photo:Getty Images,Chelsea Twitter,Liverpool Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အကြိတ်အနယ်ကစားပြီး သရေတစ်မှတ်စီ ခွဲယူခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်

ပရီးမီးယားလိဂ် ပွဲစဉ်(၇)ရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ပွဲမှာတော့ တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ကစားပြီး တစ်ဂိုးစီ သရေကျခဲ့တယ်။ နှစ်သင်းစလုံးက ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိဘဲ ခြေတက်နေတဲ့ အသင်းတွေဖြစ်လို့ ပွဲက မြိုင်ဆိုင်ခဲ့သလို ပွဲပြီးမှာကို စိုးရိမ်နေရတဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့တယ်။ ချယ်လ်ဆီးအသင်းက သူတို့ရဲ့ အဓိက တိုက်စစ်အားဖြစ်တဲ့ ဟာဇက် Hazard ၊ ဝီလီယံ Willian တို့ရဲ့ တောင်ပံတွေကနေပဲ ထိုးဖောက်ခဲ့ပြီး ဟာဇက်ဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ရမယ်။ သူ့ရဲ့ Solo Attacking တွေက လီဗာပူးလ်ခံစစ်ကို အချိန်တိုင်း ဒုက္ခပေးနိုင်ခဲ့ပြီး အနည်းဆုံး (၃)ယောက်လောက် ထိန်းချုပ်ခဲ့ရတယ်။

Hazard-Scores

Hazard-Scores

လီဗာပူးလ်အသင်းကလည်း MSF တိုက်စစ်အတွဲနဲ့ ချယ်လ်ဆီးဘက်ကို တိုက်စစ်ဆင်ခဲ့ပြီး ဆာလာ Salah သာ ဂိုးသွင်း သေချာရင် ပွဲအဖြေက တစ်မျိုးပြောင်းလဲသွားနိုင်တယ်။ ချယ်လ်ဆီးအသင်းရဲ့ အဖွင့်ဂိုးကို (၂၅)မိနစ်မှာ ကိုဗာချစ် Kovačić ခင်းပေးလိုက်တာကနေ ဟာဇက်က လှလှပပ ကန်သွင်းခဲ့တာပါ။ နှစ်သင်းစလုံး အပြန်အလှန် ဂိုးသွင်းခွင့်တွေ ရခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမား(၂)ဦးဖြစ်တဲ့ အယ်လစ်ဆန် Alisson ၊ ကီပါ Kepa တို့ လက်စွမ်းပြကာကွယ်မှုတွေ လုပ်နိုင်ခဲ့တယ်။ လီဗာပူးလ်အသင်းရဲ့ ချေပဂိုးကတော့ အဆင့်အတန်းမြင့်လွန်းပါတယ်။

Sturridge-Scores-For-Liverpool

Sturridge-Scores-For-Liverpool

လူစားဝင်လာတဲ့ တိုက်စစ်မှူး စတာရစ်ချ် Sturridge က (၈၉)မိနစ်မှာ ဂိုးဧရိယာ ထိပ်နားကနေ လှပတဲ့ကန်ချက်နဲ့ ထောင့်ထဲကို ဝေ့ဝိုက် ကန်သွင်းခဲ့တာဖြစ်ပြီး အခုလက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးလို့တောင် ပြောရမယ်။ နှစ်သင်းစလုံးအတွက် ဒီရလဒ်က မျှတတယ်လို့ ပြောရမှာဖြစ်ပြီး ဒီပွဲရလဒ်ကြောင့် မန်စီးတီးအသင်းက ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါပြီ။

Photo:Getty Images,Chelsea Twitter,Liverpool Twitter
Naing Linn(Akhayar)
www.akhayar.com