This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အဂၤလန္ပရိသတ္ေတြရဲ႕ အာ႐ုံကုိ ညိဳ႕ငင္ဖမ္းစားခဲ့တဲ့ Presenter မိန္းမေခ်ာေလး လူ၀ီစီဂ်ံဳးစ္ Louise Jones

ၿပီးခဲ့တဲ့ၾကာသပေတးေန႔က အဂၤလန္နဲ႔ ေကာ္စတာရီကာတို႔ဟာ လိဒ္စ္ယူႏုိက္တက္အသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ Elland Road မွာ ေျခစမ္းပဲြယွဥ္ၿပိဳင္ကစားခဲ့ၾကတယ္။ ပရိသတ္ေတြ သိၾကတဲ့အတိုင္းပဲ အဂၤလန္အသငး္က ရပ္ရွ္ဖုိ႔ဒ္ Rashford ၊ ၀ဲလ္ဘတ္ Welbeck တို႔ရဲ႕ ဂုိးေတြနဲ႔အတူ ေကာ္စတာရီကာကုိ (၂-၀)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ ဒါေပမဲ့ အဲဒီပဲြမွာ အဂၤလန္ပရိသတ္ေတြ စိတ္၀င္စားခဲ့တာက ရပ္ရွ္ဖုိ႔ဒ္လည္း မဟုတ္ဘူး၊ ၀ဲလ္ဘတ္လည္း မဟုတ္ဘူး။ ပရိသတ္ေတြကုိ ညိဳ႕ငင္သြားတာက ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာနဲ႔ ပုရိသေတြအႀကိဳက္ ဆဲြေဆာင္မႈရွိတဲ့ ေကာက္ေၾကာင္းပုိင္ရွင္ ႐ုပ္သံသတင္းတင္ဆက္သူ လူ၀ီစီဂ်ံဳးစ္ Louise Jones ပါပဲ။

Emma-Louise-Jones

Emma-Louise-Jones

အဲဒီေျခစမ္းပဲြမွာ လူ၀ီစီဂ်ံဳးစ္ဟာ အဂၤလန္အသင္းရဲ႕အရံခုံတန္းေနာက္မွာ ထုိင္ေနတာျဖစ္ၿပီး သူမရဲ႕ အလွအပေၾကာင့္ ဒီပဲြကုိ ႐ုိက္ကူးေနတဲ့ ကင္မရာသမားေတာင္ သူမရဲ႕အလွမွာ ေမ်ာပါခ့ဲၿပီး လူ၀ီစီဂ်ဳံးစ္ကုိပဲ ဦးစားေပး ေဖာ္ျပခဲ့တာကေန အဂၤလန္ပရိသတ္ေတြ က သတိျပဳမိခဲ့တာပါ။ ေကာ္စတာရီကာနဲ႔ေျခစမ္းပဲြအၿပီး အဂၤလန္ပရိသတ္ေတြအခ်င္းခ်င္း ေမးခြန္းထုတ္ခဲ့တာက ဒီ နတ္မိမယ္ေလးက ဘယ္သူလဲဆုိတာပါပဲ။

Leeds-United-host-Emma-Louise-Jones

Leeds-United-host-Emma-Louise-Jones

တခ်ိဳ႕ပရိသတ္ေတြက “ဆံပင္ေရႊအုိေရာင္ပုိင္ရွင္ ေကာင္မေလးက ဘယ္သူလဲေတာ့ မသိဘူး၊ ဒါေပမဲ့ ပံုစံက အရမ္းမုိက္တယ္ကြာ”ဆုိၿပီး Twitter မွာ ေရးသားခဲ့သလုိ၊ သူမကုိ သိတဲ့ပရိသတ္တစ္ဦးကေတာ့ “အဲဒါက လိဒ္စ္အသင္းပုိင္ကြ၊ ေနာက္မွ ငါ့ကုိ မင္းတို႔ ေက်းဇူးတင္လိမ့္မယ္”လုိ႔ ေရးသားခဲ့ၾကတယ္။ တကယ္ေတာ့ လူ၀ီစီဂ်ံဳးစ္ဟာ အဂၤလန္-ေကာ္စတာရီကာပဲြအတြက္ အဂၤလန္အသင္းေနာက္ခံလူေဟာင္း ဒန္နီေမးလ္ Danny Mills နဲ႔အတူ ပဲြမတိုင္ခင္ အစီအစဥ္တင္ဆက္ခဲ့တာပါ။ သူမဟာ လိဒ္စ္ယူႏုိက္တက္အသင္းရဲ႕ ပဲြေတြမွာ ႐ုပ္သံတင္ဆက္သူအျဖစ္ ေဆာင္ရြက္ေနတာျဖစ္ၿပီး အခုမွပဲ အဂၤလန္ပရိသတ္ေတြက သတိျပဳမိခဲ့တာပဲျဖစ္ပါတယ္။

Emma-Louise-Jones-1

Emma-Louise-Jones-1

အခုဆုိရင္ လူ၀ီ၀ီဂ်ံဳးစ္ရဲ႕ သတင္းေတြက လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ျပန္႔ႏွံ႔ေနၿပီျဖစ္ၿပီး ေကာ္စတာရီကာကုိ အႏုိင္ရခဲ့တဲ့ အဂၤလန္အသင္းရဲ႕ ေအာင္ပဲြေတာင္ ေမွးမိွန္သြားသလုိျဖစ္ခဲ့ရတယ္ . . .

REF:The Sun
Photo: The Sun,Youtube
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အင်္ဂလန်ပရိသတ်တွေရဲ့ အာရုံကို ညို့ငင်ဖမ်းစားခဲ့တဲ့ Presenter မိန်းမချောလေး လူဝီစီဂျုံးစ် Louise Jones

ပြီးခဲ့တဲ့ကြာသပတေးနေ့က အင်္ဂလန်နဲ့ ကော်စတာရီကာတို့ဟာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Elland Road မှာ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ကြတယ်။ ပရိသတ်တွေ သိကြတဲ့အတိုင်းပဲ အင်္ဂလန်အသင်းက ရပ်ရှ်ဖို့ဒ် Rashford ၊ ဝဲလ်ဘတ် Welbeck တို့ရဲ့ ဂိုးတွေနဲ့အတူ ကော်စတာရီကာကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အဲဒီပွဲမှာ အင်္ဂလန်ပရိသတ်တွေ စိတ်ဝင်စားခဲ့တာက ရပ်ရှ်ဖို့ဒ်လည်း မဟုတ်ဘူး၊ ဝဲလ်ဘတ်လည်း မဟုတ်ဘူး။ ပရိသတ်တွေကို ညို့ငင်သွားတာက ချစ်စရာကောင်းတဲ့ မျက်နှာနဲ့ ပုရိသတွေအကြိုက် ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းပိုင်ရှင် ရုပ်သံသတင်းတင်ဆက်သူ လူဝီစီဂျုံးစ် Louise Jones ပါပဲ။

Emma-Louise-Jones

Emma-Louise-Jones

အဲဒီခြေစမ်းပွဲမှာ လူဝီစီဂျုံးစ်ဟာ အင်္ဂလန်အသင်းရဲ့အရံခုံတန်းနောက်မှာ ထိုင်နေတာဖြစ်ပြီး သူမရဲ့ အလှအပကြောင့် ဒီပွဲကို ရိုက်ကူးနေတဲ့ ကင်မရာသမားတောင် သူမရဲ့အလှမှာ မျောပါခဲ့ပြီး လူဝီစီဂျုံးစ်ကိုပဲ ဦးစားပေး ဖော်ပြခဲ့တာကနေ အင်္ဂလန်ပရိသတ်တွေ က သတိပြုမိခဲ့တာပါ။ ကော်စတာရီကာနဲ့ခြေစမ်းပွဲအပြီး အင်္ဂလန်ပရိသတ်တွေအချင်းချင်း မေးခွန်းထုတ်ခဲ့တာက ဒီ နတ်မိမယ်လေးက ဘယ်သူလဲဆိုတာပါပဲ။

Leeds-United-host-Emma-Louise-Jones

Leeds-United-host-Emma-Louise-Jones

တချို့ပရိသတ်တွေက “ဆံပင်ရွှေအိုရောင်ပိုင်ရှင် ကောင်မလေးက ဘယ်သူလဲတော့ မသိဘူး၊ ဒါပေမဲ့ ပုံစံက အရမ်းမိုက်တယ်ကွာ”ဆိုပြီး Twitter မှာ ရေးသားခဲ့သလို၊ သူမကို သိတဲ့ပရိသတ်တစ်ဦးကတော့ “အဲဒါက လိဒ်စ်အသင်းပိုင်ကွ၊ နောက်မှ ငါ့ကို မင်းတို့ ကျေးဇူးတင်လိမ့်မယ်”လို့ ရေးသားခဲ့ကြတယ်။ တကယ်တော့ လူဝီစီဂျုံးစ်ဟာ အင်္ဂလန်-ကော်စတာရီကာပွဲအတွက် အင်္ဂလန်အသင်းနောက်ခံလူဟောင်း ဒန်နီမေးလ် Danny Mills နဲ့အတူ ပွဲမတိုင်ခင် အစီအစဉ်တင်ဆက်ခဲ့တာပါ။ သူမဟာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ပွဲတွေမှာ ရုပ်သံတင်ဆက်သူအဖြစ် ဆောင်ရွက်နေတာဖြစ်ပြီး အခုမှပဲ အင်္ဂလန်ပရိသတ်တွေက သတိပြုမိခဲ့တာပဲဖြစ်ပါတယ်။

Emma-Louise-Jones-1

Emma-Louise-Jones-1

အခုဆိုရင် လူဝီဝီဂျုံးစ်ရဲ့ သတင်းတွေက လူမှုကွန်ရက်စာမျက်နှာထက်မှာ ပြန့်နှံ့နေပြီဖြစ်ပြီး ကော်စတာရီကာကို အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ အောင်ပွဲတောင် မှေးမှိန်သွားသလိုဖြစ်ခဲ့ရတယ် . . .

REF:The Sun
Photo: The Sun,Youtube
Naing Linn(Akhayar)
www.akhayar.com