[ZawGyi]

ေခါင္းမာတဲ႔ကေလးေတြက သူေဌးျဖစ္တာမ်ားေၾကာင္းေလ႔လာေတြ႔ရွိ

“ဒီေကာင္ေလး ေပကပ္ကပ္နဲ႔ ေျပာလုိ႔ဆုိလုိ႔ကိုမရဘူး ေခါင္းမာလုိက္တာ”လုိ႔ ခဏခဏေျပာဆုိခံရျပီးလူၾကီးေတြကို စိတ္ညစ္ေစခဲ႔တဲ႔အေမ႔ရဲ႕ဒုကၡအိုးေလးေတြက အသက္ၾကီးလာခ်ိန္မွာဝင္ေငြပိုေကာင္းျပီး ပိုေအာင္ျမင္ၾကတယ္လုိ႔ ေလ႔လာေတြ႔ရွိရပါတယ္တဲ႔။ ဘာေၾကာင္႔လဲဆုိေတာ႔ ေခါင္းမာတဲ႔ကေလးေတြမွာ အားသာခ်က္ေတြရွိေနၾကလုိ႔ပါ။ ေျပာတဲ႔အတိုင္းမလုပ္ ေျပာရဆုိရခက္တဲ႔သူတုိ႔ေလးေတြက သူတုိ႔စိတ္ကုိသူတုိ႔သိၾကတယ္။ လုပ္ခ်င္တဲ႔အရာတစ္ခုကို စြဲစြဲျမဲျမဲလုပ္ေနတတ္ၾကတယ္။ ျငင္းပယ္ျခင္းဆုိတာ သူတို႔အတြက္မခက္ခဲဘူး။ ဒီလုိျငင္းပယ္တတ္ျခင္းကလည္း အသက္ၾကီးလာခ်ိန္ အလုပ္ေတြလုပ္ရခ်ိန္မွာ လိုအပ္တဲ႔အရာျဖစ္လာပါတယ္။ သူတုိ႔ကိုေျပာဆုိထိန္းေက်ာင္းရတာနည္းနည္းေတာ႔ခက္တယ္ဆုိေပမယ္႔ ေခါင္းမာသူေတြဟာ သူတုိ႔စိတ္ဝင္စားတဲ႔အရာကို မဆုတ္မနစ္လုပ္တတ္ၾကတာေၾကာင္႔ တစ္ခုခုမွာ ထူးခၽြန္ေနတတ္ပါတယ္။

Developmental Psychology Journal မွာေဖာ္ျပခ်က္ေတြအရ စည္းမ်ဥ္းစည္းကမ္းေတြကိုခ်ိဳးေဖာက္တတ္သူ၊ ေခါင္းမာသူေတြဟာ အသက္ၾကီးလာခ်ိန္မွာ ဝင္ေငြေကာင္းတယ္လုိ႔ ေလ႔လာေတြ႔ရွိရပါတယ္တဲ႔။ သုေတသနပညာရွင္ေတြဟာ အသက္ ၈ ႏွစ္မွ ၂၀ အတြင္းမွာရွိတဲ႔ လူေပါင္း ၇၀၀ ကိုစစ္တမ္းေကာက္ေလ႔လာခဲ႔ၾကတာျဖစ္ျပီး ၁၉၆၈ ခုနစ္မွာစတင္ခဲ႔တဲ႔ MAGRIP ရဲ႕ ေလ႔လာခ်က္ထဲက Data ေတြကို အသံုးျပဳခဲ႔တာျဖစ္ပါတယ္။

အဓိကအားျဖင္႔ အသက္ ၈ ႏွစ္နဲ႔ ၁၂ ႏွစ္အတြင္းမွာရွိတဲ႔ကေလးေတြထဲက ေျပာသမွ်နားေထာင္သူ၊ တာဝန္သိ တာဝန္ေက်သူ၊ စည္းကမ္းေတြကိုဖီဆန္တတ္သူစတဲ႔ကိုယ္ရည္ကိုယ္ေသြးဆုိင္ရာ ဥာဥ္ေတြကိုေလ႔လာခဲ႔တာျဖစ္ပါတယ္။ ႏွစ္ ၄၀ ၾကာသြားခ်ိန္မွာ သူတုိ႔ေလးေတြရဲ႕လက္ရွိအေနအထားကိုျပန္ၾကည္႔တဲ႔အခါ ေခါင္းမာသူေတြဟာ ပညာေရးမွာေတာ္ျပီး ဝင္ေငြေကာင္းသူေတြျဖစ္ေနၾကတယ္လုိ႔ဆုိပါတယ္။ သူတုိ႔ေတြဟာ ယံုၾကည္ရာကိုတစ္စိုက္မတ္မတ္လုပ္ေဆာင္တတ္ၾကတာေၾကာင္႔ပါ။
တစ္ဖက္ကဆုိရင္ ေခါင္းမာတဲ႔ကေလးေတြဟာ ဘယ္လုိျငင္းဆန္ရမလဲဆုိတာေကာင္းေကာင္းသိသူေတြမို႔ အလုပ္ေရြးခ်ယ္ရာမွာလည္းအားသာခ်က္ရွိပါတယ္။ အလုပ္နဲ႔ပတ္သက္ရင္တန္ရာတန္ေၾကးမရမခ်င္း ေခါင္းမာမာနဲ႔တင္းခံေနတတ္သူေတြျဖစ္တာေၾကာင္႔ သူတုိ႔အလုပ္တကယ္လုပ္တဲ႔အခါ အျခားသူေတြထက္ဝင္ေငြပိုေကာင္းေနရတာျဖစ္တယ္လို႔ ေျပာရမွာပါ။ လိုက္ေလ်ာညီေထြေနတတ္ အမိန္႔နာခံတတ္သူေတြကေတာ႔ သူတုိ႔ရဲ႕ရိုက်ိဳးတတ္တဲ႔စိတ္အရင္းခံေၾကာင္႔ လစာနည္းတဲ႔အလုပ္ကိုလည္းပဲ လက္ခံတတ္ၾကတဲ႔သေဘာပါ။ သူတုိ႔ေတြရဲ႕ လိုက္ေလ်ာတတ္ျခင္း၊ မျငင္းဆန္တတ္ျခင္းေတြနဲ႔လည္းဆုိင္ပါတယ္။ ဒီေလ႔လာခ်က္မွာ သူတုိ႔ရဲ႕ ဘဝေရြးခ်ယ္မႈနဲ႔ Career ေရြးခ်ယ္မႈကိုေတာ႔ မေဖာ္ျပထားပါဘူး။ ဒီလိုမခြဲျခားထားေပမယ္႔ ေခါင္းမာတဲ႔သူေတြဟာ သူတုိ႔ရဲ႕ကိုယ္ပိုင္ေရြးခ်ယ္မႈကို တန္ဖိုးထားျပီး ေအာင္ျမင္ေအာင္လုပ္ေဆာင္ႏိုင္ၾကတယ္လုိ႔ဆုိပါတယ္။

ဒါေၾကာင္႔ ေခါင္းမာတဲ႔ကေလးေတြကိုပိုင္ဆုိင္ထားရရင္လည္းစိတ္မညစ္ဘဲ သူတို႔ရဲ႕အားသာခ်က္ကိုသိရွိျပီးျပဳစုပ်ိဳးေထာင္သင္႔ပါတယ္။ ေခါင္းမာျခင္းရဲ႕ဒီလုိေကာင္းကြက္ေတြလည္းရွိသလို ဆုိးကြက္ေတြလည္းရွိတာမုိ႔ အေကာင္းဆံုးကေတာ႔ ကေလးရဲ႕စိတ္ခံစားမႈပိုင္း၊ အျပဳအမူပိုင္းဆုိင္ရာကိုေသေသခ်ာခ်ာေလ႔လာျပီး အသင္႔ေတာ္ဆံုးနည္းလမ္းနဲ႔ထိန္းေက်ာင္းတတ္ဖုိ႔ပါပဲ။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

ခေါင်းမာတဲ့ကလေးတွေက သူဌေးဖြစ်တာများကြောင်းလေ့လာတွေ့ရှိ

“ဒီကောင်လေး ပေကပ်ကပ်နဲ့ ပြောလို့ဆိုလို့ကိုမရဘူး ခေါင်းမာလိုက်တာ”လို့ ခဏခဏပြောဆိုခံရပြီးလူကြီးတွေကို စိတ်ညစ်စေခဲ့တဲ့အမေ့ရဲ့ဒုက္ခအိုးလေးတွေက အသက်ကြီးလာချိန်မှာဝင်ငွေပိုကောင်းပြီး ပိုအောင်မြင်ကြတယ်လို့ လေ့လာတွေ့ရှိရပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ခေါင်းမာတဲ့ကလေးတွေမှာ အားသာချက်တွေရှိနေကြလို့ပါ။ ပြောတဲ့အတိုင်းမလုပ် ပြောရဆိုရခက်တဲ့သူတို့လေးတွေက သူတို့စိတ်ကိုသူတို့သိကြတယ်။ လုပ်ချင်တဲ့အရာတစ်ခုကို စွဲစွဲမြဲမြဲလုပ်နေတတ်ကြတယ်။ ငြင်းပယ်ခြင်းဆိုတာ သူတို့အတွက်မခက်ခဲဘူး။ ဒီလိုငြင်းပယ်တတ်ခြင်းကလည်း အသက်ကြီးလာချိန် အလုပ်တွေလုပ်ရချိန်မှာ လိုအပ်တဲ့အရာဖြစ်လာပါတယ်။ သူတို့ကိုပြောဆိုထိန်းကျောင်းရတာနည်းနည်းတော့ခက်တယ်ဆိုပေမယ့် ခေါင်းမာသူတွေဟာ သူတို့စိတ်ဝင်စားတဲ့အရာကို မဆုတ်မနစ်လုပ်တတ်ကြတာကြောင့် တစ်ခုခုမှာ ထူးချွန်နေတတ်ပါတယ်။

Developmental Psychology Journal မှာဖော်ပြချက်တွေအရ စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်တတ်သူ၊ ခေါင်းမာသူတွေဟာ အသက်ကြီးလာချိန်မှာ ဝင်ငွေကောင်းတယ်လို့ လေ့လာတွေ့ရှိရပါတယ်တဲ့။ သုတေသနပညာရှင်တွေဟာ အသက် ၈ နှစ်မှ ၂၀ အတွင်းမှာရှိတဲ့ လူပေါင်း ၇၀၀ ကိုစစ်တမ်းကောက်လေ့လာခဲ့ကြတာဖြစ်ပြီး ၁၉၆၈ ခုနစ်မှာစတင်ခဲ့တဲ့ MAGRIP ရဲ့ လေ့လာချက်ထဲက Data တွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

အဓိကအားဖြင့် အသက် ၈ နှစ်နဲ့ ၁၂ နှစ်အတွင်းမှာရှိတဲ့ကလေးတွေထဲက ပြောသမျှနားထောင်သူ၊ တာဝန်သိ တာဝန်ကျေသူ၊ စည်းကမ်းတွေကိုဖီဆန်တတ်သူစတဲ့ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဉာဉ်တွေကိုလေ့လာခဲ့တာဖြစ်ပါတယ်။ နှစ် ၄၀ ကြာသွားချိန်မှာ သူတို့လေးတွေရဲ့လက်ရှိအနေအထားကိုပြန်ကြည့်တဲ့အခါ ခေါင်းမာသူတွေဟာ ပညာရေးမှာတော်ပြီး ဝင်ငွေကောင်းသူတွေဖြစ်နေကြတယ်လို့ဆိုပါတယ်။ သူတို့တွေဟာ ယုံကြည်ရာကိုတစ်စိုက်မတ်မတ်လုပ်ဆောင်တတ်ကြတာကြောင့်ပါ။
တစ်ဖက်ကဆိုရင် ခေါင်းမာတဲ့ကလေးတွေဟာ ဘယ်လိုငြင်းဆန်ရမလဲဆိုတာကောင်းကောင်းသိသူတွေမို့ အလုပ်ရွေးချယ်ရာမှာလည်းအားသာချက်ရှိပါတယ်။ အလုပ်နဲ့ပတ်သက်ရင်တန်ရာတန်ကြေးမရမချင်း ခေါင်းမာမာနဲ့တင်းခံနေတတ်သူတွေဖြစ်တာကြောင့် သူတို့အလုပ်တကယ်လုပ်တဲ့အခါ အခြားသူတွေထက်ဝင်ငွေပိုကောင်းနေရတာဖြစ်တယ်လို့ ပြောရမှာပါ။ လိုက်လျောညီထွေနေတတ် အမိန့်နာခံတတ်သူတွေကတော့ သူတို့ရဲ့ရိုကျိုးတတ်တဲ့စိတ်အရင်းခံကြောင့် လစာနည်းတဲ့အလုပ်ကိုလည်းပဲ လက်ခံတတ်ကြတဲ့သဘောပါ။ သူတို့တွေရဲ့ လိုက်လျောတတ်ခြင်း၊ မငြင်းဆန်တတ်ခြင်းတွေနဲ့လည်းဆိုင်ပါတယ်။ ဒီလေ့လာချက်မှာ သူတို့ရဲ့ ဘဝရွေးချယ်မှုနဲ့ Career ရွေးချယ်မှုကိုတော့ မဖော်ပြထားပါဘူး။ ဒီလိုမခွဲခြားထားပေမယ့် ခေါင်းမာတဲ့သူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုကို တန်ဖိုးထားပြီး အောင်မြင်အောင်လုပ်ဆောင်နိုင်ကြတယ်လို့ဆိုပါတယ်။

ဒါကြောင့် ခေါင်းမာတဲ့ကလေးတွေကိုပိုင်ဆိုင်ထားရရင်လည်းစိတ်မညစ်ဘဲ သူတို့ရဲ့အားသာချက်ကိုသိရှိပြီးပြုစုပျိုးထောင်သင့်ပါတယ်။ ခေါင်းမာခြင်းရဲ့ဒီလိုကောင်းကွက်တွေလည်းရှိသလို ဆိုးကွက်တွေလည်းရှိတာမို့ အကောင်းဆုံးကတော့ ကလေးရဲ့စိတ်ခံစားမှုပိုင်း၊ အပြုအမူပိုင်းဆိုင်ရာကိုသေသေချာချာလေ့လာပြီး အသင့်တော်ဆုံးနည်းလမ်းနဲ့ထိန်းကျောင်းတတ်ဖို့ပါပဲ။

ဂျူဂျူး(Akhayar)

www.akhayar.com